
လီဗာပူးလ်အသင်း၏ ၂၀၁၅-၁၆ ရာသီအတွက် အကောင်းဆုံးဆုပေးပွဲတွင် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုက ဆု(၄)ခုအထိ ရရှိခဲ့ကြောင်း သိရှိရသည်။
ကော်တင်ဟိုသည် ပရိသတ်များရွေးချယ်သော အကောင်းဆုံးဘောလုံးသမားဆု၊ အသင်းဖော်များရွေးချယ်သော အကောင်းဆုံးဘောလုံးသမားဆု၊ မန်ယူနှင့် ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်မှ သွင်းဂိုးအတွက် အကောင်းဆုံးသွင်းဂိုးဆု၊ မန်စီးတီးနှင့်ပွဲမှ ခြေစွမ်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ဆုများကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
အကောင်းဆုံးလူငယ်ကစားသမားဆုကိုမူ ဂျာမနီကွင်းလယ်ကစားသမား အမ်မရီချန်က ရရှိခဲ့ကြောင်းလည်း သိရှိရသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်