
သာမန်ပွဲကစားချိန် ပြီးဆုံးလို့ အချိန်ပိုကစားခဲ့ပြီးတဲ့နောက် ပေါ်တူဂီအသင်းက တိုက်စစ်မှူး အီဒါရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အိမ်ရှင်ပြင်သစ်ကို အနိုင်ရရှိ သွားပါတယ်။ ပေါ်တူဂီအသင်း တိုက်စစ်ကစားသမားလည်းဖြစ် အသင်းခေါင်း ဆောင်လည်းဖြစ်တဲ့ ရော်နယ်ဒိုက ပထမပိုင်းမှာ ထွက်သွားခဲ့ရပေမယ့် ပေါ်တူဂီ အသင်းက ခံစစ်အသားပေး ကစားသွားပြီး အနိုင်ရသွားတာဖြစ်ပါတယ်။









