မြူးနစ်− ဘိုင်ယန်မြူးနစ်အသင်း သည် စံချိန်တင်လေးနှစ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဖလားကို ရရှိခဲ့ပြီး ပီအက်စ်ဗီ အသင်းသည်လည်း နယ်သာလန်လိဂ်ဖလားကို ထပ်မံရရှိခဲ့သည်။ သို့သော် စပိန်တွင် အဓိက ပြိုင်ဘက်များဖြစ်သော ဘာကာနှင့် ရီးရဲလ်တို့၌ လောလောဆယ် ဘာကာက အသာစီးရထားသော်လည်း ရီးရဲလ်က အမီလိုက်နိုင်သေး၍ နှစ်သင်းစလုံး နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။
ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ ရာထူးမှ နုတ်ထွက်မည်
ဘောလုံးလောကမှ ခြောက်နှစ်ကြာ ပိတ်ပင်ခံရမှု ရင် ဆိုင်ရပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌပလာတီနီ ရာထူး မှ နုတ်ထွက်မည်ဖြစ်သည်။
အားကစားဆိုင်ရာ အငြင်း ပွားမှု ဖြေရှင်းရေးရုံး (CAS) က ဖီဖာ၏ ခြောက်နှစ် ပြစ်ဒဏ်ကို လေးနှစ်အထိသာ လျှော့ချပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်ထွက် ပေါ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည်ဟု ပြောကြားသည်။
မေဝဲလ်သာ နောက်တစ်ပွဲ ထပ်မံ ထိုးသတ်ရန် နီးစပ်နေ
လက်ဝှေ့သမားဘဝက အနားယူပြီလို့ ကြေညာထားတဲ့ ရှုံးပွဲမရှိစံချိန်သမား မေဝဲလ်သာက ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး နောက်ထပ်တစ်ပွဲ ထိုးသတ်ဖို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ မေဝဲလ်သာရဲ့ ပြိုင်ဘက်ဟာ လက်ဝှေ့သမားစစ်စစ် တစ်ဦးမဟုတ်ဘဲ MMA တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာမှာပါ။ ပက်ကွီယိုကို နောက်ဆုံးပွဲမှာ အနိုင်ယူပြီး ကြိးဝိုင်းထဲကနေ ပျောက်ကွယ်နေတဲ့ မေဝဲလ်သာနဲ့ တိုက်ခိုက်ရေးသမား မက်ဂရီဂါတို့ အတွက် အထူးပွဲတစ်ပွဲကို နှစ်ဖက်တာယန်ရှိသူတွေ ကြိတ်ပြီး စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။
လက်စတာဘောလုံးသမား တစ်ဦးလျှင် မာစီးဒီးကားတစ်စီးရမည်
လက်စတာစီးတီးအသင်း ယခုနှစ်ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြင်းကြောင့် အသင်းပိုင်ရှင် ထိုင်းလူမျိုးသူဌေးကြီး ၀ီချိုင်ဆိရိဗက်ဟန်နာပရာဘာ က ဘောလုံးသမား ၃၀ ဦးအား မာစီးဒီးကားတစ်စီးစီ ဆုချီးမြှင့်မည်ဖြစ်သည်။
တန်ဖိုး စတာလင်ပေါင် ၃၂,၆၇၀တန်ကြေးရှိ မာစီးဒီး B.class လျှပ်စစ်ကားတစ်စီးကို လက်စတာ ဘောလုံးသမားများအား ဆုချီးမြှင့်မည်ဖြစ်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၀ီချိုင်အနေဖြင့် ပေါင်တစ်သန်းခန့်ကုန်ကျ မည်ဖြစ်သည်။
အိုလံပစ်မီးရှူးတိုင် ဘရာဇီးကို ရောက်ရှိ
အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပမယ့် ဘရာဇီးနိုင်ငံကို အိုလံပစ်မီးရှူးတိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဂရိနိုင်ငံမှ စတင် သယ်ဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ ဘရာဇီးကို ရောက်ရှိခဲ့ပါတယ်။
အိုလံပစ်မီးရှူးတိုင်ကို သမ္မတ ဒီလ်မာ ရူဆပ်ဖ်က မီးထွန်းညှိပေးခဲ့ပြီး ဘရာဇီးနိုင်ငံတစ်ဝန်း အပြေးသမား ၁၂,၀၀၀ က လက်ဆင့်ကမ်း သယ်ဆောင်သွားမှာပါ။ ဘရာဇီး အိုလံပစ် အားကစားပြိုင်ပွဲတွေကို သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
တံတောင်နှင့် တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် ၃ ပွဲပယ်ခံရ
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာ အသင်း နောက်ခံလူ ရောဘတ်ဟုသ်တို့ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ချယ်လ်ဆီးနှင့် စပါးကို အက်ဖ်အေတရားစွဲဆို
ချယ်လ်ဆီးနှင့် စပါးအသင်းတို့သည် တနင်္လာနေ့ကကစားခဲ့သော နှစ်ဂိုးစီသရေကျ ခဲ့သည့် ပွဲအပြီးနှင့် ကစားနေစဉ်အတွင်း ၎င်းတို့၏ ကစားသမားများနှင့် အသင်းအရာရှိများကို ထိန်းချုပ်ရန် ပျက်ကွက်မှုစွဲချက် သုံးခုဖြင့် အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ်က နှစ်သင်းစလုံးအား တရားစွဲဆိုလိုက်သည်။
စပါးကွင်းလယ်လူ ဒမ်ဘီလီ ကိုလည်း ပွဲအချိန်အတွင်း ကြမ်း တမ်းသော လုပ်ရပ်အတွက် စွဲ ချက်တင်လိုက်သည်။
အိမ်ကွင်းအားကိုးဖြင့် ဗီလာရီးရဲလ်ကို ကျော်ဖြတ်ရန် လီဗာပူးမျှော်လင့်
လီဗာပူးသည် ယနေ့ညတွင် အန်းဖီးလ်ကွင်း၌ ကစားမည့် ဗီလာရီးရဲလ်နှင့် ယူရိုပါလိဂ် ဒုအကျော့တွင် အိမ်ကွင်း အားသာချက် အားကိုးမည်ဖြစ်သည်။ ပထမအကျော့က ဗီလာရီးရဲလ်ကွင်းတွင် စည်းကမ်းအပြည့် ကစားခဲ့သော လီဗာပူးသည် ပွဲ ပြီးခါနီး၌ အက်ဒနီယန်လိုပဇ်စ်၏ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ပရီးမီးယားလိဂ်ကို လက်စတာဗိုလ်စွဲမှုမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ရန် ခက်ခဲဟု ရာနီရေရီ ပြော
မေ ၄၊ လက်စတာ
လက်စတာအသင်း ချန်ပီယံဖြစ်ပြီးနောက် အင်္ဂလန်၏ ချမ်းသာသောကလပ်များသည် ပရီးမီးယားလိဂ်ကို နှစ် ၂၀ ခန့် လွှမ်းမိုးထားလိမ့်မည်ဟု နည်းပြ ရာနီရေရီက ပြောသည်။
ပေါင် ၅၇ သန်းသာတန်ဖိုးရှိသည့် လက်စတာအသင်းလူစာရင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတစ်ဝက်လောက်မှ အသင်းတိုင်းထက် တန်ဖိုးနည်းလွန်းသည့် ပမာဏဖြစ်သည်။
မန်ချက်စတာစီးတီးကိုနိုင်ပြီး ရီးယဲယ်မက်ဒရစ်ဖိုင်နယ်တက်”
“ရီးယဲယ်မက်ဒရစ် 1 – 0 မန်ချက်စတာစီးတီး”
ညပိုင်းမှာကစားတဲ့ ရီးယဲယ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲမှာ ၁၀ကြိမ်ချန်ပီယံ ရီးယဲယ်မက်ဒရစ်က ပထမပိုင်းမှာသွင်းတဲ့ တစ်လုံးတည်သေားဂိုးနဲ့ဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ရီးယဲယ်အသင်းမှာ ဘန်ဇီမာဒဏ်ရာက မသက်လို့ မပါနိုင်ပေမယ့် ရော်နယ်လ်ဒိုပြန်ပါလာခဲ့သလို မန်ချက်စတာစီးတီးဖက်မှာလည်း ယာယာတိုရေးပါဝင်ခဲ့ပါတယ်။