
ဥရောပစူပါဖလားကို ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာ အသင်းတို့ ယှဉ်ပြိုင် ကစားကြရာမှာ မိနစ်(၉၀)အတွင်း (၂-၂)ဂိုး သရေကျပြီး အချိန်ပိုမှာ ရီးယဲလ်မက်ဒရစ်အသင်းက အနိုင်ဂိုး သွင်းယူကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။
စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ တိုနီကရူးစ်၊ ပီပီ အစရှိတဲ့ အဓိက ကစားသမားတွေ မပါဝင်တဲ့ ရီးယဲလ်အသင်းကို ဆီဗီလာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ရီးယဲလ်အသင်းက အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။









