
မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မန်စီးတီးအသင်းနဲ့ မိုချမ်ဂလာဘတ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်း လိုက်ပြီး ဗုဒ္ဓဟူးနေ့ညမှာ ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ မန်ချက်စတာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကွင်းမျက်နှာပြင်ဟာ ဘောလုံး ကစားလို့ မရဖြစ်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယနေ့ပွဲစဉ်တွေ ကစားမယ့် နေ့မှာပဲ တပေါင်းတည်း ပါဝင်ကစားမှာဖြစ်ပြီး ပုံမှန်အတိုင်း မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် နံနက် ၁း၁၅ မှာ စတင်မှာ ဖြစ်ပါတယ်။












