
မြန်မာအသင်းဟာ ဗိုလ်လုပွဲကိုတက်ဖို့ မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို အနိုင်ရဖို့ ကြိုးစားမယ်လို့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောထားပါတယ်။ 7Day Daily ရဲ့ ဖော်ပြချက်အရ နောက်ဆုံးပွဲစဉ်မှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘောလုံးပွဲဆိုတာ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ယူ ၁၉ နည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောထားပါတယ်။









