ေသနတ္ဝယ္ ယူ ခြင့္ လိုင္စင္မ်ားဆိုင္းငံ့ရန္ ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ

ေသနတ္ဝယ္ယူခြင့္လိုင္စင္မ်ားဆိုင္းငံ့ရန္ ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ
========================
ထိုင္းဝန္ႀကီးခ်ဳပ္ က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ လက္နက္ထိန္းခ်ဳပ္ေရးစနစ္ကို တင္းက်ပ္လိုက္ၿပီး ေသနတ္ဝယ္ယူခြင့္ လိုင္စင္ထုတ္ေပးတာေတြကို ဆိုင္းငံ့ကာ တရားမဝင္လက္နက္ေတြနဲ႔ ေမွာင္ခိုလက္နက္ေတြကို အေရးေပၚနဲ႔ေရရွည္စီမံကိန္းခ်မွတ္ၿပီး ႏွိမ္နင္းဖို႔ ဩဂုတ္လ ၁၁ ရက္မွာၫႊန္ၾကားလိုက္ပါတယ္။

အစိုးရအဖြဲ႕ရဲ႕ အစည္းအေဝးအတြင္း ဝန္ႀကီးခ်ဳပ္က လက္နက္ထိန္းခ်ဳပ္ေရးစနစ္ရဲ႕ဟာကြက္ေတြကိုပိတ္ဆို႔ဖို႔နဲ႔ မကိုင္ေဆာင္သင့္သူေတြလက္ထဲကို ေသနတ္မေရာက္ေစဖို႔အတြက္ ဌာနဆိုင္ရာအသီးသီး ေပါင္းစပ္ေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းခဲ့တယ္လို႔ အစိုးရအဖြဲ႕မွေျပာေရးဆိုခြင့္ရွိသူ ရာခ်ာဒါကေျပာပါတယ္။

လက္ရွိလိုင္စင္နဲ႔ ေသနတ္ဝယ္ထားသူေတြအေနနဲ႔ အစိုးရအဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္ ထြက္ရွိသည့္ေန႔မွစၿပီး ရက္ ၃၀ အတြင္း ေသနတ္ကိုင္ေဆာင္ခြင့္လိုင္စင္ ေလွ်ာက္ထားရမွာျဖစ္ၿပီး သို႔မဟုတ္ပါက တရားမဝင္ လက္နက္ကိုင္ေဆာင္မႈအျဖစ္ သတ္မွတ္ခံရမယ္လို႔လည္း ဆိုပါတယ္။

ေရရွည္စီမံကိန္းအျဖစ္ လက္နက္ဥပေဒျပင္ဆင္ခ်က္ကို ရက္ ၆၀ အတြင္းေရးဆြဲမွာျဖစ္ၿပီး လက္နက္ကိုင္ေဆာင္ခြင့္လိုင္စင္ကို ၃ ႏွစ္တစ္ႀကိမ္ သက္တမ္းတိုးရမယ့္စနစ္နဲ႔ ျပစ္ဒဏ္ႀကီးေလးစြာသတ္မွတ္မယ့္ စည္းကမ္းေတြကို ထည့္သြင္းသြားမွာျဖစ္တယ္လို႔သိရပါတယ္။

Ref: Xinhua


သေနတ်ဝယ်ယူခွင့်လိုင်စင်များဆိုင်းငံ့ရန် ထိုင်းဝန်ကြီးချုပ်ပြော
========================
ထိုင်းဝန်ကြီးချုပ် က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ထိန်းချုပ်ရေးစနစ်ကို တင်းကျပ်လိုက်ပြီး သေနတ်ဝယ်ယူခွင့် လိုင်စင်ထုတ်ပေးတာတွေကို ဆိုင်းငံ့ကာ တရားမဝင်လက်နက်တွေနဲ့ မှောင်ခိုလက်နက်တွေကို အရေးပေါ်နဲ့ရေရှည်စီမံကိန်းချမှတ်ပြီး နှိမ်နင်းဖို့ ဩဂုတ်လ ၁၁ ရက်မှာညွှန်ကြားလိုက်ပါတယ်။

အစိုးရအဖွဲ့ရဲ့ အစည်းအဝေးအတွင်း ဝန်ကြီးချုပ်က လက်နက်ထိန်းချုပ်ရေးစနစ်ရဲ့ဟာကွက်တွေကိုပိတ်ဆို့ဖို့နဲ့ မကိုင်ဆောင်သင့်သူတွေလက်ထဲကို သေနတ်မရောက်စေဖို့အတွက် ဌာနဆိုင်ရာအသီးသီး ပေါင်းစပ်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ရာချာဒါကပြောပါတယ်။

လက်ရှိလိုင်စင်နဲ့ သေနတ်ဝယ်ထားသူတွေအနေနဲ့ အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက် ထွက်ရှိသည့်နေ့မှစပြီး ရက် ၃၀ အတွင်း သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားရမှာဖြစ်ပြီး သို့မဟုတ်ပါက တရားမဝင် လက်နက်ကိုင်ဆောင်မှုအဖြစ် သတ်မှတ်ခံရမယ်လို့လည်း ဆိုပါတယ်။

ရေရှည်စီမံကိန်းအဖြစ် လက်နက်ဥပဒေပြင်ဆင်ချက်ကို ရက် ၆၀ အတွင်းရေးဆွဲမှာဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ကို ၃ နှစ်တစ်ကြိမ် သက်တမ်းတိုးရမယ့်စနစ်နဲ့ ပြစ်ဒဏ်ကြီးလေးစွာသတ်မှတ်မယ့် စည်းကမ်းတွေကို ထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

Ref: Xinhua