ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများကို ကွင်းအတွင်းဝင်ရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် သတ်မှတ်ထားသော အထူးကတ်ပြားများရှိမှသာ ကြည့်ခွင့်ရမည် ဖြစ်ကြောင်း ဂရိအားကစားဒုတိယ၀န်ကြီး ကွန်တိုနစ်က ကြေညာခဲ့သည်။
ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများ၏ ပရိသတ်အကြမ်းဖက်တိုက်ခိုက်မှု ပုံရိပ်ဆိုးများလျော့ပါးစေရန် ရည်ရွယ်၍ ဂရိအားကစား တာဝန်ရှိသူများက ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုမည့် ပရိသတ်များ အနေဖြင့် နာမည်၊ ဓာတ်ပုံ၊ ရဲတပ်ဖွဲ့ထောက်ခံနံပါတ်၊ ကျန်းမာရေးအာမခံချက်နှင့် နေရပ်လိပ်စာများ ဖော်ပြပါရှိသော ကတ်ပြားများကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။