ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲရွှေတံဆိပ်ဆုကို ဖိလစ်ပိုင်အသင်း ရရှိ

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲရွှေတံဆိပ်ဆုကို ဖိလစ်ပိုင်အသင်း ရရှိ

===================

ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်းသည် အိမ်ရှင် ထိုင်းနှင့် ဗီယက်နမ်တို့ကိုအနိုင်ယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိသွားပြီးဖြစ်သည်။

ယခုလို ရရှိခဲ့ခြင်းမှာ ဖိလစ်ပိုင်အမျိုးသမီး ဘောလုံးအသင်း၏ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ်ဆုလည်း ဖြစ်သည်။

Intercontinental Cup မှာ ပယ်နယ်တီနဲ့ ဗိုလ်စွဲခဲ့တဲ့ PSG

Intercontinental Cup မှာ ပယ်နယ်တီနဲ့ ဗိုလ်စွဲခဲ့တဲ့ PSG

=============
PSG အသင်းက Intercontinental Cup ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

PSG အနေနဲ့ ၃၈ မိနစ်မှာ ခါဗာရာဆကယ်လီယာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျော်ဂျင်ဟိုက ၆၂ မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

The Best FIFA အကောင်းဆုံးဆုများကိုအူစမန်ဒမ်ဘီလီနဲ့ ဘွန်မာတီ ဆွတ်ခူး

The Best FIFA အကောင်းဆုံးဆုများကိုအူစမန်ဒမ်ဘီလီနဲ့ ဘွန်မာတီ ဆွတ်ခူး
====================
၂၀၂၅ The Best FIFA အကောင်းဆုံးဆုများကို PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမားအူစမန်ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းက စပိန်
ကွင်းလယ်လူ ဘွန်မာတီတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့စက်တင်ဘာလက Ballon d’Or ဆုကိုလည်း ဆွတ်ခူးထားခဲ့ကြတာပါ။

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

==================

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။

ယင်းဇယားသည် ယမန်နေ့ (ဒီဇင်ဘာလ၁၅)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်အထိ ရပ်တည်မှုဇယား ဖြစ်သည်။

ဘိလိယက် (၃) ယောက်တွဲ အမျိုးသားမှ ရွှေတံဆိပ်ရ

ဘိလိယက် (၃) ယောက်တွဲ အမျိုးသားမှ ရွှေတံဆိပ်ရ
===================
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော ဘိလိယက် (၃) ယောက်တွဲ အမျိုးသား ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်း ရွှေတံဆိပ် ရရှိခဲ့သည်။
ဦးပေါက်စ၊ ဦးအောင်ဌေး၊ ဦးနေသွေးဦး တိုပါဝင်သော မြန်မာအသင်းက စင်ကာပူအသင်းကို (၁-၃) ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါရွှေတံဆိပ်ဆုသည် မြန်မာနိုင်ငံအတွက် ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော တတိယမြောက် ရွှေတံဆိပ် ဖြစ်လာသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲက ရုတ်တရက်နုတ်ထွက်မှုအတွက် ကမ္ဘောဒီးယား တောင်းပန်

ဆီးဂိမ်းစ်ပြိုင်ပွဲက ရုတ်တရက်နုတ်ထွက်မှုအတွက် ကမ္ဘောဒီးယား တောင်းပန်
===================
ကမ္ဘောဒီးယားအိုလံပစ်ကော်မတီ(NOCC)က ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနားအပြီး ပြိုင်ပွဲက ရုတ်တရက်နုတ်ထွက်မှုအတွက် အဆင်မပြေမှုများဖြစ်ခဲ့ရင် တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။

NOCC က ကစားသမားတွေရဲ့ အပြန်ခရီးနဲ့ တခြားစာရွက်စာတမ်းကိစ္စတွေအတွက် ဆီးဂိမ်းစ်အဖွဲချုပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို ကြေညာချက် ထဲမှာ ရေးသားခဲ့ပါတယ်။

မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်ရရှိတဲ့ မက်ဆီ

မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်ရရှိတဲ့ မက်ဆီ
===================
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ မေဂျာလိဂ်အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက် ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

Landon Donovan MVP Award လို့လည်း အမည်တွင်တဲ့ မေဂျာလိဂ်ရဲ့တန်ဖိုးအရှိဆုံးကစားသမားဆုကို မက်ဆီက ၂၀၂၄ နဲ့ ၂၀၂၅ နှစ်ရာသီဆက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုပါ သွင်းဂိုး(၂၉)ဂိုးနဲ့ ရရှိခဲ့တာပါ။

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်
=====================
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ အစောပိုင်းကတည်းက ဘောလုံးအပါအဝင် အားကစားနည်းအချို့ကနေ နုတ်ထွက်ထားခဲ့ပြီးဖြစ်တာကြောင့် ပြိုင်ပွဲ(၁၂)မျိုးမှာ ကစားသမား(၁၁၀)ဦး ပါဝင်ယှဉ်ပြိုင်ဖို့သာ ကျန်ရှိနေပေမဲ့ ဒီနေ့မှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ အားလုံးနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်အငြင်းပွားမှုကတစ်ဆင့် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ သေဆုံးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက ဆီးဂိမ်းစ်ပြိုင်ပွဲကနေ လုံခြုံရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၂၀)အထိ ကျင်းပသွားမှာဖြစ်ပြီး မနေ့က ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားမှာ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်းလည်း သိရပါတယ်။ #Eleven

မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ ဆွတ်ခူးခဲ့

မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ ဆွတ်ခူးခဲ့
==================
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ် နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့်အမျိုးသားအသင်းတို့ ဆွတ်ခူးပေးနိုင်ခဲ့သည်။