
လှည်းကူး ဖေဖော်ဝါရီ ၂၂

လှည်းကူး ဖေဖော်ဝါရီ ၂၂

၂၀၂၃ဖေဖေါ်ဝါရီ ၂၃ ပန်းတောင်း
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပါတီ မြို့နယ်ဥက္ကဌဦးသန်းဇော် နှင့် ကော်မတီဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မြို့နယ်ပါတီ ဥက္ကဌ မှ ပါတီ၏လမ်းညွှန်ချက်များ အပေါ်အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး နယ်မြေအလိုက် တာဝန်ပေးအပ်မှုများ၊ ကွင်းဆင်းဆောင်ရွက်ရန် ရက်သက်မှတ်ချက်များကို တက်ရောက်လာသော ကော်မတီဝင်များနှင့်အတူ ညှိနှိင်းဆွေးနွေးဆောက်ရွက်ကြကြောင်း သိရှိရပါသည်။

လားရှိး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိးပြည်ခိုင်ဖြိုးပါတီ ပြည်နယ် ကော်မတီဝင်(ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်နန်းခမ်းယဉ်နှင့် အဖွဲ့မှ ရပ်ကွက်(၉)ရှိ နွမ်းပါးမိသားစုနှင့် သက်ကြီးအဖွားများအား ဆန်/ဆီ/ဆား ထောက်ပံ့ခြင်း၊ အမျိုးသမီးဘဝလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာဟောပြောခြင်း၊ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးငယ် တစ်ဦး အခမဲ့ ခွဲစိတ်နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေအား ရှင်းလင်းပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ပါသည်။




ဖေဖော်ဝါရီ ၂၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တောင်ကြီး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ၊ အထူးဒေသ ( ၆ ) ၊ တောင်ကြီးမြို့နယ် ၊ မင်္ဂလာကျေးရွာအုပ်စု ၊ သမိုင်းဝင် ဘုရားငါးဆူစေတီတော် ထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား သို့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သိန်းမောင် (စီးပွားရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့) ၊ တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအောင်သူရရှင်း တို့ တက်ရောက်ခဲ့ပါသည်။

မန္တလေး ဖေဖော်ဝါရီ ၂၁
(၂၁.၂.၂၃)ရက်နေ့ နံနက်(၉:၃၀)အချိန်မှ (၁၃:၀၀)အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးပါတီနှင့် အောင်မြေသာစံ/မဟာအောင်မြေ/အမရပူရခရိုင်ပါတီများ လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။


မန္တလေး ဖေဖော်ဝါရီ ၂၂
(၂၂.၂.၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှ (၁၃:၀၀)အချိန်ထိ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ မန္တလေးတိုင်းဒေသကြီးပါတီနှင့် ကျောက်ဆည်ခရိုင်/တံတားဦးခရိုင်ပါတီများတွေ့ဆုံပြီး ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

လားရှိး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိမြို့ မြို့သာယာလှပရေး အစီအစဉ်ဖြင့် ဘူတာရုံနှင့် အလက(၁၀) ကျောင်းတွင် စုပေါင်းသန်ရှင်းရေး ဆောင်ရွက် နေသည့် တပ်မတော်သားများ၊ ဝန်ထမ်းများနှင့်ပြည်သူ စုစုပေါင်း (၅၀၀)ဦး အတွက် ပြည်နယ်ကော်မတီဝင်နှင့်ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းခမ်းယဉ် မှ ကောက်ညှင်း ပေါင်း/အကြော် နှင့် ရေသန့်ဗူးများသွားရောက် ကျွေးမွေးပြီးပူး ပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

လားရှိး ဖေဖော်ဝါရီ ၂၁
ရှမ်းမြောက်၊လားရှိးမြို့ မြို့ရပ်ကွက်(10)သာသနာ့ဝေပုလသီလရှင်စာသင်တိုက်ပဌာန်းရွတ်ဆိုပွဲတွင် အမျိုးသမီး ရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းယဉ်နှင့် ခရိုင်အမျိုးသမီးရေရာအဖွဲ့ဝင်များ တက်ရောက်၍ နေ့ဆွမ်းလှူဒါန်းခြင်း သီလရှင် ဝတ်စုံများ လှူဒါန်းခဲ့ပါသည်။

ကွမ်းလုံ ဖေဖော်ဝါရီ ၂၂
ရှမ်း/ မြောက်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ဥက္ကဌ Drမျိုးထွန်း၊ ကွမ်းလုံခရိုင်ပါတီဥက္ကဌ ဦးထွန်းရင် တို့သည် ကွမ်းလုံမြို့ နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ဗဟိုအလုပ်အမူ ဆောင် ကော်မတီ(၃)လတစ်ကြိမ်စုံညီ အစည်းအဝေး ၂/၂၀၂၃ မှချမှတ် ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။