
၂ – ၃ – ၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၁း၃၀ အချိန်တွင် အမှတ်(၁၁)ရပ်ကွက် ပပဝတီ ပန်းခြံရှိ ဗောဓိရုက္ခဓမ္မာရုံ၌ ရွှေပြည်သာမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဌဦးထွန်းထွန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပါတီဝင်များ စုစုပေါင်းအင်အား(၈၀)ဦးနှင့် တွေ့ဆုံကာ ရပ်ကွက်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။


















