



မတ် ၁၂၊ သံတွဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှ ၃ နာရီအချိန်ထိ သံတွဲမြို့နယ်ပါတီရုံးတွင် ပြုလုပ်သော ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်ပါတီကော်မတီဝင်များ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်များမှ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် (၇)မြို့နယ်မှ မြို့နယ်၊ ရပ်/ကျေး ပါတီတာဝန်ရှိသူများ စုစုပေါင်း (၂၂၇)ဦးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။















