ဓာတ်မတည့်ခြင်းကို ကုသပေးနိုင်တဲ့ အသုံးဝင်ပစ္စည်းတစ်မျိုး နဲ့ ကုသနည်းများ

သင့်အနီးနားက တစ်စုံတစ်ယောက်ရဲ့ရေမွေးအနံ့ရတဲ့အခါ နှာချေနေမိပြီလား။ ဒါမှမဟုတ် ဖုန်မှုန့်တွေကြောင့် နှာမွန်းသလိုခံစားနေမိပြီလား။ အဲဒီလိုပြဿနာမျိုး နေ့စဉ် ကြုံတွေ့နေရရင်တော့ သင့်ရဲ့ဓာတ်မတည့်ခြင်း အကြောင်းကို သေချာသိဖို့နဲ့ ကုသနိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ လိုလာပါပြီ။ ဓာတ်မတည့်ခြင်းကို ကုသဖို့ဆိုတာ သင် ဖြစ်နေတဲ့ လက္ခဏာရပ်တွေ ပြင်းထန်မှု၊ မပြင်းထန်မှု ပေါ်မှာ မူတည်နေပါတယ်။ ဓာတ်မတည့်ခြင်း အမျိုးအစားအားလုံးအတွက် မတူညီတဲ့ကုသမှုတွေရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့မီးဖိုချောင်ကနေ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတစ်မျိုးနဲ့ သင့်ရဲ့ဓာတ်မတည့်ခြင်းတွေကို ကုသပေးလို့ရပါတယ်။ အဲဒီပစ္စည်းကတော့ နနွင်းမှုန့်ဖြစ်ပြီး အဲဒီအမှုန့်ကို အသုံးပြုပြီး ဓာတ်မတည့်ခြင်းတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေရှိပါတယ်။

သင့်ရဲ့ အရိုးအဆစ်တွေကို နာကျင်စေတဲ့ နေ့စဉ်အလေ့အထများ

ကျန်းမာရေးနဲ့ ပတ်သက်လာရင်း ကျွန်တော်တို့ရဲ့အရိုးအဆစ်တွေကို ဂရုစိုက်တာ နည်းကြပါတယ်။ အရိုးအဆစ်နဲ့ ပတ်သက်တဲ့ပြဿနာတွေက အသက်ကြီးလာမှ သိရမယ်လို့ ကျွန်တော်တို့ ထင်ကောင်းထင်နိုင်ပါတယ်။ အရိုးပွရောဂါကဲ့သို့ အရိုးအဆစ်ပြဿနာတွေဖြစ်စေနိုင်တဲ့ အသေးအမွှားကိစ္စလေးတွေ ရှိပါတယ်။ အဲဒါက အခုချက်ချင်းမသိနိုင်ပေမဲ့ နောက်ပိုင်းကျရင် သိလာရမှာပါ။ အရိုးပွရောဂါဆိုတာ အရိုးတွေအားနည်းလာပြီး ထိခိုက်နာကျင်လာရင်းနဲ့ ကျိုးပဲ့လာစေတဲ့ ရောဂါဖြစ်ပါတယ်။ အရိုးအဆစ်ပြဿနာတွေက တဖြည်းဖြည်းနဲ့ ပေါ်လာတတ်တာဖြစ်ပါတယ်။ အရိုးပွရောဂါနဲ့ အရိုးအဆစ်ပြဿနာတွေ ဖြစ်လာနိုင်ခြေရှိတဲ့ နေ့စဉ်အလေ့အထ တချို့ကို မျှဝေပေးလိုက်ရပါတယ်။

ကမ္ဘောဒီးယား၌ ကြက်ငှက်တုပ်ကွေးကြောင့် ၁၁ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

ဖနွမ်းပင်၊ဖေဖော်ဝါရီ ၂၃

ကမ္ဘောဒီးယား၌ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံး သွားကြောင်း သိရပြီး နှစ်အတော်ကြာအတွင်း နိုင်ငံ၏ ပထမဆုံးကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးမှုဖြစ်လာကြောင်း ကျန်းမာရေး အာဏာပိုင်များကပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မကြာသေးမီအချိန်အတွင်း တွေ့ရှိမှုပြန်များလာသော ကြက်ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ သတိထားစောင့်ကြည့်ရန်ညွှန်ကြားခဲ့သော်လည်း လူများသို့ကူးစက်နိုင်ချေနည်းသည်ဟု ပြောကြားခဲ့သည်။

သဘာဝပါဝင်ပစ္စည်းတွေနဲ့ ခံတွင်းသန့်ဆေးရည်ပြုလုပ်နည်းများ

ပါးစပ်၊ ခံတွင်းကျန်းမာရေးအတွက် ခံတွင်းသန့်ရှင်းရေးပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ပါးစပ်ကို ဂရုမစိုက်ဖြစ်ဘူးဆိုရင် ပါးစပ်အနံ့ဆိုးတွေ၊ အခေါင်းပေါက်တွေ၊ သွားချေးတွေကဲ့သို့ သွားဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ဖို့ သင်ယူခဲ့ရပြီး ကျွန်တော်တို့ အများစုက ဒါကို အမြဲတစေလိုက်နာကြရပါတယ်။ ဒါပေမဲ့ သင့်သွားတွေ အန္တရာယ်ကင်းဖို့အတွက် သွားတိုက်တာတစ်ခုတည်းနဲ့တင် အလုပ်မဖြစ်ပါဘူးနော်။ ခံတွင်းသန့်ဆေးရည်နဲ့ သန့်ရှင်းပေးတာကလည်း အရေးပါ ပါတယ်။ ခံတွင်းသန့်ဆေးရည်က ခံတွင်းအနံ့ကို ကောင်းစေတဲ့အပြင် သွားတွေကို အခေါင်း ပေါက်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ မားကတ်စ်တွေမှာ ခံတွင်းသန့်ဆေးရည် အမျိုးအစားများစွာ ရှိပါတယ်။ ဒါပေမဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး အိမ်မှာ ကိုယ်ကိုယ်တိုင် လုပ်လို့ရပါတယ်။ ခံတွင်းသန့် ဆေးရည်ပြုလုပ်လို့ရတဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်နည်းတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

လည်ပင်းနာခြင်းကို အလျင်အမြန်ပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

မကြာခဏ လည်ပင်းနာတတ်ပါသလား။ လည်ပင်းနာနေရင် အိပ်ရာထတဲ့အခါ ဘယ်လောက် နာကျင်လည်းဆိုတာ လူတိုင်းသိကြပါတယ်။ လည်ပင်းအရမ်းနာနေရင် ခေါင်းတောင် လှုပ်ဖို့ မဖြစ်နိုင်ပါဘူး။ လည်ပင်းနာတာနဲ့ ထုံကျဉ်တာ၊ ခေါင်းကိုက်တာ၊ အစားအစာတဲ့အခါ ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ မကြာခဏ လည်ပင်း နာခြင်းက အိပ်စက်တဲ့အနေအထားမမှန်တာ၊ စိတ်ဖိစီးတာတွေကြောင့် အဖြစ်များပါတယ်။ အဲဒီလိုလည်ပင်း နာတာတွေ ဖြစ်လာပြီဆိုရင် သိသိသာသာသက်သာသွားစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

ကလေးနို့မှုန့်များသည် ကျန်းမာရေးအတွက် အကျိုးရှိသည်ဟု သိပ္ပံနည်းကျ သက်သေပြမထား

ကမ္ဘာတစ်ဝန်းရှိ ကလေးနို့မှုန့်များကို ကြော်ငြာရာတွင် ဖော်ပြထားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများစုကို ခိုင်လုံသော သိပ္ပံနည်းကျ အထောက်အကျများဖြင့် သက်သေပြထားခြင်းမရှိကြောင်း လေ့လာမှုတစ်ရပ်က ဖေဖော်ဝါရီလ ၁၆ ရက် ကြာသပတေးနေ့တွင် ဖော်ပြထားသည်။

စီးကရက်ထက် ပိုအဆိပ်ပြင်းတဲ့ ရှီရှား (shisha)

အခုနောက်ပိုင်းခေတ်စားလာတဲ့ ရှီရှားပိုက်တွေမှာ စီးကရက်ထက်ပိုပြီး အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်းပါဝင်မှုပမာဏ ပိုများတယ်လို့ဆိုပါတယ်။နာရီဝက်အတွင်းမှာ သင်က ကာဗွန်မိုနောက်ဆိုဒ်တွေကို ရှီရှားပိုက်တွေကတစ်ဆင့် အဆုတ်ထဲကို ရှူသွင်းနေတာ ဖြစ်ပါတယ်။ပျှမ်းမျှအားဖြင့် ရှီရှားတစ်အိုးကို နာရီဝက်လောက်တော့ရှူလို့ရပါတယ်။

သဘောကတော့ ဆေးလိပ်တစ်လိပ်သောက်တာထက် ပိုခံတာပေါ့။ ဒီနာရီဝက်အတွင်းမှာ သင်က ကာဗွန်မိုနောက်ဆိုဒ်တွေကို ရှီရှားပိုက်တွေကတစ်ဆင့် အဆုတ်ထဲကို ရှူသွင်းနေတာ ဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ဟာ နှလုံးနဲ့ သွေးကြောတွေကို ပျက်စီးစေနိုင်ပြီး သက်လုံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ဆေးရွက်ကြီးပါဝင်တဲ့ ဘယ်ပစ္စည်းကိုမဆို တတ်နိုင်သလောက် အသုံးမပြုကြဖို့ ဒေါက်တာ အာယုနီ ဘန်ထ်နဂါ (Aruni Bhatnagar) က အကြံပြုထားပါသေးတယ်

နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း (၃) မျိုး

ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများ

ခါးနာခြင်းဟာအဖြစ်များတဲ့ ကြွက်သားနာကျင်ခြင်း အမျိုးအစားတမျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှု၊ ရောဂါတို့ကြောင့် ဖြစ်တတ်ပြီး သာမန်အဆစ်လွဲခြင်း၊ ဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် အာရုံကြောညပ်ခြင်း၊ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုကာကွယ်ဖို့၊ ကုသဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ဆရာဝန်များက အကြံပြုပါလိမ့်မယ်။ ခဏတာခါးနာခြင်းကိုတော့ အိပ်ရာထဲလှဲပြီးမလှုပ်ရှားဘဲနေခြင်းဟာ အထောက်အကူပြုတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနအချို့အရ မလှုပ်ရှားဘဲနေခြင်းဟာ ခဏတာမျှဘဲ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲနေခြင်းဟာ ပျောက်ကင်းမှုကို ကြာရှည်စေပြီး ကြွက်သားတောင့်တင်းခြင်းကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေမှသာ ကြွက်သားများကိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ခါးနာတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအစီအစဉ်မစခင်မှာ

ဆွစ်ဇာလန်ဆေးဝါးကုမ္ပဏီကြီး Novartis ၏ ဆီးကျိတ်ကင်ဆာ ကုသနည်းအသစ်ကို ဥရောပသမဂ္ဂ (အီးယူ) က အတည်ပြု

ဥရောပသမဂ္ဂ (အီးယူ)က Novartis ၏ အဆင့်မြင့်ကင်ဆာကျိတ်ကုသနည်းအသစ်ကို အတည်ပြုလိုက် သည်  ဟု ဆွစ်ဇာလန် ဆေးဝါးကုမ္ပဏီဖြစ်သော Novartis က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

Pluvicto ဟု ခေါ်သည့် ကုသနည်းကို ဆီးကျိတ်ကင်ဆင်ပျံ့နှံ့နေသော လူကြီးလူနာများအတွက် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု Novartis က ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးကျိတ်ကင်ဆာရောဂါဖြစ်ပွားသောလူနာသစ် ၁ ဒသမ ၄ သန်းကျော်ရှိနေပြီး ၃၇၅, ၀၀၀ သေဆုံးထား သည်ဟု ယင်းကုမ္ပဏီက ဖော်ပြသည်။

ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်မယ့် ဒန့်သလွန်သီး

ဒန့်သလွန်သီးကလည်း လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ဟင်းသီးဟင်းရွက်ပါပဲ။ ဒန့်သလွန်သီးက အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင် သင့်ကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်စေပါတယ်။ ကျွန်တော်တို့ ဒန့်သလွန်သီးကို စားသုံးဖြစ်တဲ့ပုံစံက ပဲကုလားဟင်းအနေနဲ့ ချက်စားဖြစ်ကြတာပါ။ အရည်သောက်အနေနဲ့ ချက်စားဖြစ်တာများပါတယ်။ ဒန့်သလွန်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးကို မပြောပြခင်မှာ အာဟာရဓာတ် ဘယ်လောက်ပမာဏပါဝင်တယ်ဆိုတာကို အရင်ဆုံးမျှဝေပေးပါမယ်။

ဗီတာမင် အေ (၆.၇၈) မီလီဂရမ်

သိုင်ရာမင်း (Thiamine) (ဝ.၀၆) မီလီဂရမ်