ငွေမမက်သဖြင့် အဲဗာတန်သို့ပြန်ပြောင်းလာခြင်းဟု ရွန်နီဆို

ဖေဖော်ဝါရီ ၂၃၊ လီဗာပူးလ်

တရုတ်ကဲ့သို့သော အခြားနိုင်ငံမှလိဂ်သို့ ပြောင်းရန်အခွင့်အရေး ရှိခဲ့သော်လည်း ငွေမမက်သည့်အပြင် ဖိအားများကို အလိုရှိသဖြင့် ငယ်ဘဝကလပ် အဲဗာတန်သို့ ပြန်ပြောင်းခဲ့ခြင်းဖြစ်သည်ဟု တိုက်စစ်မှူးရွန်နီက ဆိုသည်။

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်းသည် ပြီးခဲ့သည့် နွေရာသီဈေးကွက်တွင် အဲဗာတန်အသင်းသို့ မဖော်ပြသည့် ပြောင်းရွှေ့ကြေး၊ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

Read more

ဘောလုံးအကယ်ဒမီများတွင် ဂျပန်နည်းပြဖြင့် လေ့ကျင့်သင်ကြား

မြန်မာဘောလုံးအကယ်ဒမီ သုံးခုမှာ ဂျပန်ဘောလုံးအဖွဲ့ချုပ် အကူအညီနဲ့ ဂျပန်နည်းပြတွေ ခန့်အပ် လေ့ကျင့်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တို့ရှိ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ လေ့ကျင့်ပေးနေတာဖြစ်ပြီး ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့လည်း အရင်ကထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

Read more

ကင်ဂျုံအမ်း၏ညီမသည် နိုင်လိုမင်းထက်ပြုမူသူဟု အမေရိကန်ဒုသမ္မတ ပြင်းပြင်းထန်ထန်ဝေဖန်

ဝါရှင်တန်၊ အမေရိကန်ပြည်ထောင်စု၊ ဖေဖေါ်ဝါရီ ၂၃

အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်က ပြီးခဲ့သော တောင်ကိုရီးယားအိုလံပစ်အခမ်းအနား၌ သူ၏ အနီးတွင် ထိုင်ခဲ့သော   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်း၏ ညီမဖြစ်သူသည် ပြည်သူသန်းပေါင်းများစွာကို ဖိနှိပ်ချုပ် ချယ်သော ယုတ်ညံ့သည့်ဂိုဏ်းဂဏစွဲမိသားစုဝင်ဖြစ်သည်ဟု ကြာသာပတေးနေ့က ပြင်းပြင်းထန်ထန် ထိုးနှက် ပြောဆိုခဲ့သည်။

Read more

စီးပွားရေးအစီရင်ခံစာ၌ တရုတ်နှင့် ဂျပန်ကို ထရန့်အပြစ်တင်

ဝါရှင်တန် ဖေဖော်ဝါရီ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ၄င်း၏ပထမဆုံးစီးပွားရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အစီရင်ခံစာ၌ ထရန့်က နိုင်ငံတကာ ကုန်သွယ်မှုသည် တရုတ်နိုင်ငံကဲ့သို့သော အချို့နိုင်ငံများကြောင့် ပိုမိုတင်းမာ လာခဲ့ပြီး ယင်းနိုင်ငံများသည် လွတ်လပ် သည့်ဈေးကွက်ကို အနေအထားပျက် ယွင်းအောင် လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

Read more

မြောက်ဥက္ကလာပြည်ခိုင်ဖြိုး မြို့နယ်ပါတီကော်မတီများ နယ်မြေကွင်းဆင်း

 

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်မြင့် လမ်းညွန်မူ့ဖြင့် မြို့နယ်ပါတီကော်မတီများမှ နယ်မြေတာဝန်ခံအလိုက် ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းအား ယနေ့ မနက် (၉)နာရီတွင်မြို့နယ်ပါတီကော်မတီဝင် ဦးမျိုးဝင်း၊ ဦးအောင်ဝင်း၊ ဦးကျော်မင်း ၊ နယ်မြေခွဲတာဝန်ခံ ဦးအေးမင်းဇော်၊ စည်းရုံးတာဝန်ခံ ဦးသန်းဦးတို့မှ ပါတီဝင်အင်အားတိုး ရရှိရေးအတွက် ပါတီတွင်းကျစ်လစ်ခိုင်မာရေးပါတီဝင် နှစ်စဉ်ကြေးကောက်ခံရေးတို့အတွက်(စ)ရပ်ကွက်ပါတီကော်မတီများနင့် တွေ့ဆုံ၍ မနက်(၁၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

Read more

မိတ္ထီလာပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမူ (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

 

(၂၂.၂.၂၀၁၈)ရက်နေ့ မိတ္ထီလာခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းပါတီ အတွင်းရေးမှူး အဘဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်နှင့် ခရိုင်အတွင်းရှိ (၄)မြို့နယ်နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ၊မြို့နယ်ကော်မတီဝင်များ တက်ရောက် အားပေးခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်း၍ သွေးလှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင် ဦးဆောင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်မှ ဝန်ထမ်းများနှင့်အတူ နေပြည်တော် ကုတင် ၁၀၀၀
ဆေးရုံကြီးတွင်အရေးပေါ်သွေးလိုအပ်နေသော လူနာများအား စုပေါင်း၍ သွေးလှူဒါန်းခဲ့သည်။


Read more

မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးနှင့် ခရိုင်စည်းရုံးရေးကော်မတီအစည်းအဝေးကျင်းပ

 

၂၂.၂.၂၀၁၈ ရက်နေ့ မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးနှင့် ခရိုင်စည်းရုံးရေးကော်မတီအစည်းအဝေးကို မင်းဘူးခရိုင်ရုံးခန်းတွင် ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မင်းဘူး/ပွင့်ဖြူ ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ခရိုင်စည်းရုံးရေးကော်မတီဝင်များ တတ်ရောက်ကြပါသည်။

Crd;


Read more

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်လုပ်ငန်းအစည်းအဝေးပြုလုပ်

 

(၂၁.၂.၂၀၁၈)ရက်နေ့တွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ ခရိုင်းအတွက်ရေးမှူး ဦးချမ်းမြ၊ ကော်မတီဝင်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိုနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


Read more