ပအိုဝ့်အမျိုးသားနေ့အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှတက်ရောက်ဆုချီးမြှင့်

 

ဘားအံ မတ် ၆

ဘားအံမြို့နယ် သာမညကျေး ရွာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသောအကြိမ် (၂ဝ) မြောက် ပအိုဝ့်အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်ပါတီ အတွင်းရေးမှူးဦးစန်းကို၊ ပြည်နယ် ပါတီကော်မတီဝင် ဦးမင်းငွေထွန်း၊ ဘားအံခရိုင်ပါတီဥက္ကဋ္ဌဦးခွန်အောင် ကျော်မိုးနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ဘားအံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။

Read more

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ နွားလဝိုးကျေးရွာအုပ်စုပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

 

လွိုင်ကော် မတ် ၆

လွိုင်ကော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီတွင် နွားလဝိုးကျေးရွာအုပ်စု လယ်ထွဲရွာဘုန်းတော်ကြီးကျောင်း ၌ ပါတီဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့သည်။

Read more

မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်များနှင့် တွေ့ဆုံခြင်း

 

မယ်စဲ့မြို့ ၊မတ်လ ၆ ရက်

(၆-၃-၂၀၁၈) ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် ဟိုစဲ့ကျေးရွာ ရပ်/ကျေးကော်မတီဝင် နေအိမ်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဟိုစဲ့ကျေးရွာ ပါတီဝင်များနှင့်သွားရောက်တွေ့ဆုံပါသည်။
၎င်းတွေ့ဆုံရာတွင် ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်(မယ်စဲ့မြို့နယ်တာဝန်ခံ)က မိမိဒေသမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပါတီကိစ္စများ၊ နိုင်ငံရေးအခြေအနေများ၊ ပါတီဝင်လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးကြပါသည်။
ယင်းနောက် မယ်စဲ့မြို့နယ် မြို့နယ်ကောက်မတီဝင် ဒေါ်အေးထွန်းမှ ဟိုစဲ့လူငယ်များအတွက် အလှူငွေကျပ် (၆၅၀၀၀ိ/-) ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ ရုံးအဖွဲ့များ လိုက်ပါသွားကြောင်း သိရှိရသည်။

Read more

ပြင်​ဦးလွင်​ပြည်​ခိုင်​ဖြိုး ရပ်​/​ကျေးဥက္ကဌများ တာဝန်​ခန့်​အပ်​ပွဲအခမ်းအနားကျင်းပ

 

(၆.၃.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၃၀)အချိန်​တွင်​ ပြင်​ဦးလွင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​/​ကျေးအုပ်​စု ပါတီ​ကော်​မတီဥက္ကဌ တာဝန်​ခန့်​အပ်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​၊ ဦးစိုင်း​အောင်​ကြည်​၊ ဦး​ကျော်​စန်း၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဌ ဦးဝင်းကြည့်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ်​ ပါတီဥက္ကဌ ဦးလင်း​ဇော်​မင်းနှင့်​​ကော်​မတီဝင်​များ၊ မြို့မိမြို့ဖများ၊ ရပ်​/​ကျေးအုပ်​စုပါတီဥက္ကဌများ၊ ပါတီဝင်​များ အင်​အား(၁၈၀)ခန့်​တက်​​ရောက်​ခဲ့ပါသည်​။ အခမ်းအနားကို နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးမှ အဖွင့်​အမှာစကား​ပြောကြားကာ ပြင်​ဦးလွင်​မြို့နယ်​ပါတီဥက္ကဌ ဦးလင်း​ဇော်​မင်းမှဥက္ကဌများအဖြစ်​ခန့်​အပ်​ရခြင်းအ​ကြောင်းအားရှင်းလင်း​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးစိုင်း​အောင်​ကြည်​မှ ပြင်​ဦးလွင်​မြို့နယ်​အတွင်းရှိ ရပ်​/​ကျေး(၅၈)အုပ်​စုမှ ဥက္ကဌတာဝန်​ခန့်​အပ်​လွှာများအား​ပေးအပ်​ခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

Read more

နွေရာသီအားကစားသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ မြို့နယ်အား/ကာ၏ တာဝန်ပေးချက်အရ ဘောလုံးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်

 

(၂၇-၂-၂၀၁၈) ရက်နေ့ ညနေ(၃) နာရီအချိန် ကျောက်မဲမြို့ မိုးလုံလေလုံ အားကစားရုံ၌ နွေရာသီအားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော ၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ ခြင်းလုံး၊ လက်ဝှေ့၊ အားကစားသင်တန်းများဖွင့်ပွဲ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ဇာမောင်သည် မြို့နယ်အား/ကာ၏ တာဝန်ပေးချက်အရ ဘောလုံးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။ သင်တန်းတွင် သင်တန်းသား (၁၉၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဆန်ဆီနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေ တာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးသည် တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း အောင်နှင့်အဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီက ထားဝယ်မြို့နယ် လိပ်ကြယ်ပြောင် ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန် ခဲ့ကြောင်းသိရသည်။


Read more

ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ဟုမ္မလင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၊ နေ့လည် (၁) နာရီအချိန် ပါတီအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရဲဝင့်ခိုင်၊ အတွင်းရေးမှူး ဦးသိန်းပိုနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားကို ညနေ (၃) နာရီတွင် အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပါသည်။

Read more

ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီသည် ယနေ့ မွန်းလွဲ ၁ နာရီ တွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ အခမ်းအနားများကို တိုက်နယ်အလိုက် ကျင်းပလျက် ရှိရာ ယနေ့တွင် ဒိုက်ပျက် တိုက် နယ်သင်တောကရက်ကျေးရွာအုပ်စု မိုးမခကျေးရွာတွင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ဥက္ကဋ္ဌ နှင့် ကော်မတီများ၊ တိုက်နယ် တာဝန်ခံနှင့်အဖွဲ့များ၊ အရန်ကော် မတီဝင်များ၊ အဆိုပြုလွှာ စုပေါင်း ပေးအပ်ကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပါတီဝင် ၂၅ဝ ပေးအပ်ပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင်ပြီးဆုံးကြောင်း၊ အခမ်းအနားအပြီးတွင် မြို့နယ် ပါတီကော်မတီဝင်များက ပါတီဝင် အသစ်များအားပါတီရင်ထိုးတံဆိပ် များ အမှတ်တရ တပ်ဆင်ပေးခဲ့ ကြောင်း သိရသည်။

Read more