တူရကီ နိုင်ငံ ရှိ တက္ကသိုလ် တစ်ခု တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး သေဆုံး

အန်ကာရာ ၊ ဧပြီ ၆ ရက်

တူရကီ နိုင်ငံ အနောက်ပိုင်း Eskişehir မြို့ ရှိ တက္ကသိုလ် တစ်ခု ၌ ဧပြီလ ၅ ရက်နေ့တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Read more

ဆီယာလီယွန်တွင် စစ်အာဏာရှင် ခေါင်းဆောင်ဟောင်းတစ်ဦး ရွေးကောက်ခံ သမ္မတဖြစ်လာ

ဆီယာလီယွန် နိုင်ငံတွင် စစ်အာဏာရှင်ဟောင်းတစ်ဦး ရွေးကောက်ခံ သမ္မတ ဖြစ်လာကြောင်း သိရှိရသည်။
ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဂျူလီယက်စ် မာဒါး ဘီယိုသည် အကြိတ်အနယ် ရှိခဲ့သည့် ရွေးကောက်ပွဲ အပြီးတွင် အနိုင်ရခဲ့ခြင်းဟု ရွေးကောက်ပွဲ မဲရေတွက်မှု ကော်မရှင်က အတည်ပြုခဲ့သည်။

Read more

ရှားပါး တောဆိတ်တစ်မျိုးကို အမဲလိုက်သတ်ဖြတ်ခဲ့မှုဖြင့် ဘောလိဝုဒ် နာမည်ကျော်မင်းသား ဆယ်လ်မန်ခန်း ထောင်ဒဏ်ချမှတ်ခံရ

လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကာလက ရှားပါးတောဆိတ် မျိုးစိတ်တစ်မျိုးကို အမဲလိုက်သတ်ဖြတ်ခဲ့မှုဖြင့် ဘောလိဝုဒ် နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းမှာ အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

ခန်းဟာ အိန္ဒိယအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ ရုပ်ရှင်ရိုက်ကူးနေခဲ့စဉ်က ကာကွယ်စောင့်ရှောက်ထားတဲ့ မျိုးစိတ်တစ်ခုဖြစ်သော အနက်ရောင်တောဆိတ်နှစ်ကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Read more

ကိုယ်ရေးအချက်အလက် လုံခြုံမှုချိုးဖောက်ခံရပါက Facebook ကို ပိတ်သိမ်းသွားမည်ဟု အင်ဒိုနီးရှား သတိပေး

နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းသိမ်းဆည်းထားတဲ့ သက်သေတွေ့ရှိပါက Facebook ကို နိုင်ငံအတွင်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနဲ့ အချက်အလက်ဝန်ကြီး Rudiantara က ပြောကြားလိုက်ပါတယ်။Bloomberg နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ မစ္စတာ Rudiantara က “ပိတ်သိမ်းရမယ့်အကြောင်း ရှိလာခဲ့မယ်ဆိုရင် ပိတ်သိမ်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် Telegram messaging app ကိုလည်း အင်ဒိုနီးရှားမှာ တားမြစ်ပိတ်ပင်ထားကြောင်း ဝန်ကြီးက ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်လုပ်ခဲ့တာပါ။ အဲ့ဒီလိုထပ်လုပ်ဖို့အတွက်လည်း ဝန်လေး နေမှာမဟုတ်ပါဘူး”လို့ သူကပြောပါတယ်။ အရင်ကလည်း အင်ဒိုနီးရှားအစိုးရဟာ အကြောင်းအရာ အချက် အလက်တွေကို စောင့်ကြည့်ဖို့အတွက် Twitter နဲ့ Google အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေ အနေနဲ့ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိထားပါတယ်။

Read more

ဆင်းမ်ကတ်အဟောင်း လဲလှယ်ခြင်းအတွက် အပိုဒေတာလက်ဆောင် ရရှိရန်ပြုလုပ်

MPT ဆင်းမ်ကတ်ဟောင်းတွေကို 4G ဆင်းမ်ကတ်နဲ့ လဲလှယ်ပြီး ဖုန်းဘီလ်ဖြည့်ရင်ဒေတာ လက်ဆောင် ပေးမယ်လို့သိ ရပါတယ်။

USIM ကတ်အသစ် လဲလှယ်သူတွေအနေနဲ့ ၇ ရက်အတွင်းငွေဖြည့်ရင် ၁,၀၀၀ ကျပ်အတွက် 100MB, ၃,၀၀၀ ကျပ်အတွက် 300MB, ၅,၀၀၀ ကျပ်အတွက် 500MB နဲ့ ၁၀,၀၀၀ ကျပ်အတွက် 1,000MB တို့ကို အပိုဒေတာ လက်ဆောင်အဖြစ် ပေးမှာဖြစ်ကြောင်း သိရပါတယ်။

Read more

ဆား များများစားရင် သွေးဖိအား မြင့်တက်လာနိုင်

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဆန် ဂျုံ စတာတွေ စားသုံးပေမဲ့၊ ဆားများများစားရင်တော့ သွေးဖိအား မြင့်တက်လာမှာဖြစ်တယ်လို့ လေ့လာချက် အသစ်တရပ်က ဖေါ်ပြပါတယ်။ သက်လတ်ပိုင်းအရွယ် လူ ၄၆၈၀ ကို လေ့လာချက်အရ အဆီအဆိမ့်နဲ့ အသားတွေ လျော့စားပြီး အသီးအနှံတွေ ပိုမိုစားသုံးပေမဲ့၊ ဆိုဒီယမ် ပမာဏ ပါဝင်မှုများတဲ့ အစာတွေကြောင့် သွေးဖိအား မြင့်တက်စေတယ်လို့ သိရပါတယ်။

Read more

အုန်းရည်သောက်သင့်တဲ့အချက် (၅) ချက်

 ဘာဝခွန်အားဖြည့် အချိုရည်လို့တောင် ခေါ်ဝေါ်နိုင်တဲ့ အုန်းရည်မှာ အစွမ်းသတ္တိတွေ အများကြီး ရှိနေတာကို သိပါသလား။ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ သကြားဓာတ်နဲ့ အခြားခွန်အားဖြည့်အစွမ်းတွေ ရှိနေပါတယ်။ အုန်းရည်ဆိုရင် အုန်းစိမ်းရည်ကို သောက်တာက ပိုပြီး အာနိသင်ရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။ ဒါကြောင့် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရေဓာတ်ဖြည့်နိုင်

၂။ သွေးဖိအားမှန်စေ

Read more

တရားမ၀င် ကျွန်းခွဲသား ၂၂ တန်ကျော်အား ဗန်းမော်တွင် ဖမ်းမိ

 ရန်ကုန်၊ ဧပြီလ ၅ ။      ။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ စင့်ကင်ကျေးရွာမြောက်ဘက် ၇ မိုင်ခန့်အကွာရှိ နေရာမှ တရားမဝင် ထုတ်လုပ်ထားသည့် ကျွန်းခွဲသား ၂၂ တန်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ ဧပြီလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

ဝေဖန်အကြံပြုမှုများကို လေးစားသောကြောင့် ပါတီအမည်ထပ်ထည့်ပြီး မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးပြော

ရှစ်လေးလုံးပါတီအမည်ကနေ ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲပြီး မှတ်ပုံတင်ခဲ့ခြင်းသည် ဝေဖန် အကြံပြုသူများအား လေးစားသောကြောင့် ဖြစ်သည်ဟု ပါတီဦးဆောင်တည်ထောင်သူ ဦးကိုကိုကြီးက မဇ္ဈိမသို့ ပြောသည်။

“ဒီအတိုင်းသုံးတာထက် ထပ်မံဖြည့်စွက်ပြီးသုံးရင် ပိုကောင်းကြောင်း အပြုသဘောဝေဖန်အကြံပြုသူတွေကို လေးစားတဲ့ အနေနဲ့ပါ” ဟု ဦးကိုကိုကြီးကဆိုသည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင် နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအရေးပေါ် စုံညီအစည်းအဝေး ခေါ်ယူခဲ့ကာ ပါတီအမည်ပြောင်းလဲပြီး မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

Read more

အဝေးပြေးကားလက်မှတ် တရားမဝင်ရောင်းချခြင်းနှင့် ကြားကားများ မပြေးဆွဲနိုင်ရန် စစ်ဆေးကြပ်မတ်နေ

သင်္ကြန်ရုံးပိတ်ရက်တွင် တရားမဝင် အဝေးပြေးကားလက် မှတ်ရောင်းချခြင်းနှင့် ကြားကားများ ဝင်ရောက် ပြေးဆွဲခြင်းမပြု လုပ်နိုင်စေရန် စစ်ဆေးကြပ်မတ် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးတာဝန်ခံ ဦးဘမြင့်က ပြောသည်။

ယခင်နှစ်များက သင်္ကြန်ရုံး ပိတ်ရက်တွင်ခရီးသွားများကို ဂိတ်အပိုင်မရှိသူအချို့က အဝေးပြေးကားလက်မှတ် အရောင်းကောင်တာများဖွင့်၍ရောင်းချပြီးနောက် ငွေလိမ်လည်မှုများရှိခဲ့ရာ ယခုနှစ်တွင် ထိုပြဿနာများမဖြစ် စေရန် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဖွဲ့ကာ အဝေးပြေးဝင်းအတွင်း လှည့်လည်စစ်ဆေးနေသည်ဟု ၎င်းက ဆို သည်။

Read more