ဂျာစီအသစ်ထုတ်ဖော်မိတ်ဆက်ရာမှာ ရော်နယ်ဒို မပါဝင်ရတဲ့ အကြောင်းအရင်းအမှန်

ယမန်နေ့က ချန်ပီယံလိဂ် ၃ နှစ်ဆက်တိုက်ချန်ပီယံ ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့် ၂၀၁၈-၂၀၁၉ ရာသီမှာ ဝတ်ဆင်ကစားမယ့် ဂျာစီအသစ်တွေကို မိတ်ဆက်ခဲ့ပြီး အသင်းရဲ့ကြယ်ပွင့် ကစားသမား ခရစ်စတီယာနိုရော်နယ်ဒို ကတော့ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အောင်ပွဲခံနေချိန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သူဖြစ်ပြီး ဂျာစီအသစ် မိတ်ဆက်ပြသရာမှာလည်း မပါဝင်လာတာကြောင့် ပရိသတ်တွေကြားမှာ စိုးရိမ်ပူပင်မှုတွေ မြင့်တက်ခဲ့ပါတယ်။

Read more

နွေရာသီအခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျင်းပ

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ မေလ (၂၉) ရက်နေ့ နံနက် ၉ နာရီချိန်တွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရမှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားပြီး၊ သင်တန်း တက်ရောက်သော သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး၊ သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့ပြီး နံနက် ၁၀း၃၀ နာရီချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရ သည်။

Read more

ရာမို့စ်ကို အရေးယူရန် လက်မှတ်ရေးထိုးတောင်းဆိုသူ ၄ သိန်းခွဲကျော်ရှိ

30 May 2018

ရီးရဲလ်နောက်ခံလူ ရာမို့စ်ကို အရေးယူဖို့အတွက် လက်မှတ်ထိုးတောင်းဆိုတဲ့ အရေအတွက်ဟာ ၄ သိန်းခွဲကျော် လာပါတယ်။

မေလ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာလက်ကို ရီးရဲလ် နောက်ခံလူ ရာမို့စ်က ဆွဲလှဲချခဲ့တယ်လို့ လီဗာပူး ဘောလုံးပရိသတ်တွေက စွပ်စွဲထားပါတယ်။

Read more

ဘယ်လ်ဂျီယံပစ်ခတ်မှု၏ သေနတ်သမားမှာ အစ္စလာမ်မစ်အစွန်းရောက်များနှင့် ပတ်သက်မှုရှိနေ

လီဂီ၊ ဘယ်လ်ဂျီယံ၊ မေ ၃၀

ဘယ်လ်ဂျီယံနိုင်ငံ၌ဖြစ်ပွားခဲ့သော အကြမ်းဖက်သေနတ်ပစ်ခတ်မှုအတွင်းမှ တရားခံဖြစ်သူသည် အစ္စလာမ်မစ် အစွန်းရောက်များနှင့် အဆက်အသွယ်ရှိသူဖြစ်သောကြောင့် ရဲတပ်ဖွဲ့၏ စောင့်ကြည့် စာရင်းထဲ၌ ပါဝင်နေသူဖြစ်ပြီး ထိုသူသည် အမျိုးသမီးရဲအရာရှိနှစ်ဦးကို ၄င်းတို့၏လက်နက်နှင့်ပင် အသေပစ်ခတ်ခဲ့ပြီး နောက်ထပ်အမျိုးသား တစ်ဦးကိုလည်း ထပ်မံ ပစ်သတ်ခဲ့သူဖြစ်သည်။

Read more

အမေရိကန်- မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲအတွက် ပြင်ဆင်ရန် မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူ ကင်ယောင်ချို အမေရိကန်သို့ လာနေပြီဖြစ်

ဆိုး မေ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန် မြောက်ကိုရီးယားနိုင်ငံမှ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကင်ယောင်ချို သည် နယူးယောက်မြို့သို့ လာနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂၉ ရက်တွင် ထုတ်ဖော်ပြောဆို သည်။

Read more

Starbucks ကော်ဖီဆိုင်ပေါင်း ၈၀၀၀ ပိတ်ကာ အလုပ်သမားများကို လူမျိုးရေးခွဲခြားမှု တိုက်ဖျက်သည့် သင်ခန်းစာများ ပို့ချ

ဝါရှင်တန်၊ မေ ၃၀

အမေရိကန်နိုင်ငံတစ်ဝန်းရှိ Starbucks ကော်ဖီဆိုင်ပေါင်း ၈၀၀၀ နီးပါးကို မေ ၂၉ ရက် နေ့လယ်ပိုင်း၌ ပိတ်ထားပြီး ဆိုင်ဝန်ထမ်းများအား လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး သင်ခန်းစာများ အချိန် လေးနာရီစာ သင်ရိုးကို ပို့ချပြီဖြစ်သည်။

Read more

ထိုင်းတွင် ရဲဝန်ထမ်းများအား တာဝန်ချိန်အတွင်း ဖေ့စ်ဘွတ်ခ်အသုံးပြုခွင့် တားမြစ်

ထိုင်းနိုင်ငံမှာ ရဲဝန်ထမ်းတွေကို တာဝန်ချိန်အတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ အသုံးပြုခွင့် တားမြစ်လိုက်တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်း သတင်းမှာ မေလ ၂၉ ရက်နေ့က ဖော်ပြပါတယ်။

ဒီတားမြစ်ချက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး တကယ်လို့ ဖောက်ဖျက်မယ်ဆိုရင် ရာထူးတိုးမြှင့်မှုတွေမှာ ကြန့်ကြာနိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

Read more

ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့်လာမယ့် ၂၄ နာရီအတွင်း လေပြင်းတိုက်ပြီး တိုင်းနဲ့ ပြည်နယ်အနှံ့အပြား မိုးကြီးမယ်

ကုန်တွင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ရခိုင်၊မကွေး၊ မန္တလေး၊စစ်ကိုင်းတို့မှာ လေပြင်းတိုက်ခတ်နိုင်ပြီးတော့ တိုင်းနဲ့ ပြည်နယ် အနှံ့မှာ မိုးကြီးလာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကဒီနေ့မနက် ၁၁ နာရီမှာသတင်းထုတ်ပြန်ပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်က နောက်ထပ် ၉ နာရီအတွင်းမှာ အားလျော့သွားမှာဖြစ်ပြီးတော့ အဲ့ဒီမုန်တိုင်းငယ် အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်းမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် ၊ရှမ်း၊ ချင်း၊ရခိုင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး နေရာကွက်ပြီးမိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

Read more

နယ်လှည့်ဆေးကုသရေးအဖွဲ့ အခမဲ့ကွင်းဆင်းဆေးကု

ရန်ကုန်၊ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ (အခမဲ့) နယ်လှည့်အထွေထွေ ရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပါတီဘဏ္ဍာရေးမှူး ဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့သည် မှော်ဘီမြို့နယ် ဝါးပတောကျေးရွာတွင် ကျေးရွာနေမိဘပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

Read more

မုန်တိုင်းငယ်ကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံး

ရွှေပြည်သာမြို့နယ်တွင် မေလ ၂၉ ရက်နံနက်က မုန်တိုင်းအရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်အချို့ကို တွေ့ရစဉ်

ယခုရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် မြို့နယ် ခုနှစ်ခုထက်မနည်းမှာ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီးတော့ နေရာကွက်ပြီး မိုးကြီးတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို အထူးသတိပြုနေထိုင်ဖို့ကိုလည်း သတိပေးထားပါတယ်။

Read more