ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူမျိုးရေးခွဲခြားခံရပါက အင်္ဂလန်ကစားသမားများကွင်းထဲမှ ထွက်ခွာမည်မဟုတ်

အင်္ဂလန်နည်းပြဆောက်ဂိတ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားဆဲဆိုခံရပါကလည်း အင်္ဂလန်ကစားသမား တွေဟာ ကွင်းထဲကနေထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

စပါးနောက်ခံလူ ဒန်နီရို့စ်က လူမျိုးရေးခွဲခြားခံရမှာ စိုးရိမ်တဲ့အတွက် သူ့မိသားစုတွေ ရုရှားကို မသွားဖို့ တိုက်တွန်းထားပါတယ်။ ဒန်နီရို့စ်ဟာ ၂၀၁၂ က ဆားဘီးယားမှာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ကစားစဉ်မှာ လူမျိုးရေးခွဲခြားခံခဲ့ရဖူးပါတယ်။

Read more

ဒါလော့တ်ကို ပေါင် ၁၉ သန်းနဲ့ မန်ယူ ခေါ်ယူ

မန်ယူအသင်းဟာ ပေါ်တို ညာနောက်ခံလူ ဒီယိုဂိုဒါလော့တ်ကို ပေါင် ၁၉ သန်းနဲ့ ခေါ်ပြီး ၅ နှစ် စာချုပ် လိုက်တယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒါလော့တ်ဟာ ဒီကနေ့ မနက်ပိုင်းကဆေးစစ်မှု အောင်မြင်ပြီးနောက် စာချုပ် လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

Read more

ပရိသတ်တွေနဲ့အတူ အလှူအတန်း တစ်ခု ပြုလုပ်သွားမယ့် အောင်လအန်ဆန်

မြန်မာပြည်မှာ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ရမယ့် အောင်လအန်ဆန်က အဆိုပါ ပွဲစဉ်မှာ အလှူအတန်း တစ်ခု ပြုလုပ်သွားမယ်လို့ ထုတ် ဖော်ပြောလာခဲ့ပါတယ်။ အောင်လအန်ဆန်ရဲ့ အဆိုပါ ပွဲစဉ်အတွက် ပွဲကြို လက်မှတ်တွေကို ရောင်းချပေးလျက်ရှိနေပြီး ပရိသတ်များ အနေနဲ့ လက်မှတ်များကို ၀ယ်ယူ ရင်း အောင်လအန်ဆန်နဲ့အတူ အလှူအတန်း တစ်ခုမှာ ပူးပေါင်းပါဝင်နိုင်မှာ လည်း ဖြစ်ပါတယ်။

Read more

ဝိတ်တန်းအလိုက် ချန်ပီယံများ ထပ်မံထွက်ပေါ်လာမည့် WLC ပြိုင်ပွဲလေးပွဲ ကျင်းပရန်စီစဉ်

ရန်ကုန် ဇွန် ၆

မြန်မာ လက်ခမောင်း ကုမ္ပဏီက တာဝန်ယူကျင်းပလျက်ရှိသည့် WLC လက်ဝှေ့ပွဲစဉ်များကို ၂ဝ၁၈ခုနှစ်အတွင်း ထပ်မံ ကျင်းပရန် စီစဉ်ထားပြီး ဝိတ်တန်းအလိုက် ချန်ပီယံများ ထွက်လာ ဦးမည်ဖြစ်ကြောင်း WLC ပြိုင်ပွဲများ၏ သတင်း ထုတ်ပြန်ရေး တာဝန်ခံ ကိုအောင်သူထံမှ သိရသည်။

Read more

အိန္ဒိယတွင် လောင်စာဆီဈေး ကြီးမြင့်၍ ရာပေါင်းများစွာ ဆန္ဒပြ

ကိုလ်ကတ္တား၊ ဇွန် ၇

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် လောင်စာဆီဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၆ ရက်တွင် ရာပေါင်းများစွာက ဆန္ဒပြကြသည်။

အရှေ့ပိုင်းမြို့ ကိုလ်ကတ္တားမြို့လယ်အနှံ့ ချီတက်ဆန္ဒပြကြစဉ် Trinamool Congress ပါတီအား ထောက်ခံသူ ဆန္ဒပြသူများက ဟင်းချက်ဂတ်စ်ဆလင်ဒါပုံစံတူများကို သယ်ဆောင်လာကြကာ ၀န်ကြီးချုပ် နာရိန္ဒြာမိုဒီအား ဆန့်ကျင်သော ဆောင်ပုဒ်များကို ဟစ်ကြွေးကြကြောင်း အီးပီအေသတင်းက ဖော်ပြသည်။

Read more

မလေးရှားဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးကနုတ်ထွက်

မလေးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး မူဟာမက် အီဘရာဟင်

 

မလေးရှားနိုင်ငံမှာ ငွေကြေးအရှုပ်တော်ပုံ တခုအကြောင်း အစိုးရသစ်က ဆက်လက် စုံစမ်း စစ်ဆေးနေချိန်မှာပဲ မလေးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ရာထူးကနေ နုတ်ထွက်သွားပါတယ်။

Read more

ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ် ၂၄နာရီ ကာဖျူး အမိန့်ထုတ်ပြန်

မတည်မငြိမ်ဖြစ်နေတဲ့ ပါကစ္စတန်နဲ့ အာဖဂန်နယ်စပ်မှာ ပါကစ္စတန် အာဏာပိုင်တွေက ၂၄နာရီ ကာဖျူး အမိန့်ကို တိုးချလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေသခံတိုင်းရင်းသားတွေနဲ့ စစ်သွေးကြွ တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပြီး လူ ၃ ဦးသေ၊ လူ၄၀ကျော် ဒဏ်ရာရရှိတာကြောင့် ဖြစ်ပါတယ်။

Read more

ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌအဖြစ် အီကွေဒေါ နိုင်ငံတကာရေးရာဝန်ကြီး ဂရေ့စ်ရွေးချယ်ခံရ


ဂျီနီဗာ ဇွန် ၆

အီကွေဒေါနိုင်ငံမှ နိုင်ငံတကာရေးရာ ဝန်ကြီးတစ်ဦးဖြစ်သူ မစ္စဖာနန်ဒါ အက်စ်ပီနိုစာ ဂရေ့စ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဥက္ကဋ္ဌအဖြစ် အင်္ဂါနေ့က ရွေးချယ်ခဲ့ကြောင်း သိရ သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂအထွေထွေညီလာခံသည် မူဝါဒချမှတ်မှုအပိုင်းတွင် အဆင့်အမြင့် ဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ယင်းကဲ့သို့ အရေးပါသောနေရာတွင် အမျိုးသမီးတစ်ဦးကို ခန့်အပ်ခြင်းမှာ ကုလသမဂ္ဂသမိုင်းတွင် စတုထ္ထအကြိမ် မြောက်ဖြစ်ကြောင်း သိရသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ညီလာခံတက်ရောက်ခဲ့သည့် လူငယ်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင် ဇွန်လ (၆) ရက်နံနက် (၁၁) နာရီက ပြည်ခိုင်ဖြိုးဗဟိုလူငယ်ညီလာခံသို့တက်ရောက်ခဲ့သည့် လူငယ်ပါတီဝင်များအား ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှတွေ့ဆုံ၍ လမ်းညွှန်သြဝါဒစကားပြောကြားကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ရန်ကုန်တိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များတိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ လူငယ်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ လူငယ်တာဝန်ခံများမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။ ထို့နောက် တိုင်းပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် ယနေ့လူငယ်ညီလာခံတက်ရောက်ခဲ့သည့်လူငယ်များအား တွေ့ဆုံရခြင်းမှာ ပါတီဥက္ကဌကြီး၏လမ်းညွှန်မှာကြားချက်များကို ပြန်လည်ပြောကြားလို၍ဖြစ်ကြောင်း
လူငယ်ပါတီဝင်များသည် မြို့နယ်ခရိုင်နှင့်တိုင်းပါတီကော်မတီရုံးများနှင့် အဆက်အသွယ်မပြတ်စေလိုကြောင်း၊ လူငယ်အင်အားများတိုးတက်အောင်ဆောင်ရွက်စေခြင်ကြောင်း၊ မြို့နယ်ခရိုင်တိုင်းပါတီများကလည်း လူငယ်များကို တာဝန်ပေးအပ်ကြဖို့လိုကြောင်း၊ လူငယ်ပါတီဝင်များကလည်း ပါတီလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဗဟုသုတရရှိမည့်စာအုပ်စာပေများကိုလည်း လေ့လာကြစေခြင်ကြောင်း၊ လူငယ်များပါတီတာဝန်များကိုတိုးမြှင့်ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။ ထို့နောက်ခရိုင်ပါတီဥက္ကဌများမှ လူငယ်ပါတီဝင်များနှင့်ပါတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲေ့ကြာင်းသိရှိရသည်။

Read more

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များ၏သားသမီးများထဲမှပညာရည်ထူးချွန်သူများကို လေးလတစ်ကြိမ်ပညာသင်ထောက်ပံ့စားရိတ်များ ပေးအပ်လျှက်ရှိရာ ဇွန်လ (၆) ရက်နေ့ နေ့လည် (၁၂:၃၀) နာရီက ပညာသင်စားရိတ်ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးအစည်းအဝေးခမ်းမတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းပါတီကော်မတီမှ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးကျော်စိုး၊ ခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်နှင့်ပညာသင်စားရိတ်ရရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဗဟိုကော်မတီဝင် ဦးတင်အောင်မှ ပညာသင်စားရိတ်ပေးအပ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများမှ ကျောင်းသား (၁၇) ဦးတို့အား ပညာသင်စားရိတ် လေးလအတွက် ကျပ် (၂၈၄၀၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

Read more