တိုက်စစ်မှူးအောင်သူကို ထိုင်းဘတ် ၅၀ သန်း ရရင် ရောင်းချမည်

ထိုင်းနိုင်ငံမှာ ခြေစွမ်းပြ ကစားနေတဲ့ တိုက်စစ်မှူး အောင်သူကို ပြောင်းရွှေကြေး ထိုင်းဘတ် ၅၀ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း) ရမယ်ဆိုရင် ရောင်းချသွားမှာဖြစ်ကြောင်း ရတနာပုံယူနိုက်တက် က ပြောဆိုထားပါတယ်။

Read more

ကန်ဟက်ဆီဂါဝါကို သုံးချီအတွင်း အလဲထိုး အနိုင်ယူမည်ဟု အောင်လအန်ဆန် ကြုံးဝါး

 MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် ပြိုင်ဘက်ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါကို သုံးချီ အတွင်း အလဲထိုးအနိုင်ယူမည်ဟု လက်ရှိ ချန်ပီယံ အောင်လအန်ဆန်က ကြုံးဝါးသည်။

အဆိုပါ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။

Read more

တူရကီ သမ္မတ အာဒိုဂန် ရွေးကောက်ပွဲ ထပ်မံအနိုင်ရကြောင်း ကြေညာ

အန်ကာရာ၊ ဇွန် ၂၅

တူရကီသမ္မတ တေယစ်အာဒိုဂန်က ဇွန် ၂၄ ရက်က ကျင်းပသော သမ္မတ ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရကြောင်း ကြေညာသည်။

မဲရလဒ် ၉၆ ရာခိုင်နှုန်း ရေတွက်ပြီးနောက် ယခုကဲ့သို့ ကြေညာခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲကော်မရှင်က တရားဝင် ရလဒ် မထုတ်ပြန်သေးပေ။

Read more

တရုတ်တွင် မုန်တိုင်းကြောင့် ရေကြီး၊ လူ ၃ဝဝဝ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးနဲ့ ဖုကျန်းပြည်နယ်ကဒေသတွေမှာ ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက  မုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီအတွက် လူ ၃ဝဝဝ ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ရပြီး ဒေသတွင်း ယာဉ် အသွားအလာတွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

Read more

နိုင်ဂျီးရီးယားမှာ မတူတဲ့ အုပ်စုတွေကြား တိုက်ခိုက်မှုကြောင့် လူရှစ်ဆယ်ကျော်သေ

အကြမ်းဖက်မှုကြောင့် သေဆုံးသူ ရှစ်ဆယ်ကျော်

 

နိုင်ဂျီးရီးယား နိုင်ငံမှာတောင်ထူထပ်တဲ့နေရာက တိရစ္ဆာန်အုပ် ထိန်းကျောင်းသူတွေနဲ့ လယ်သမားတွေကြား အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ၈၆ယောက် သေဆုံးခဲ့တယ်လို့ ရဲက အတည်ပြု ပြောကြားလိုက်ပါတယ်။

အိမ်အလုံးငါးဆယ်လောက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Read more

ဗီယက်နမ်မှာ အွန်လိုင်းကနေ ဘောလုံးပွဲ လောင်းကစားတဲ့ဂိုဏ်းကို ဖမ်းဆီး

ကမ္ဘာ့ဖလားဘောလုံးပွဲလို ပွဲကြီးကျင်းပနေချိန်အတွင်း ဗီယက်နမ်နိုင်ငံမှာ Online ကနေ ဘောလုံးပွဲ လောင်းကစားနေတဲ့ ဂိုဏ်းတစ်ခုကို အာဏာပိုင်တွေက ဖေါ်ထုတ်နိုင်ခဲ့ပြီး လူလေးဦးကို ဟိုချီမင်းမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဂိုဏ်းမှာ လည်ပတ်နေတဲ့ ငွေပမာဏ အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်တယ်လို့ ဆိုပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက် ခရိုင်ကော်မတီဝင်နယ်မြေတာဝန်ခံနှင့်အဖွဲ့ ရပ်ကွက်ပါတီဥက္ကဌ ရပ်ကွက်ကော်မတီဝင်များအား ကွင်းဆင်းထိတွေ့

 

ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ် ( ဆ) ရပ်ကွက်တွင် မန်းလေးခရိုင် ကော်မတီဝင်နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ညိမ်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ ကိုစံရ(ဘဏ္ဍာရေးမှူး)l မြို့နယ်ကော်မတီဝင် ဦးမြင့်ဇော်၊ အရန်ကော်မတီဝင် ဦးစောနိုင်တို့နှင့် ရပ်ကွက်ပါတီဥက္ကဌ၊ ရပ်ကွက်ကော်မတီဝင်များအား ကွင်းဆင်းထိတွေ့ခဲ့ပါသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းခန်းမတွင် နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီခွဲအချိန် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ တက်ရောက် အဖွင့် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းသားများအား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

Read more

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အမက ၁ သို့ သွားရောက်ပြီး ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ဘဏ္ဍာရေးမှူး ဦးဇော်မင်းနောင်တို့နှင့်အတူ ဇွန်၂၁ ရက်နေ့က အမက ၁ သို့ သွားရောက်ပြီး ကျောင်းသား/သူ ၃၈ ဦးအား တစ်ဦးလျှင် ၅ အုပ်နှုန်းဖြင့် ကျောင်းသုံးဗလာစာအုပ် ၁၉၀ အုပ်အား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြပါသည်။

Read more

ကျိုက်သံလ္လံစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ လှူဒါန်း

 

ဇွန်​လ ၁၇ ရက်​​နေ့တွင်​ မိုးသည်းထန်​စွာရွာသွန်းမှု​ကြောင့်​ မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့ကျက်​သ​ရေ​ဆောင်​ ​ရှေ့​ဟောင်းသမိုင်းဝင်​ ကျိုက်​သလ္လံ​စေတီ​တော်​မြတ်​ကြီး၏ ရင်​ပြင်​​တော်​ပြိုကမှု​ကြောင့်​ သာဓနိကအ​ဆောင်​အဦးများ ပျက်​စီးဆုံးရှုံးမှုများအား ပြန်​လည်​ပြုပြင်​မွန်းမံ့ရန်​ ပြည်​​ထောင်​စုကြံ့ခိုင်ေ​ရနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဌာနချုပ်​မှ ​ပေးပို့လှူဒါန်းသည့်​ ​ငွေကျပ်သိန်း ( ၁၀၀ )အား မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် အဖွဲ့ဝင်များမှ ယ​နေ့ မွန်းတည့်​ ၁၂ နာရီတွင်​ သွားရောက် လှူဒါန်းပါသည်။

Read more