မတရားပြုကျင့်တယ်ဆိုတဲ့ စွဲချက်နဲ့ ပေါင် ၁ ဘီလီယံလောက် စီရော်နယ်ဒို ဆုံးရှုံးဖွယ်ရှိနေ

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၀၉ တုန်းက အမေရိကန်မှာ မော်ဒယ်တစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒါသာမှန်ကန်ခဲ့ရင် သူ့ကို စပွန်ဆာပေးထားသူတွေ ဆီကနေ ပေါင် ၁ ဘီလီယံ လောက်အထိ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

Read more

လာမယ့်နှစ်လယ်ရွေးကောက်ပွဲမှာ တရုတ်က ကြားဝင်စွက်ဖက်နေလို့ အမေရိကန် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၅

တရုတ်နိုင်ငံဟာ သမ္မတဒေါ်နယ်ထရမ့်ကို အဓိကထောက်ခံတဲ့ ကျေးလက်တောနယ်ပြည်နယ်တွေက ထောက်ခံသူတွေကို မဲပေးမှု လမ်းလွှဲအောင် ကြိုးစားရင်း လာမယ့် နှစ်လယ်ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက် နေတယ်လို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က အောက်တိုဘာ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။

Read more

နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် အိန္ဒိယနိုင်ငံသို့ သမ္မတပူတင် ရောက်ရှိ

နယူးဒေလီ အောက်တိုဘာ ၎

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နှစ်ရက်ကြာခရီးစဉ် အဖြစ် အိန္ဒိယနိုင်ငံသို့ အောက်တိုဘာ ၄ ရက်တွင် ရောက်ရှိလာသည်။ အိန္ဒိယနှင့် ရုရှားတို့၏ နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် သမ္မတပူတင် လာရောက်ခြင်းဖြစ်ပြီး ¤င်း၏ခရီးစဉ်အတွင်း ကာကွယ်ရေး၊ အဏုမြူစွမ်းအင်၊ အာကာသနှင့် စီးပွားရေးတို့ အပါအဝင် နယ်ပယ်ကဏ္ဍမျိုးစုံ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးပြုလုပ်နိုင်မည့် သဘောတူညီချက်ပေါင်း ၂ဝ ခန့် ကို လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

Read more

မြောက်ကိုရီးယားတွင် နျူကလီးယား ဒုံးကျည်ထိပ်ဖူး ၆၀ မျှထိ ရှိနေနိုင်ဟု တောင်ကိုရီးယားခန့်မှန်း

မြောက်ကိုရီးယားတွင် နျူကလီးယား ဒုံးကျည်ထိပ်ဖူး ၆၀ မျှထိ ရှိနေနိုင်ကြောင်း တောင်ကိုရီးယား အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းသည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယား အစိုးရပိုင်းက ပထမဆုံးအကြိမ် တရားဝင် မှတ်ချက်ပေးမှုလည်း ဖြစ်လာသည်။

Read more

အောင်သူ လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာ ခံစားနေရ

လက်ကောက်ဝတ်ရိုးကျိုးနေသော လက်ရွေးစင်တိုက်စစ်မှူး အောင်သူ (ဓာတ်ပုံ – Police Tero FC )

 

ထိုင်းလိဂ်၌ ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက် စစ်မှူးအောင်သူသည် လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာကြောင့် အနားယူရမည်ဖြစ်ကြောင်း Police Tero အသင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ (ကယားပြည်နယ်တာဝန်ခံ)နှင့် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီနှင့် တွေ့ဆုံခြင်း

 

လွိုင်ကော် – အောက်တိုဘာ ၃

ယနေ့ ၃-၁၀-၂၀၁၈ ရက်နေ့ နေ့လည်(၁၁း၃၀)နာရီအချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ (ကယား ပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်နှင့် ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ တို့သည် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံပါ သည်။

Read more

ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)မှ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ

 

၂၀၁၈ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သံတွဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။

Read more

ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​တွင်​ ကျင်းပသော လူထု​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးတက်​​ရောက်​အား​ပေး

 

အောက်​တိုဘာ ၃၊ ကန်​ပက်​လက်

ချင်းပြည်​နယ်​၊မင်းတပ်​ခရိုင်​၊ကန်​ပက်​လက်​မြို့နယ်​၊ကန်​ပက်​လက်​မြို့၊မြို့မ(၂)ရပ်​ကွက်​၊အထက​ဘောလုံးကွင်းတွင်​ ယ​နေ့နံနက်​(၉)နာရီမှ(၁၀)နာရီ၃၀မိနစ်​အထိ ကျင်းပ​သောလူထု​တွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ခဲ့ကာ ကန်​ပက်​လက်​မြို့ နယ်​၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးမနားနိုင်း၏ ကိုယ်​​ရေးအကျဉ်းအား မြို့နယ်​ပါတီအတွင်း​ရေးမှူးဦးကီးပိုင်းမှ ဖတ်​ကြား​ပြီး​နောက်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့သည်​။

Read more

ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲကျင်းပပြုလုပ်

 

အောက်တိုဘာ(၃)၊ အရာတော်

မုံရွာခရိုင်​၊ အရာတော်မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ်​အမျိုးသမီးနှီး​နှောဖလှယ်​ပွဲ အခမ်းအနားကို(၃-၁၀-၂၀၁၈)​နေ့ နံနက်​(၉း၃၀)နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်​ပထမပိုင်းတွင်​ သဘာပတိအဖွဲ့နေရာယူပြီး​နောက်​ အခမ်းအနားကိုနိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ခဲ့သည်​။
ထို့​နောက်မုံရွာခရိုင်​ပါတီဥက္ကဌဦးအောင်တိုးက အဖွင့်​အမှာစကား​ပြောကြားပြီး ​အရာတော်မြို့နယ်​ပါတီ​ကော်​မတီဝင် ဒေါ်ဇင်မာကအမျိုးသမီးနှီး​နှောဖလှယ်​ပွဲကျင်းပမည့်​ အစီအစဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပြီး​နောက်​ အခမ်းအနားပထမပိုင်း အစီအစဉ်​များ ကျင်းပပြီးစီးခဲ့သည်​။

Read more

ဗဟိုအတွင်းရေးမှူးနှင့် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံ

 

ဖျာပုံ အောက်တိုဘာ ၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေး မှူး ဦးသန်းထွန်းက ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ နှင့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များနှင့် ယမန်နေ့နံနက် ၁၁ နာရီတွင် ဖျာပုံခရိုင် ပြည်ခိုင် ဖြိုးပါတီသင်တန်း ကျောင်းခန်းမ၌ တွေဆုံခဲ့ကြောင်း သိရသည်။

Read more