Author: USDP 2016
ဂျာမနီလက်ယာယိမ်း AfD ပါတီ အစ္စလာမ်ဆန့်ကျင့်ရေးမူဝါဒ ပြဌာန်း

ဘာလင်၊ မေ ၂
ဂျာမနီနိုင်ငံမှ လက်ယာယိမ်း AfD ပါတီက ပြတ်သားသည့် အစ္စလာမ်ဆန့်ကျင့်ရေးမူဝါဒကို ပြဌာန်းသည်။ ပါတီညီလာခံတွင် တက်ရောက်လာကြသူများက အစ္စလာမ်သည် ဂျာမနီအတွက် အစိတ်အပိုင်းတစ်ခုမဟုတ်ကြောင်း ပြောဆိုလျက် မျက်နှာပြည့်ဇာလွှာဖုံးခြင်းနှင့် ၀တ်ပြုဆုတောင်းမှုများကို ဆန့်ကျင်ကြောင်း ကြေသည်။
မွတ်စလင်အုပ်စုများနှင့် ပြည်တွင်းဆွေးနွေးပွဲများ လုပ်ဆောင်ရန် တိုက်တွန်းသည့် ညီလာခံ တက်ရောက်လာသူ ကိုယ်စားလှယ်တစ်ဦးမှာလည်း ၀ိုင်းဝန်း လှောင်ပြောင်ခံရသည်။
Read moreတရုတ်တွင် မေဒေးနေ့အားလပ်ရက် ခရီးထွက်သူများ လေဆိပ်တွင် သောင်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးခရိုင်ထဲမှာ မေဒေးနေ့ အားလပ်ရက် ခရီးထွက်သူတွေဟာ မြူထူတဲ့ အခြေအနေနဲ့ ကြုံရပြီး လေဆိပ်မှာ သောင်တင်ခဲ့ကြ ပါတယ်။
မီးခိုးမြူတွေဆိုင်းပြီး ကီလိုမီတာ ၂၀၀ လောက်အထိပဲ အဝေးဆုံး မြင်ရတာကြောင့် ချန်ဒူးမြို့ လေဆိပ်ကို ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက် ၄ နာရီ ၂၅ ကစလို့ ယာယီ ပိတ်ခဲ့ရပါတယ်။
Read moreဆိုမာလီယာ၌ ဘုရားကျောင်းပြိုကျမှု ကိုးဦးသေဆုံး

မိုဂါဒစ်ရှူး မေ ၁
ဆိုမာလီယာ၌ တည်ဆောက်လက်စ ဘုရားကျောင်း အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားရာ အနည်းဆုံး ကိုးဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
ဧပြီ ၃ဝ ရက်က မိုဂါဒစ်ရှူးမြို့တော်အနီး ဂရက်စ်ဘယ်လီခရိုင်၌ ဘုရားကျောင်း တည်ဆောက်ရာတွင် လူပေါင်း ၁ဝဝ ကူညီလုပ်ကိုင်လျက် ရှိရာ အောက်ခံကြမ်းခင်း ကွန်ကရစ် လောင်းနေစဉ် ရုတ်တရက် ပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် အပျက်အစီး များကြားတွင် လူများစွာပိတ်မိလျက် ရှိနေသေးကြောင်း သိရသည်။
ဘက်ဂဒက်မှာ အရေးပေါ် အခြေနေ ထုတ်ပြန်

အီရတ်နိုင်ငံ၊ ဘက်ဂဒတ်မြို့ဟာ တနင်္ဂနွေနေ့က နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်တော့မယ့် ဘက်ကို ယိမ်းယိုင် နေပါတယ်။ မြို့တော်ကို အရေးပေါ် အခြေအနေ ကြေညာထားရသလို၊ တချိန်က အလုံခြုံဆုံး ဒေသလို့ သတ်မှတ်ထားကြတဲ့ နိုင်ငံတကာဇုံကို ဆန္ဒပြသူတွေက သိမ်းပိုက်လိုက်ပြီး လွှတ်တော်အမတ်တွေဟာလည်း ထွက်ပြေးသွားခဲ့ကြသလို စစ်တပ်ဟာလည်း သတိအနေအထားနဲ့ ရှိနေပါတယ်။
Read moreရုရှားနိုင်ငံမှာ ကျင်းပတဲ့ Russian Grand Prix ဖော်မြူလာဝမ်းပြိုင်ပွဲမှာ နီကိုရော့စ်ဘတ် ဗိုလ်စွဲ

ရုရှားနိုင်ငံ ဆိုချီမှာကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစေးဒီးစ်အသင်းရဲ့ ဂျာမန်ကား မောင်းသမား နီကိုရော့စ်ဘတ် အနိုင်ရခဲ့ပါတယ်။
ဒါဟာ ရော့စ်ဘတ်တွက် ၂၀၁၆ခုနှစ်အတွင်းမှာ ကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲ ၄ရပ်စလုံးကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ ရော့စ်ဘတ်ရဲ့ အသင်းဖော် လူးဝစ် ဟာမီလ်တန်ကတော့ အဆင့် ၁၀နေရာက တာထွက်ခွင့်ရခဲ့ပေမယ့် ဒုတိယနေရာကနေ ပန်းဝင်နိုင်ခဲ့ပါတယ်။ ဖာရာရီအသင်းရဲ့ကီမီရိုင်ကွန်နန်ကတော့ အကောင်းဆုံး မောင်းနှင်ခဲ့ပြီး အဆင့် ၃ နေရာ ရခဲ့ပါတယ်။
Read moreလက်စတာ အဝေးကွင်းတွင် မန်ယူကို သရေကစား
စပါးနှင့် ချယ်လ်ဆီးပွဲ သရေ(သို့မဟုတ်) စပါးရှုံးလျှင် လက်စတာ ဖလားရမည်
မန်ယူကို အနိုင်ရလျှင် ပရီးမီးယားလိဂ်ဖလားရပြီဖြစ် သော လက်စတာသည် မန်ယူအိမ်ကွင်း၌ နောက်မှလိုက်ကစားကာ တစ်ဂိုးစီ သရေကျခဲ့သည်။
သို့သော် ယနေ့ညတွင် ယှဉ်ပြိုင်မည့် ချယ်လ်ဆီးနှင့် စပါးပွဲတွင် စပါးအသင်း ရှုံးနိမ့်ခဲ့လျှင် (သို့မဟုတ်) သရေကျခဲ့လျှင် လက်စတာအနေဖြင့် လက်ကျန်ပွဲများမှ ရလဒ်ကို ထည့်ထွက်စရာမလိုဘဲ ဖလားရသွားမည်ဖြစ်သည်။
Read moreမန်ယူက ခေါ်ယူဖို့ သေချာနေတဲ့ ဆန်ချက်ဇ်

ဘင်ဖီကာမှ ဆယ်ကျော်သက် လူငယ်ကွင်းလယ်ကစား ရေနာဒိုဆန်ချက်ဇ်ကို မန်ယူက ပေါင် ၄၆ သန်းနဲ့ ခေါ်ယူဖို့ သေချာနေတယ်လို့ ဆိုပါတယ်။
အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကွင်းလယ်ကစားသမား ဆန်ချက်ဇ်ကို ဇန်နဝါရီလကတည်းက မန်ယူက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါ တယ်။ ဆန်ချက်ဇ်ကို ဘင်ဖီကာက ၂ဝ၂၁ ခုနှစ်အထိ စာချုပ်ထားပါတယ်။ ဆန်ချက်ဇ် အတွက် ဘင်ဖီကာက ပေါင်သန်း ၆ဝ အထိရဖို့ မျှော်လင့်နေတာပါ။
Read moreလေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို AYA BANK CUP 2016 အမည်ဖြင့် ကျင်းပမည်

အိမ်ရှင်အဖြစ် ကျင်းပမည့် ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အထောက်အကူပြုစေရန် ရည်ရွယ်ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ပြည်တွင်းအခြေစိုက် AYA BANK CUP 2016 အမည် ဖြင့် ကျင်းပမည်ဟု သတင်းရရှိသည်။
အိမ်ရှင် မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ ဟောင်ကောင်အသင်းတို့ပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဇွန်လ ၃ ရက် မှ ၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
Read more
