Author: USDP 2016
ရော်နယ်ဒို လေ့ကျင့်ခန်းပြန်ဆင်း

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် တံကောက်ကြောဒဏ်ရာမှ ပြန်လည် သက်သာလာပြီးနောက် လေ့ကျင့်ခန်း ပြန်ဆင်းနေကာ ဗုဒ္ဓဟူးနေ့ညတွင် ကစားမည့် မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲ အတွက် ကြံ့ခိုင်မှု ပြည့်ဝလာဖွယ် ရှိသည်။
‘‘ချန်ပီယံလိဂ် ပွဲတိုင်းက ပထမဆုံးကစားတဲ့ ပွဲလိုပါပဲ။ ရီးရဲလ်ရဲ့ ဦးစားပေးကလည်း နိုင်ဖို့ ပါပဲ’’ဟု ရော်နယ်ဒိုက အသင်းဝက်ဘ်ဆိုက်တွင် ပြောကြားသည်။ ခက်ခဲသော စိန်ခေါ်မှုဖြစ်သော်လည်း အရာရာဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။ ထို့အပြင်မန်စီးတီးသည် အကောင်းစားအသင်းဖြစ်၍ အကြိုဗိုလ်လုပွဲသို့တက်လာခြင်း ဖြစ်သည်ဟု ရော်နယ်ဒိုက ဆိုသည်။
Read moreမန်စီးတီးကွင်းလယ်လူ ဆေးလ်ဗား ချန်ပီယံလိဂ် ဆီမီး ဒုတိယအကျော့ လွဲချော်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်အတွက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီး အလယ်တန်းလူ ဒေးဗစ်ဆေးလ်ဗား တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။
ပထမအကျော့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမှာ ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ် ဆေးလ်ဗားကတော့ မေ ၂၈ ရက်နေ့ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်မှသာလျှင် ကြံ့ခိုင်မှု ပိုကောင်းမယ်လို့ ဆိုပါတယ်။
Read moreမန်စီမြို့ ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍နွေရာသီ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပွဲ

မန်စီမြို့ ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍နွေရာသီ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေသည်။ အဆိုပါ သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ/သား ၄၂ ဦး တက်ရောက် မည်ဖြစ်ပါသည်။
Read more
၂ဝ၁၆ ခုနှစ် မေလ ၁ ရက် မေဒေးနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ကပေးပို့သောသဝဏ်လွှာ
လုပ်သားထုအပေါင်းတို့ခင်ဗျား-
ယနေ့ မေဒေးနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားထုကြီးအား အမှတ်တရဂုဏ်ပြုသော နေ့ထူး နေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်သားထုကြီး တစ်ရပ်လုံးကို ကိုယ်စားပြုပြီး မေဒေးနေ့ကို အခုလိုကျင်းပကြတဲ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ အစိုးရ လက်ထက်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ ၁၈၈၉ဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့၍ အလုပ်သမားအဖွဲ့ချုပ်ခုနစ်ဖွဲ့လည်း ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်း ပေါင်းများစွာ ပေါ်ထွန်းလာပြီး အလုပ်သမားရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည်များကိုလည်း တွေ့မြင်နေရပါတယ်။ အဓိကအဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့အပေါ် ကျွန်တော့်အနေဖြင့် အကြံပြုလမ်းညွှန်မှုပေးရပါလျှင် အချင်းချင်းစည်းလုံးညီညွတ်စွာ အတူတူပူးပေါင်းလုပ်ကိုင်နိုင်ရန် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုကို အဓိကထားသင့်ကြောင်း အကြံပြုလို ပါတယ်။
1.5.2016ကန်ကြီးထောင့်မြို့နယ်ရေတွင်းဆိပ်အုပ်စုရေတွင်းဆိပ်

ရွှေဂဲဆက်သွယ်ရေး လမ်းဖောက်လုပ်နေသော ဒေသခံပြည်သူများအား မြိုနယ်ပြည်ခိုင်ဖြိုးပါတီက အအေးမုန့်များလှုဒါန်းခြင်းဖြင့်ပါဝင်လုပ်အားပေးခဲ့ကြပါသည်။
Read more
အိမ်ကွင်းအားသာချက်ဖြင့် အက်သလက်တီကိုကို ကျော်ဖြတ်ရန် ဘိုင်ယန်မျှော်လင့်

ပထမအကျော့တွင် အက်သလက်တီကိုအား ၁-၀ ဂိုး ဖြင့် ရှုံးခဲ့ခြင်းကို အိမ်ကွင်းအား သာချက်ရယူ၍ သုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ရန် ဘိုင်ယန်မြူးနစ်က မျှော်လင့်နေသည်။ ၂၀၁၄ အကြိုဗိုလ်လုပွဲတွင် ရီးရဲလ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ဘိုင်ယန်သည် အိမ်ကွင်း၌ ကစားသော ချန်ပီယံလိဂ် ပွဲစဉ်အားလုံး အနိုင်ရရှိထားရာ လာမည့် အင်္ဂါညတွင် ထပ်မံအနိုင်ရရှိပါက မန်ယူ၏ ၂၀၀၆-၀၉ က စံချိန်ကို လိုက်မီနိုင်မည်ဖြစ်သည်။
Read more



