ရှန်ဟိုင်းမြို့ လေဆိပ်တစ်ခုမှာ မီးလောင်မှုဖြစ်ပြီး ၂ ဦး သေဆုံး

2016-04-29-092505

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Hongqiao လေဆိပ် မြေအောက်ထပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး သုံးဦး  ဒဏ်ရာရရှိခဲကြောင်း People’s Daily သတင်းက ပြောပါတယ်။

လေဆိပ်ရှိ အဆောက်အအုံ မြေအောက်ထပ်မှာ ပြင်ဆင်မှုပြုလုပ်စဉ် ယနေ့ (ဧပြီ ၂၉ ရက်) ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း People’s Daily ရဲ့ တရားဝင် ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြပါတယ်။

Read more

နိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း မိုးသီးကြွေ လေပြင်းတိုက် မိုးကြိုးပစ်ခြင်းများဖြစ်နိုင်ဟု မိုး/ဇလထုတ်ပြန်

ir_enh_asian_0

ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်သည်။ နေ့အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေထု မငြိမ်သက်မှု နှင့်အရှေ့ဘက်မှ အနောက် ဘက်သို့ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မိုးထစ်ချုန်း ရွာသွန်းခြင်း နှင့် အတူ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း များကို ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထူးခြားမိုးလေ၀သ အခြေအနေဟု သတိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။

Read more

တောင်တရုတ်ပင်လယ်တွင် အမေရိကန် လေတပ်ကင်းလှည့်

13063051_1701390823434752_9097644500050748192_o

ဝါရှင်တန် ဧပြီ ၂၈

တရုတ်တို့က အငြင်းပွားကျွန်းတွင် မြေပြုပြင်ခြင်း လုပ်ငန်းများပြုလုပ်ရန် ပြင်ဆင်နေသည့်အပေါ် စိုးရိမ်မှုများမြင့်တက်နေချိန် အမေရိကန် လေတပ်သည် ဖိလစ်ပိုင်အခြေစိုက်စခန်းမှနေ၍ တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့် စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဧပြီ ၂၈ ရက်က ဖော်ပြသည်။ 

Read more

လက်ဘနွန်စစ်ဘက်ထိုးစစ်တွင် အိုင်အက်စ်ခေါင်းဆောင်တစ်ဦး သေဆုံး

တောင်ထူထပ်သော ဆီးရီးယားနိုင်ငံနှင့် နယ်စပ်တွင် လက်ဘနွန်စစ်ဘက်၏ ထိုးစစ်အတွင်း အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် တစ်ဦးအား သတ်ဖြတ်နိုင်ခဲ့သည်ဟု လက်ဘနွန်အမျိုးသား သတင်းအေဂျင်စီနှင့် လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောသည်။

နာရစ်အယ်လ်ရှာလန်းသည် ယင်းဒေသမှ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင်ဟု လုံခြုံရေးသတင်း ရင်းမြစ်က ပြောကြားသည်။

 ၎င်းသည် အဘူဖော့ဇ်ဟူ သော အမည်ကိုလည်း အသုံးပြုကြောင်း နိုင်ငံတော် မီဒီယာက ဖော်ပြသည်။

Read more

အမေရိကန်က အီရန်အပေါ် ပိတ်ပင်မှုများကို စာရွက်ပေါ်တွင်သာ ဖယ်ရှားနေဟု ခါမေနီပြောကြား

Iran's Supreme Leader Ayatollah Ali Khamenei poses before delivering a speech marking Nowruz, the Iranian New Year, in this handout photo released by the Iranian Supreme Leader website on March 20, 2016. leader.ir/Handout via REUTERS/File Photo ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. FOR EDITORIAL USE ONLY. NO RESALES. NO ARCHIVE. TPX IMAGES OF THE DAY

အမေရိကန်နိုင်ငံသည် အီရန်အပေါ် တားဆီးပိတ်ပင်မှုများကို စာရွက်ပေါ်တွင်သာ ဖယ်ရှားနေပြီး လက်တွေ့တွင် စီးပွားရေး လုပ်ငန်းများ ကြောက်ပြီး အီရန်မှ ထွက်ပြေးအောင် လုပ်ဆောင်နေသည်ဟု အီရန်ထိပ်သီး ခေါင်းဆောင် အယာတိုလာအလီ ခါမေနီက ပြောကြားသည်။

Read more

လီဗာပူးနောက်တန်းလူ ဆာခိုအား ရက်ပေါင်း ၃၀ ဆိုင်းငံ့

Sakho_AFP

လီဗာပူးနောက်ခံလူ မာမာဒူဆာခိုသည် ဆေးစစ်မှုကျခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာ ကြားနာခဲ့ပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) က ၎င်းအား ရက်ပေါင်း ၃၀ ဆိုင်းငံ့ခဲ့သည်။

UEFA ကျင့်ဝတ်နှင့် စည်း ကမ်းထိန်းချုပ်ရေးအဖွဲ့၏ အပြီး သတ်ဆုံးဖြတ်ချက်မထွက်ပေါ်မီ ဆာခိုအား လတ်တလော ၃၀ ရက် ဆိုင်းငံ့ခြင်းဖြစ်သည်။

Read more

ကမ္ဘာ့ကံအဆိုးဆုံး လောင်းကစားသမား တစ်ဦး

518875206

ချန်ပီယံဖြစ်တော့မယ့် လက်စတာဘက်က လောင်းကြေးထပ်ခဲ့တာတောင် အနိုင်မရပဲ အရှုံးပေါ်သွားပါတယ်။  ကမ္ဘာ့ကံအဆိုးဆုံး လောင်းကစားလုပ်တဲ့ သူတွေအထဲမှာ လက်စတာစီးတီး ပရိသတ်တစ်ဦးကို  ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ ရာသီအစတုန်းက လက်စတာချန်ပီယံဖြစ်မယ်လို့ သူလောင်းကြေး ထပ်ခဲ့ပေမယ့် အနိုင်ရရှိရမယ့်အစား တကယ်တမ်းမှာတော့ သူက စတာလင်ပေါင် ၅ ပေါင် အရှုံးတွေ့သွားပါသေးတယ်။

Read more

ဒဏ်ရာကြောင့် ရော်နယ်ဒို မန်စီးတီးနှင့် ဒုတိယအကျော့ပွဲကိုလည်း လွဲချော်နိုင်

1461730425_cristiano-ronaldo-real-madrid

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ကြွက်သားစုတ်ပြတ်ဒဏ်ရာ ခံစားနေရကြောင်း စစ်ဆေးမှုများအရ သိရှိရပြီးနောက် ၎င်းသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခွင့် အဖြေပေါ်မည့် မန်စီးတီးနှင့်ပွဲကို လွဲချော်နိုင်ကြောင်း အားကစားသတင်း ၀က်ဘ်ဆိုက် Goal က ဖော်ပြသည်။

အင်္ဂါနေ့က မန်စီးတီးကွင်းတွင် ဂိုးမရှိသရေကျခဲ့သော ပွဲမတိုင်မီ ရော်နယ်ဒိုသည် MRI စစ်ဆေးမှုခံယူခဲ့ရာ တံကောက်ကြော စုတ်ပြတ်ဒဏ်ရာခံစားနေရကြောင်း တွေ့ရှိခဲ့သည်။

Read more

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း မြန်မာအသင်းနည်းပြ ပြော

10885367-480904442077955-3685263195784210062-n

၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးသည် မြန်မာအသင်း၏ ဦးစားပေး ရည်မှန်းချက် ဖြစ်သော်လည်း ဇွန်လအတွင်း ကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ကြိုးပမ်းမည်ဟု နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

Read more

ခါးနာခြင်းအတွက် အိမ်တွင်းဆေး(၆)မျိုး

13087619_1088856844511499_2191035237066076860_n

ခါးနာတာဟာ အတော်အခံရခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခါးနာဖူးပါတယ်။ ကာလရှည် နာခဲ့တဲ့ ခါးပါ။ အရှင်းပျောက်သွားတယ်ရယ်လို့ မရှိခဲ့ပါဘူး။ အခုတော့ အွန်လိုင်းပေါ်မှာ ဆေးနည်းလေးတွေ တွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်။

(၁) ချင်း(ဂျင်း) ဂျင်းက ပူပါတယ်။ ဒဏ်ကြောင့်ဖြစ်တဲ့ ခါးနာရောဂါကို နိုင်နင်းပါတယ်။ ဂျင်းအနည်းငယ်ကို ထောင်းပြီး နာနေတဲ့ နေရာကိုမိနစ် (၂၀) လောက် လိမ်းပေးပါ။ တစ်နေ့ကို လေးကြိမ်လောက် လုပ်ပေးရင် ခါးနာရောဂါ ပျောက်ကင်းပါတယ်။

Read more