Author: USDP 2016
ပီရူးမူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ကို ကိုလံဘီယာအစိုးရက လွှဲပြောင်းပေး

မူးယစ်ဘုရင်တစ်ဦးဟု နာမည်ကျော်သူ ပီရူးနိုင်ငံသား ဂါဆင်အယ်ဒိုင်ယာဂေါဗက်ဇ်ကို ဖမ်းမိပြီးနောက် ကိုလံဘီယာရဲတပ်ဖွဲ့က မီဒီယာများအား ပြသနေစဉ် (John Vizcaino/reuters)
ပီရူးနိုင်ငံ၏ အလိုအရှိဆုံး လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်ဟုဆိုသူ ဂါဆင်ဂေါ ဗက်ဇ်ကို ကိုလံဘီယာနိုင်ငံက ပီရူးနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ ကာရာကိုလ် (သို့မဟုတ်) ခရုဟုခေါ်သော ဂေါဗက်ဇ်ကို မယ် ဒင်လင်မြို့ရှိ ဈေးဝယ်စင်တာတစ် ခုတွင် ကိုလံဘီယာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Read moreအာဖဂန်ဆေးရုံကို မှားယွင်းတိုက်ခိုက်ခဲ့မှုသည် စစ်ရာဇဝတ်မှု မဟုတ်ဟု အမေရိကန် ငြင်းဆို
အမေရိကန် လေတပ်က အာဖဂန် နစ္စတန် ဆေးရုံတစ်ခုကို လေကြောင်းမှ မှားယွင်း တိုက်ခိုက်ခဲ့မိခြင်းသည် စစ်ရာဇဝတ်မှု မဟုတ်ဟု ပင်တဂွန် စစ်ဌာနချုပ်က ဖြေရှင်း ပြောကြားခဲ့သည်။
အာဖဂန် မြောက်ပိုင်းရှိ ရန်ပုံငွေ ဆေးရုံတစ်ခုကို အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးက တာလီဘန်များ စီးနင်းသိမ်းယူထားသည့် အဆောက်အအုံ တစ်ခုအဖြစ် မှားယွင်းယူဆကာ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၄၂ ဦး သေဆုံးခဲ့သည်။
Read moreဆီးရီးယားငြိမ်းချမ်းရေး တိုးတက်မှုရှိရန်မျှော်လင့်ကြောင်း ကယ်ရီ ပြော

ဂျီနီဗာ မေ ၂
တိုက်ခိုက်မှုများအဆုံးသတ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်ပြီး ဆီးရီးယားရှိ စစ်ရေးလေ့ကျင့်မှု ရပ်နားခြင်း သဘောတူညီမှုအသစ်ကို နောက်လာမည့်နှစ်ရက်အတွင်း ဂျီနီဗာ၌ ဆွေးနွေးမည်ဖြစ်ရာ ကောင်းမွန်တိုးတက်မှု ရှိစေရန် မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မေ ၁ ရက်နေ့တွင် ပြောခဲ့သည်။
Read moreချယ်လ်ဆီးကို စပါးအသင်း သရေသာ ကစားနိုင်ခဲ့သည့်အတွက် လက်စတာအသင်း ပွဲမကုန်မီ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားခဲ့

စပါးအသင်းသည် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို သရေသာ ကစားနိုင်ခဲ့သည့်အတွက် လက်ကျန်(၂)ပွဲအလိုတွင် လက်စတာအသင်းနှင့် (၇)မှတ်ကွာဟကာ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရသည်။
စပါးအသင်းသည် (၃၅)မိနစ်တွင် ဟာရီကိန်း၊ (၄၄)မိနစ်တွင် ဆွန်ဟောင်မင်တို့၏ဂိုးများဖြင့် ပထမပိုင်းတွင် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းအတွက် (၅၈)မိနစ်တွင် ကာဟေးလ်၊ (၈၃)မိနစ်တွင် ဟာဇက်တို့က ချေပ ဂိုးများ ပြန်လည်သွင်းယူခဲ့သည့်အတွက် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
Read more