ယူနိုက်တက်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဒီဂီယာသုံးနှစ်ဆက် ရရှိ

David-de-Gea

မေ ၃၊ မန်ချက်စတာ ။           ။ မန်ချက်စတာယူနိုက်တက်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂိုးသမားဒီဂီယာက သုံးနှစ်ဆက်အဖြစ် ရရှိသွားသည်။

ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့သည့် ဂိုးသမားသည် တနင်္လာနေ့က အိုးထရက်ဖို့ဒ်တွင် ပြုလုပ် သောတစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲတွင် ယင်းဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

Read more

ဂွါဒီယိုလာလက်ထက် ချန်ပီယံလိဂ်နောက်ဆုံး (၃)နှစ်ဆက် ဆီမီးဖိုင်နယ်ကို မကျော်လွန်နိုင်ခဲ့တဲ့ ဘိုင်ယန်

13151722_1020641351325083_544709294737460600_n

ဒီနေ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းကြောင့် ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့်လည်း ဂွါဒီယိုလာလက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး (၃)နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်ရဲ့ လူစာရင်းမှာ ပထမအကျော့တုန်းက ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့တဲ့ မူလာ၊ ရစ်ဘာရီတိြု့ ပန်လည် ပါဝင်လာခဲ့ပြီး ဗီဒယ်လ်၊ အလွန်ဆို၊ ဒေါက်ဂလပ်ကော်စတာနဲ့ တိုက်စစ်မှာ လီဝန်ဒေါ့စကီးတို့ကိုပဲ ပွဲထွက် စေခဲ့ပါတယ်။ တီကိုကတော့ နောက်ခံလူဂိုဒင် တစ်ဦးတည်းသာ ပြန်လည်အသုံးပြုခဲ့ပြီး ပထမအကျော့က လူစာရင်းအတိုင်းပဲ ပွဲထွက်ခဲ့တာပါ။

Read more

တံတောင်နှင့်တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် စွဲချက်တင်ခံရ

Fellaini-and-Robert-Huth-Photo-Sky-Sports

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာအသင်း နောက်ခံလူ ရောဘတ်ဟုသ်ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က စွဲချက်တင်ထားပါတယ်။

မေလ ၁ ရက်နေ့က မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ဖလာမီနီက တံတောင်နဲ့ ဟုသ်ကို တွက်မိသလို ဟုသ်ကလည်း ဖလာမီနီဆံပင်ကို ဆွဲခဲ့ပါတယ်။

Read more

ရီပတ်ဘရီကန်သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရန့် အနိုင်ရ

Republican presidential candidate Donald Trump smiles as he speaks during a primary night news conference, Tuesday, May 3, 2016, in New York. (AP Photo/Mary Altaffer)

ဝါရှင်တန်၊ မေ ၅ ။              ။ အမေရိကန်နိုင်ငံတွင် ကျင်းပနေသည့် ပါတီသမ္မလောင်းရွေးကောက်ပွဲများတွင် အင်ဒီယာနားပြည်နယ်ရွေးကောက်ပွဲတွင် ရီပတ်ဘရီကန်သမ္မတလောင်းရွေးကောက်ပွဲ၌ တဒ်ခရုဇ်က ဒေါ်နယ်ထရန့်ကို အပြတ်အသတ် ရှုံးနိမ့်ကာ မဲဆွယ်စည်းရုံးရေးများမှ ထွက်ခွာသွားရပြီဖြစ်သည်။

ပါတီတွင် အများစုအကြိုက်မတွေ့သည့် နယူးယောက်စီးပွားရေးသမားတစ်ဦးဖြစ်သည့် ထရန့်က ပါတီသမ္မတလောင်းအဖြစ် ရွေးကောက်ခံရဖို့ရန် ကျိန်းသေ သွားပြီလည်း ဖြစ်သည်။

Read more

နျူကလီးယားဗုံးကိစ္စနှင့်ပတ်သက်ပြီး ဂျပန်ကို အမေရိကန်တောင်းပန်မည်မဟုတ်ဟု အိမ်ဖြူတော် ပြော

13177046_1703165586590609_4494025927553629068_n

ဝါရှင်တန် မေ ၃

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမေရိကန်နိုင်ငံအနေဖြင့် ၁၉၄၅ ခုနှစ် ဂျပန်နိုင်ငံ ဟီရိုရှီးမား အဏုမြူဗုံး ကိစ္စနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံကို တောင်းပန်ရန် အကြွေးကျန်ရှိသည်ကို မယုံကြည်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့စ်အားနက်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

Read more

ကနေဒါတောမီးကြောင့် မြို့လုံးကျွတ် နေရပ်ပြောင်းရွှေ့

19849419874979

ဖို့မတ်မာရေး၊ မေ ၄ ။            ။ ကနေဒါနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းရာ ဖို့မတ်မာရေးမြို့ရှိ နေထိုင်သူ ၆၀၀၀၀ နီးပါးမှာ မြို့လုံးကျွတ် နေရပ်ပြောင်းရွှေ့ခဲ့ရသည်။

တောမီးက အိမ်အတော်များများကို လောင်ကျွမ်းပျက်စီးစေပြီး လမ်းပေါ်တွင် ပြာမှုန့်များ ဖုံးလွှမ်းသွားစေသည်။

မြို့သူမြို့သားများ တောမီးမှ အလုအယက်ထွက်ပြေးကြခြင်းကြောင့် မြို့အ၀င် အဓိကလမ်းမကြီးတွင် ပိတ်ဆို့မှုများ ဖြစ်နေသည်။

Read more

G-7 အစည်းအဝေးတွင် ပြင်သစ်နှင့် ဂျပန် အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှု ပြုလုပ်ရေးသဘောတူ

13166049_1703164663257368_1854802728860079176_n

ပါရီ မေ ၃

ဂျပန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ ခေါင်းဆောင်များသည် လာမည့် G-7 အစည်းအဝေးကာလအတွင်း အကြမ်းဖက် တန်ပြန်တိုက်ခိုက်မှု လုပ်ဆောင်ချက် အစီအစဉ်ကို ကြေညာရန် သဘောတူခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်တွင် ဖော်ပြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် ပြင်သစ်သမ္မတ ဖရန်ကွိုက် ဟော်လန်ကို ပါရီတွင် တနင်္လာနေ့က တွေ့ဆုံခဲ့သည်။ G-7 အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် က္ဘာ့စီးပွားရေး၊ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးနှင့် ဥရောပသမဂ္ဂ ဒုက္ခသည်ကိစ္စ စသည့်များပြားလှသော အရေးကိစ္စများအပေါ် ခိုင်မာသော ထုတ်ပြန်ဖော်ပြချက်များ ပြုလုပ်လာမည်ဟု မျှော်လင့်ကြောင်း အာဘေးက ပြင်သစ်သမ္မတ ဟော်လန်ကိုပြောကြားခဲ့သည်။

Read more

ပါတီမှ အနားယူခွင့်ပြုသူများကိစ္စနှင့် ရှုပ်ထွေးအောင် လက်မှတ်အဟောင်းများဖြင့် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရေး တောင်းဆိုခြင်းသာဖြစ်

24779696-01052016

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီအတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ

13087511_380413142133819_2111344492800710008_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယနေ့ နေ့လည် ၁နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်း ဒေသကြီး (အရှေ့) ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များ၊ ပဲခူး၊ သနပ္ပင်၊ ဝေါ၊ ဒိုက်ဦးနှင့် က၀ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များမှ ရပ်ကျေးစည်းရုံးမှူးများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်လည်း တက်ရောက် သည်။

Read more

ဇီကာ ဗိုင်းရပ်အန္တရာယ် ယခင်ယူဆထားသည်ထက် ပိုကြီးမားဟု ပညာရှင်များပြော

_89539636_capture

ရီယိုဒီ ဂျနေးရိုး၊ မေ ၂ ။             ။ ခြင်မှတဆင့် ကူးစက်သော ဇီကာ ဗိုင်းရပ်ပိုးသည် ယခင်ထင်ထားသည်ထက် ပိုမို အန္တရာယ်များနိုင်ကြောင်း ဘရာဇီး သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

ဇီကာ ဗိုင်းရပ် ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး ငါးဦးအနက် တစ်ဦးသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်နိုင်ချေ ပိုမိုများပြားကြောင်း အဆိုပါသုတေသနတွင် ဦးဆောင်နေသည့် ပညာရှင်များက ဘီဘီစီကို ပြောကြားခဲ့သည်။

Read more