ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်

13081804_1136480829709399_320826700_n

အစိုးရသစ်သက်တမ်း တစ်လကျော်လာချိန်တွင် ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက မေလ ၃ ရက်၌ သတင်းထုတ်ပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း တင်သွင်းခွင့်ရထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့တွင် ဒုဝန်ကြီးတစ်ဦးစီ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ မေလ ၃ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် မြင့်နွယ်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် သန်းထွဋ်တို့အား ခန့်အပ်တာဝန်ပေးလိုက် ခြင်းဖြစ်သည်။

Read more

ဒေသခြောက်ခု နေရာကွက်မိုးကြီးနိုင်၊ ချင်းပြည်နယ်၌ မြေပြိုအန္တရာယ်သတိထားရန် ဒေါက်တာထွန်းလွင် သတိပေး

TMD

တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ချင်းပြည်နယ်၌ မြေပြိုမှုအန္တရာယ် ကြိုတင်သတိထားရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။ တိဗက်ကုန်းမြေမြင့်ပေါ်သို့ ထိုးဆင်းလာသော လေအေးများနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေနွေးများ ထိတွေ့မှုဖြစ်ပြီး ဟိမဝန္တာ တောင်ခြေ တစ်လျှောက်တွင် မိုးတိမ်တောင်များတန်းစီ၍ ဖြစ်ပေါ်နေပြီး အဆိုပါမိုးတိမ်တောင်များ ပိုမိုအားကောင်းလာကာ အထက်ပိုင်းဒေသများ၌ နေရာကွက်၍ မိုးသည်း ထန်စွာ ရွာနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ မေလ ၅ ရက်တွင် နေရာကွက်ကျား မိုးသည်းထန်စွာ ရွာနိုင်သော ဒေသများအဖြစ် ချင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနှင့် ချင်း၊ကချင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့ကို သတိပေးထားသည်။

Read more

အိမ်ကွင်းအားကိုးဖြင့် ဗီလာရီးရဲလ်ကို ကျော်ဖြတ်ရန် လီဗာပူးမျှော်လင့်

epa05281844 Villarreal CF's Congolese striker Cedric Bakambu (R) fights for the ball with Brazilian midfielder Lucas Leiva (L) of Liverpool during the UEFA Europa League semi final, first leg soccer match between Liverpool and Villarreal CF played at El Madrigal stadium in Villarreal, eastern Spain, 28 April 2016.  EPA/JUAN CARLOS CARDENAS

လီဗာပူးသည် ယနေ့ညတွင် အန်းဖီးလ်ကွင်း၌ ကစားမည့် ဗီလာရီးရဲလ်နှင့် ယူရိုပါလိဂ် ဒုအကျော့တွင် အိမ်ကွင်း အားသာချက် အားကိုးမည်ဖြစ်သည်။ ပထမအကျော့က ဗီလာရီးရဲလ်ကွင်းတွင် စည်းကမ်းအပြည့် ကစားခဲ့သော လီဗာပူးသည် ပွဲ ပြီးခါနီး၌ အက်ဒနီယန်လိုပဇ်စ်၏ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

Read more

ပရီးမီးယားလိဂ်ကို လက်စတာဗိုလ်စွဲမှုမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ရန် ခက်ခဲဟု ရာနီရေရီ ပြော

33CA58FA00000578-0-image-a-17_1462310529568

မေ ၄၊ လက်စတာ

လက်စတာအသင်း ချန်ပီယံဖြစ်ပြီးနောက် အင်္ဂလန်၏ ချမ်းသာသောကလပ်များသည် ပရီးမီးယားလိဂ်ကို နှစ် ၂၀ ခန့် လွှမ်းမိုးထားလိမ့်မည်ဟု နည်းပြ ရာနီရေရီက ပြောသည်။

ပေါင် ၅၇ သန်းသာတန်ဖိုးရှိသည့် လက်စတာအသင်းလူစာရင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတစ်ဝက်လောက်မှ အသင်းတိုင်းထက် တန်ဖိုးနည်းလွန်းသည့် ပမာဏဖြစ်သည်။

Read more

မန်ချက်စတာစီးတီးကိုနိုင်ပြီး ရီးယဲယ်မက်ဒရစ်ဖိုင်နယ်တက်”

13173085_1175930519108518_776422132062328934_o13151621_1712192982366919_3754704313862379033_n

“ရီးယဲယ်မက်ဒရစ် 1 – 0  မန်ချက်စတာစီးတီး” 

ညပိုင်းမှာကစားတဲ့ ရီးယဲယ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲမှာ ၁၀ကြိမ်ချန်ပီယံ ရီးယဲယ်မက်ဒရစ်က ပထမပိုင်းမှာသွင်းတဲ့ တစ်လုံးတည်သေားဂိုးနဲ့ဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ရီးယဲယ်အသင်းမှာ ဘန်ဇီမာဒဏ်ရာက မသက်လို့ မပါနိုင်ပေမယ့် ရော်နယ်လ်ဒိုပြန်ပါလာခဲ့သလို မန်ချက်စတာစီးတီးဖက်မှာလည်း ယာယာတိုရေးပါဝင်ခဲ့ပါတယ်။

Read more

ဧရာဝတီဖလားလေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပထမဆု ဒေါ်လာနှစ်သောင်းချီးမြှင့်မည်

13162280_576282699215544_1662071011_n

လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ဧရာဝတီဘဏ်က စပွန်ဆာစာချုပ်ချုပ်ဆိုပွဲကျင်းပနေစဉ် (ဓာတ်ပုံ − MFF)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ဧရာဝတီဘဏ်ဖလား နိုင်ငံတကာ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ပထမဆုကို ဒေါ်လာနှစ်သောင်းနှင့် ဆုဖလား ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၆ ဇွန်လ ၃ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း အပါအ၀င် စင်ကာပူ၊ ဟောင်ကောင်၊ ဗီယက် နမ်အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Read more

NATO နဲ့အပြိုင် ရုရှားတပ်မကြီးတွေ ဖြန့်ထားမည်

1611984984

အရှေ့ဥရောပမှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် NATO အဖွဲ့ရဲ့ စစ်အင်အားကြီးထွားလာမှုကို တန်ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံက နယ်စပ်တလျှောက်မှာ တပ်မ ၃ ခု ဖြန့်ချထားမယ်လို့ ပြောပါတယ်။

ရုရှားရဲ့အနောက်ဘက်နဲ့ တောင်ဘက် နယ်စပ်တလျှောက်မှာ တပ်မသစ်တွေကို ချထားမှာဖြစ်တယ်လို့လည်း မော်စကိုမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး အပြီးမှာ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Read more

အိုင်အက်စ်ကို လိုလားထောက်ခံသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို စင်ကာပူ ရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီး

456474-bangladeshi-nationals-detained-singapore-afp

ဇာတိနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကျူးလွန်ရန် စီစဉ်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို စင်ကာပူ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)ကို လိုလားသူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်တွင် အိုင်အက်စ် တပ်ဖွဲ့ခွဲ တည်ထောင်ရန် ကြိုးစားနေကြကြောင်း စင်ကာပူက ကြေညာခဲ့သည်။ ယခုကိစ္စသည် ၆ လအတွင်း ဒုတိယအကြိမ် အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အကြမ်းဖက်မှု သံသယ တရားခံများကို ဖမ်းဆီးခြင်းလည်း ဖြစ်လာသည်။

Read more

အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲမှ နုတ်ထွက်ကြောင်း တက်ခရုဇ် ကြေညာ

Republican U.S. presidential candidate Ted Cruz announces that he is dropping out of the 2016 race for the Republican presidential nomination as his wife Heidi looks on at his Indiana primary night rally in Indianapolis, Indiana, U.S. May 3, 2016. REUTERS/Chris Bergin

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အကြီးအကျယ် ရှုံးနိမ့်သွားတဲ့အတွက် ပြိုင်ပွဲကနေ နုတ်ထွက်ပြီလို့ တက္ကဆက်ပြည်နယ် လွှတ်တော်အမတ် တက်ခရုဇ် (Ted Cruz) က မေလ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

တက္ကဆက်ပြည်နယ် ရွေးချယ်ပွဲတွေမှာ အကြီးအကျယ် အနိုင်ရလိုက်တဲ့အတွက် ရှေ့ကနေ ဦးဆောင်နေတဲ့ အိမ်ခြံမြေ ဘီလီယံနာသူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်က ရီပတ်ဗလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် တိုက်ရိုက်အရွေးခံရရေး သေချာသလောက် ဖြစ်လာပါတယ်။

Read more