ဘရာဇီးသမ္မတကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

13124459_1703543133219521_4452948067276072244_n

ရီယိုဒီဂျနေးရိုး မေ ၎

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး သမ္မတ ဒီလ်မာရူးဆက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဘရာဇီး ထိပ်တန်း ရှေ့နေများက တောင်းဆိုခဲ့ကြကြောင်း အင်္ဂါနေ့တွင် ဒေသမီဒီယာများက ဖော်ပြခဲ့သည်။ ကမ္ဘာ့ခုနစ်ခုမြောက် အကြီးဆုံး စီးပွားရေးကို ဦးဆောင်နေပြီး သောကကြုံနေသော ခေါင်းဆောင်အတွက် အဆိုပါ စုံစမ်းစစ်ဆေးမှုသည် သမ္မတရာထူးမှ ဖယ်ရှားခံရမည့် အနေအထားဖြစ်နေသည်။

Read more

ကျပ် ၅၀ တန် အီလက်ထရောနစ်ထီ လုပ်မယ်

Lottery-prize-shwe-la-min-myat-su-kadae-aung-bar-lay

ပြည်တွင်းက ၀င်ငွေနည်းလူတန်းစားတွေ ကံစမ်းနိုင်မယ့် ကျပ် ၅၀ တန် အီလက်ထရောနစ်ထီ စနစ်ကို အကောင်အထည်ဖော် သွားဖို့ရှိတယ်လို့ သိရပါတယ်။

 ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေကနေ ထီထိုးနိုင်တော့မှာဖြစ်ပြီး လွှတ်တော်မှာ အောင်ဘာလေထီ ဥပဒေကို ပြဌာန်းပြီးရင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လတ်တလောဖွင့်လှစ်နေတဲ့ အောင်ဘာလေ ထီဆုကိုလည်း အမြင့်ဆုံးဆု ကျပ်ငွေသိန်း တစ်သောင်းထိ တိုးမြှင့်ပေးသွားဖို့စီစဉ်နေပြီး ကျပ်၂၀၀ တန်ထီ လက်မှတ်အပြင် ကျပ်၅၀၀တန် ထီလက်မှတ်တွေလည်း ထုတ်ဝေရောင်းချ ပေးသွားဖို့ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာန ညွန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။

Read more

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကွန်ရက်ချဲ့နိုင်ခဲ့ခြင်းကြောင့် တယ်လီနောကုမ္ပဏီအုပ်စု ၀င်ငွေစံချိန်တင်

k11

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ဆက်သွယ်ရေးကွန်ရက် တိုးချဲ့နိုင်ခဲ့ခြင်းကြောင့် ၂၀၁၆ ပထမ သုံးလပတ်၌ နော်ဝေးအခြေစိုက်တယ်လီနောအုပ်စုသည် စံချိန်တင် ၀င်ငွေရရှိခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ တယ်လီနောမြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၁၄ အောက်တိုဘာတွင် ဆက်သွယ်ရေး ကွန်ရက်စတင်ခဲ့ပြီး ဒုတိယဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်ထားကာ ၀င်ငွေရရှိမှု တိုးတက်ရှိနေကြောင်း၎င်းတို့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

Read more

မင်းပြားမြို့အနီး စစ်တွေ-ရန်ကုန်ကားလမ်းရှိ ရာမောင်ကြိုးတံတား အကြီးစားပြင်ဆင်မည်

13081804_1136480829709399_320826700_n

မင်းပြားမြို့အနီး စစ်တွေ-ရန်ကုန် ကားလမ်းပေါ်ရှိရာမောင်ကြိုးတံတားသည် နှစ်ကာလကြာမြင့်လာခြင်း၊ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုများ၍ ကြံ့ခိုင်မှု လျော့နည်းလာခြင်းတို့ကြောင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၈)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘တံတား  စတင် တည်ဆောက်ချိန်က ခြောက်ဘီးကား ဖြတ်သန်းဖို့လောက်ပဲ ထည့်တွက်ခဲ့ပုံရပါတယ်။

Read more

အပြုံးမပျက် ပြည်သူ့အတွက်

Soe Aung8

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သဲကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးရဲလင်းအောင်၊ ဦးစောထွဋ်နှင့် အုပ်ဖိုအုပ်စု ပါတီခေါင်းဆောင် ဦးဝင်းသိန်း၊ ဦးခင်စိုးတို့ ပါဝင်သော လူငယ်များသည် မေလ (၃) ရက်နေ့က သဲကုန်းမြို့ နှောကုန်းကျေးရွာသို့ သွားရောက်၍ သောက်ရေသန့်ဘူး (၁၀၄) ဘူး လုပ်အားဒါန ကုသိုလ်ယူ လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

လေဘေးဒဏ်ကြောင့် ပျက်စီးသွားသောအိမ်များသို့ ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေများ ပေးအပ်

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်းရေးမှူး ဦးသိန်းထွန်းဦးနှင့် ပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်စောမြိုင်၊ ဒေါ်ဇာလီထွန်း၊ ဦးဇော်အောင်ထက် တို့သည် လေဘေးဒဏ်သင့်မှုကြောင့် အိမ်များပျက်စီးဆုံးရှုံးသွားခဲ့သော မကျည်းကိုင်းကျေးရွာမှ ပြည်သူများထံသို့ မေလ (၂) ရက် နံနက် (၁၁) နာရီအချိန်က အိမ်တိုင်ယာရောက် သွားရောက်၍ တိုင်းဒေသကြီးပါတီမှ ပေးအပ်သော ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြသည်။

Read more

ပြည်နယ်ပါတီနှင့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံ

SN4

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ပါတီနှင့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၂) ရက် မွန်းလွဲ (၁) နာရီခွဲအချိန်က  ခရိုင်ပါတီအစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် တွဲဖက်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းကော်၊ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

Read more

အသင်း၏ ထိပ်သီးကစားသမားတွေကို ရောင်းချမည်မဟုတ်ဟု လက်စတာအသင်းပိုင်ရှင်များ ဆို

TITLE_main_2838119a

မေ ၃၊ လက်စတာ ။             ။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက်တွင် လက်စတာအသင်းပိုင်ရှင်များက အသင်းမှ ထိပ်သီးကစားသမားများကို ရောင်းချမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိတွင် ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့် မာရက်ဇ်အား ဘာစီလိုနာနှင့် ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေသလို ကွင်းလယ်လူ ကန်တီကိုလည်း ဥရောပထိပ်သီးအသင်းကြီးများက စိတ်ဝင်စားလျက် ရှိနေကြသည်။

Read more