လက်ပံတန်းမြို့နယ် ပြည်ခိုင်ဖြိုးမှ အမာခံကေဒါများ ကွင်းဆင်းဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဧပြီ (၂၃) ရက်မှစ၍ ပြည်ခိုင်ဖြိုး ပါတီမှ အမာခံကေဒါများကို ရပ်/ ကျေး (၅၃) အုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန် ထိ (၃၆) အုပ်စုတွင် ကျေးရွာပေါင်း (၂၂၂) ရွာ၌ အမာခံကေဒါများ (၃၆၆) ဦး ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

Read more

တာချီလိတ်ပြည်ခိုင်ဖြိုး မီးဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်း

IMG_5677

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းသည် ခရိုင်အတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးကျဒေါလော်၊ ဦးချမ်းမြ၊ ဦးအောင်ဝင်း၊ စည်းရုံးရေးမှူး ဦးစိုးကျော်အောင်၊ ဦးလော်ဖာ၊ ဦးဘိုဘိုမောင်၊ ပါတီဝင်လူငယ်များ၊ ပါတီဝင်အမျိုးသမီးအဖွဲ့ဝင်  အင်အား(၂၀)ဦးတို့သည် ဧပြီလအတွင်းက တောမီးမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းသဖြင့် လူနေအိမ်(၁၃) လုံးနှင့် ဘုရားရှိခိုးကျောင်း (၁)ကျောင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု ကျထိနားရွာသို့ မေလ (၉) ရက် နံနက်ပိုင်းက သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

Read more

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

Kachin2

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြည်နယ်ပါတီရုံး၌ မေလ (၁၀) ရက် နံနက် (၉) နာရီအချိန်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

Read more

မြင်းခြံပြည်ခိုင်ဖြိုး ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးအောင်ဇံ၊ ခရိုင်ပါတီ ကော်မတီဝင် ဦးကျော်ဆန်းဦး၊ မြင်းခြံမြို့နယ်ပါတီ အတွင်းရေးမှူး ဦးမိုးဇော်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုပေါင်း၍  မေလ (၈) ရက်နေ့က မြင်းခြံမြို့နယ်အဆုံး ငါန်းဇွန်မြို့နယ်နှင့် ထိစပ် နေသည့် ညောင်ဝန်းကျေးရွာသို့ သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Credit – Myo Kyaw Zin

Read more

မြောင်းမြခရိုင်ပါတီအတွင်းရေးမှူး မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၁၀) ရက် နံနက် (၁၀) နာရီအချိန်က မြောင်းမြခရိုင်ပါတီရုံးတွင် ပြုလုပ်ရာ မြောင်းမြခရိုင် ပါတီအတွင်းရေးမှူး ဒေါက်တာဌေးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုါ် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၏ ဧပြီလ (၂၇)ရက်နေ့ ကယားပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း လမ်းညွှန်ခဲ့မှုများကို အကောင်အထည် ဖော်သည့်အနေဖြင့် ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ ဦးဆောင်၍ ပြည်နယ် ပါတီဝင်များ၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ် အတွင်းရေးမှူးများ ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီဝင်များသည် ယခုလ (၅)ရက်နေ့နှင့် (၉)ရက်နေ့တို့တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးတွင် အဓိကကျသော အောက်ခြေရပ်ကွက်နှင့် ကျေးရွာအဆင့် ပါတီကေဒါ ပြင်ဆင် ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။

Read more

မြ၀တီပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

13219690_241322012892795_188500556_n

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့် ပါတီကော်မတီဝင်များ၊ ရွေးချယ်ဖွဲ့စည်းထားသော ရပ်/ကျေး ပါတီစည်းရုံးရေးမှူးနှင့် ပါတီကေဒါများ လပတ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို မေလ (၉) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးရာ၌ ပါတီဗဟိုတွဲဘက်အထွေထွေအတွင်းရေးမှူး၏ လုပ်ငန်းလမ်းညွန် မှာကြားချက်များကို ပါတီကေဒါများ သိရှိလိုက်နာ ကျင့်သုံးစည်းရုံး ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပါတီဥက္ကဋ္ဌမှ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီဝင်များမှ အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

Read more

ဘာစီလိုနာအသင်းသားအားလုံး ရီးရဲလ်ကို ဖလားလက်မဲ့ဖြစ်စေလိုဟု မက်ဆီ ပြော

52365345345

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ငါးကြိမ်ရရှိ ထားသော ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၎င်းတို့အသင်းသား အားလုံးသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးရဲလ်က အက်သလက်တီကိုကို ရှုံးနိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

လာလီဂါ လက်ရှိချန်ပီယံ ဘာကာသည် ကွာတားဖိုင်နယ်တွင် အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ပြီး အက်သလက် တီကိုက ဘိုင်ယန်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

Read more

Upton Parkကွင်းရဲ့ နောက်ဆုံးပွဲမှာ မန်ချက်စတာယူနိုက်တက် ရှုံးနိမ့်ခဲ့

13133098_1025190457536839_4210593379238071254_n

၁၁၂နှစ်ကြာကစားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Upton Park ကွင်းရဲ့ နောက်ဆုံးပွဲမှာ အိမ်ရှင် ၀က်စ်ဟမ်းက ချန်ပီယံလိဂ်ဝင်ခွင့်ကြိုးစားနေတဲ့ မန်ချက်စတာယူ နို်က်တက်ကို အနိုင်ရသွားခဲ့ပါတယ်။ ဘီလစ်ရဲ့ ၀က်စ်ဟမ်းမှာ အန်ဒီကားရိုးလ်၊ ဆာခို၊ နိုဘယ်လ်၊ ပါယတ်၊ လန်ဇီနီတို့နဲ့ လူစုံပါဝင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လည်း ရူနီ၊ မာတာ၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်၊ စမောလင်းတို့နဲ့လူစုံပါဝင်ခဲ့ကြပါတယ်။

Read more

လီဗာပူးလ်အသင်းက လာမယ့် ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက်

13420160510143730946_o

လီဗာပူးလ်အသင်းကတော့ လာမယ့် ၂၀၁၆-၂၀၁၇ ခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက် ပြသလိုက်ပါတယ်။

ကြိုးကြာနီတွေရဲ့ အောင်မြင်ခြင်းတွေ ပြန်လည်ယူဆောင်လာပေးမယ့် ဝတ်စုံသစ်ကိုတော့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ၊ ကော်တင်ဟို ၊ ဂိုးသမား မစ်ဂ်နိုလက်နဲ့ နောက်ခံလူ ဖလာနာဂန်တို့အပြင် လီဗာပူးလ် အမျိုးသမီးဘောလုံး ကစားသမားတွေဖြစ်ကြတဲ့ ဂမ်မာဘွန်နာနဲ့ နာတာရှာဟာဒင်းတို့က ဝတ်ဆင် ပြသခဲ့တာပါ။

Read more