မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ပဏာမ လူစာရင်းထုတ်ပြန်

4182852482824

မကြာခင်ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ နိုင်ငံတကာပွဲတွေအတွက်   မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းရဲ့ ပဏာမကစားသမား ၂၆ ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် မေလ ၂၈နေ့ မလေးရှား လက်ရွေးစင် အသင်းနဲ့ ကစားမယ့် ပွဲစဉ်နဲ့ ဇွန်လဆန်း ကျင်းပမယ့်  AYA BANK CUP 2016 ပြိုင်ပွဲတွေအတွက်  ပဏာမ လက်ရွေးစင် ကစားသမားစာရင်းကို ထုတ်ပြန်လိုက်တာပါ။

Read more

ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ်မစ်ခေါင်းဆောင်အား ကြိုးပေး

_89600085_d4297caf-caa0-445e-b8f5-a97f54e5dd6e

ဒါကာ၊ မေ ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲအတွင်း ရာဇ၀တ်မှုများ ကျုးလွန်ခဲ့သည့်အတွက် အစ္စလာမ်မစ်ခေါင်းဆောင်အား ကြိုးပေးကွပ်မျက်သည်။

အသက် ၇၃ နှစ်အရွယ် မိုတီအူရက်ရှ်မန်နီဇာမီအား ဒေသစံတော်ချိန် မေ ၁၁ ရက် အစောပိုင်းက ကွပ်မျက်ခဲ့သည်ဟု ဥပဒေရေးရာဝန်ကြီး အန်နီဆူးဟတ်က အတည်ပြုသည်။

Read more

တစ်ကမ္ဘာလုံးတွင် စစ်ကြောင့်နေရပ် စွန့်ပစ်ထွက်ပြေးရသူပေါင်း သန်း ၄၀ ကျော်ရှိ

Part-PAR-Par8199041-1-1-0

လန်ဒန်၊ မေ ၁၁

တစ်ကမ္ဘာလုံးတွင် စစ်ပွဲပဋိပက္ခများကြောင့် နိုင်ငံတွင်း၌ပင် နေရပ်ပြောင်းရွှေ့ရသူပေါင်းသည် ယမန်နှစ်ထက် တိုးတက်များပြားလာကာ စံချိန်တင်အဖြစ် ၄၀ ဒဿမ ၈ သန်းရှိကြောင်း မေ ၁၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်က ဖော်ပြသည်။

Read more

ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအို အထက်လွှတ်တော်အမတ် ဖြစ်လာရန် သေချာသလောက်နီးပါး ရှိလာ

surveys-show-pacquiao-is

မေလ ၁၀ ရက်က ရွေးကောက်ပွဲရလဒ်များအရ  ဖိလစ်ပိုင် နိုင်ငံသား ကမ္ဘာ့လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုသည် နိုင်ငံ၏ အထက်လွှတ်တော် အမတ်တစ်နေရာ အနိုင်ရရှိရန် သေချာသလောက်နီးပါး ဖြစ်ခဲ့ပြီဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် ရှေ့လာမည့်ကာလတွင် ဖိလစ်ပိုင် သမ္မတ ရာထူးတာဝန် ရယူနိုင်ရန် မက်ခဲ့သော ၎င်း၏ အိပ်မက်သည်လည်း ပိုမို နီးစပ်လာခဲ့ပြီဟု သိရသည်။

Read more

မူဆလင်များနိုင်ငံအတွင်း ၀င်ရောက်ခွင့် ပိတ်ပင်မည်ဟု ဆိုသော်လည်း လန်ဒန်မြို့တော်ဝန်အသစ်ကိုမူ ခြွင်းချက်ထားမည်ဟု ဒေါ်နယ်ထရန့်ပြော

13217347_1705655013008333_1331382623896979204_o

နယူးယောက် မေ ၁ဝ

သမ္မတလောင်း ဒေါ်နယ်ထရန့်သည် ၄င်းအဆိုပြုထားသည့် မူဆလင်များ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်သည့် အဆိုပြုမှုနှင့်ပတ်သက်၍ လန်ဒန်မြို့တော် ဝန်အသစ်ကို ခြွင်းချက်ထားရမည်ဟု ပြောကြားခဲ့သည်။
လန်ဒန်မြို့တော်ဝန်အသစ်အဖြစ် ရွေးကောက်တင် မြှောက်ခံထားရသူမှာ ပါကစ္စတန်ရွှေ့ပြောင်းလုပ်သား ဘတ်စ်ကား ဒရိုင်ဘာတစ်ဦး၏ သားဖြစ်ပြီး တနင်္ဂနွေနေ့က လန်ဒန်မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

Read more

နိုင်ငံနှင့် ပြည်သူအကျိုးအတွက် အသက်ခန္ဓာပေးလှူသူများ

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လေးပုံတစ်ပုံ (၂၅ရာခိုင်နှုန်း) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်း၍ ခန့်အပ်တာဝန် ပေးသော လွှတ်တော်ကိုယ်စားလှယ်များဟုဆိုကြသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ပြည်တွင်းသောင်းကျန်းမှုကြောင့် ၁၉၄၈-၄၉ တွင်တစ်ကြိမ်၊ အာဏာရဖဆပလ အဖွဲ့ချုပ် အတွင်း အစိတ်စိတ်အမြွှာမြွှာကွဲကြပြီး အာဏာလု၊ လက်နက်စုကြသဖြင့် သွေးချောင်းစီးလုနီး ၁၉၅၈-၅၉ တွင်တစ်ကြိမ်၊ ရှမ်းပြည်နယ်ဖက်ဒရယ်မူလှုပ်ရှားမှုဖြင့် ပြည်ထောင်စုပြိုကွဲလုဆဲဆဲ ၁၉၆၂ တွင် တစ်ကြိမ်၊ တိုင်းဆူပြည်ဖျက်ဆူပူမှုဖြင့် မင်းမဲ့စရိုက်လွှမ်းမိုးလာကာ ပြည်ပအင်အားကြီးနိုင်ငံတစ်ခုမှ ရေတပ်စစ်သင်္ဘောငါးစင်း မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသည့်အတွက် နိုင်ငံ ပြိုကွဲပြီး အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးလုဆဲဆဲ ၁၉၈၈ တွင်တစ်ကြိမ် စသော နိုင်ငံပြိုကွဲမည့် အခြေအနေများဖြစ်ခဲ့ဖူးသည်။
ထိုဖြစ်ရပ်တိုင်းတွင် တပ်မတော်က နိုင်ငံကို ဝင်ရောက်ထိန်းသိမ်းကာကွယ်ခဲ့ရသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် နောက်နောင်တွင် ထိုကဲ့သို့အခြေအနေများ ထပ်မံမကြုံရလေအောင် တပ်မတော်သားကိုယ်စားလှယ်များက လွှတ်တော်များအတွင်း၌ ပါဝင်တင်ပြ၊ ဆွေးနွေး၊ အကြံပြု၊ တိုက်တွန်း၊ တားမြစ်ခွင့်ရှိစေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေခဲ့ရခြင်းဖြစ်ပေသည်။
အမှန်စင်စစ် တပ်မတော်သားကိုယ်စားလှယ် လေးပုံတစ်ပုံသည် ဒီမိုကရေစီပုံစံအရ လွှတ်တော် ကိုယ်စားလှယ် လေးပုံသုံးပုံကို အရေအတွက် (မဲဆန္ဒ) အရ မကျော်လွှားနိုင်ပါ။ တပ်မတော်သား ကိုယ်စားလှယ်များက နိုင်ငံတွင်ကျရောက်နိုင်သော ဘေးအန္တရာယ်များကို ထောက်ပြလာလျှင် ကျန် ကိုယ်စားလှယ်များအနက် နိုင်ငံတော်အကျိုးကို အမျိုးသားရေးအမြင်ရှိသူများအားလုံး သို့မဟုတ် လေးပုံသုံးပုံ၏ ထက်ဝက်နီးပါးက ထောက်ခံလာပါက နိုင်ငံ၌ မဖြစ်တန်သည်များမဖြစ်စေရန် ကာကွယ် နိုင်မည်ဖြစ်သည်။

Read more

“ပါတီဝင်တိုင်းသည် ပါတီစည်းမျဉ်း/စည်းကမ်းများကို လိုက်နာကြရန်လိုကြောင်း” ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံစဉ်ပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ထောင်ကုန်းလမ်းထောင့်ရှိ တိုင်းဒေသကြီး ပါတီ ရုံးခန်းမ၌ မေလ (၉) ရက်နေ့ နံနက် (၉) နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ငပုတော၊ သာပေါင်း ခုနစ်မြို့နယ်မှ ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးတာဝန်ခံများ တွေ့ဆုံပွဲပြုလုပ်

Woman3

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် မေလ (၈) ရက် နေ့က အမျိုးသမီးထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီ ၀င်များဖြစ်ကြသော ဒေါက်တာစန်းစန်းနွယ်နှင့် ဒေါ်စန်းစန်းဝင်းတို့တက်ရောက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းရှိ အမျိုးသမီး များ ဘ၀လုံခြုံရေးနှင့် စားဝတ်နေရေး/အလုပ်အကိုင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Read more

သောက်သုံးရေများ စဉ်ဆက်မပျက် လှူဒါန်းပေး

13151637_1723478157939993_2418376820908246890_n

မွန်ပြည်နယ် သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သဒ္ဒါဖြုစင်အဖွဲ့တို့ ပူးပေါင်းကာ သထုံမြို့နယ်အတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း လျှက်ရှိရာနွေရာသီကာလတွင် သထုံမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ သောက်ရေ၊ သုံးရေများ အဆင်ပြေစေရန် အတွက် သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ သဒ္ဒါဖြုစင်အဖွဲ့တို့ ပူးပေါင်းကာ ကျေးရွာနေ ပြည်သူများထံ နေရော၊ ညပါ နေ့စဉ်မပျက် လှူဒါန်းပေးဝေနေကြောင်း သိရှိရသည်။

Read more

မိုးညိုပြည်ခိုင်ဖြိုးပါတီမှ အမာခံ(ကေဒါ)များ ဖွဲ့စည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အမာခံ (ကေဒါ) များကို ရပ်/ကျေးအုပ်စု ၄၂ အုပ်စုအတွင်း လိုက်လံဖွဲ့စည်းရာ ခရိုင် ပါတီကော်မတီဝင် ဦးမြတ်ထင်ကျော်က အနီးကပ်ကြီးကြပ်ပြီး မြို့နယ် ပါတီအတွင်းရေးမှူး ဦးနန်းဦးက လမ်းညွှန်စီစဉ်၍ ဧပြီ (၂၆) ရက်မှစတင်ကာအဖွဲ့နှစ်ဖွဲ့ခွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ယနေ့ထိ ရပ်/ကျေး (၃၁) အုပ်စုကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

Read more