မိုးမိတ်၊ သီပေါမြို့နယ်များတွင် အမာခံပါတီကေဒါများ ရွေးချယ်ပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် လက်ခုပ်ပင်အုပ်စု၊ လယ်ကြီးအုပ်စု၊ မန်ကျည်းပင်အုပ်စုများတွင်လည်းကောင်း၊ သီပေါမြို့နယ် မြန်မာရပ်တွင် လည်းကောင်း၊ မေလ (၁၈) ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံပါတီကေဒါများရွေးချယ်ပြီးစီးခဲ့ကြောင်း သိရသည်။


Read more

ဆီဗီလာသည် ၁၀ နှစ်အတွင်း ယူရိုပါလိဂ်ဖလား ငါးကြိမ်ရသည့် တစ်ခုတည်းသောအသင်း ဖြစ်လာ

13239290_1716624038617643_5316331727781031189_n

ဥရောပချန်ပီယံဆီဗီ လာအသင်းသည် လီဗာပူးကို အနိုင်ယူကာ ၂၀၁၆  ယူရိုပါလိဂ် ဖလား ရရှိခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခုအတွင်း ဖလားငါးကြိမ်ရရှိ သည့် ပထမဆုံးအသင်းဖြစ်လာ သည်။ သို့သော်ဆီဗီလာအသင်း အနေဖြင့် ချန်ပီယံလိဂ်တွင် ခြေ စွမ်းပြကစားနိုင်ရန် လိုအပ်သည် ဟု ဘောလုံးလေ့လာသူများက ထောက်ပြပြောဆိုသည်။

Read more

ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ရော်ဂျာဖက်ဒါရာ နုတ်ထွက်

13235131_1717413685178182_8348560130262494670_o

ဆွစ်ဇာလန်နာမည်ကျော်တင်းနစ်သမား ရော်ဂျာဖက်ဒါရာသည် မကြာမီစတင်တော့မည့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ဆွစ်ဇာလန် တင်းနစ်သမား စတန်ဝေါ်ရင်ကာဖြစ်သည်။

အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် ရော်ဂျာဖက်ဒါရာသည် နောက်ကျောဒဏ်ရာ သက်သာလာခြင်းမရှိသည့်အတွက် ပြိုင်ပွဲမတိုင်မီ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

Read more

ကစားသမားသစ် သုံးလေးဦးခန့် ၀ယ်ယူမည်ဟု လက်စတာအသင်း ဒုဥက္ကဋ္ဌ ပြော

44464169498498

မေ ၂၀၊ ဘန်ကောက်

လာမည့်ရာသီသစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ကစားသမားသစ် သုံးလေးဦးခန့် ခေါ်ယူသွားမည် ဖြစ်ကြောင်း လက်စတာ အသင်း၏ ဒုတိယဥက္ကဋ္ဌ အီရာဝက် ဆရီဗက်ဟာနာ ပရက်ဟာက ပြောဆိုလိုက်သည်။

လက်စတာအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သောကြောင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်မှ စတင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ လာမည့်နွေရာသီတွင်လည်း အင်တာနေရှင်နယ်ချန်ပီယံဖလားပြိုင်ပွဲကို ကစားရမည်ဖြစ်ပြီး အက်ဖ်အေဖလားချန်ပီယံနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်ကိုလည်း ကစားရမည် ဖြစ်သည်။

Read more

ဗီလာကိုဝယ်သည့် တရုတ်သူဋ္ဌေး ကစားသမားဝယ်ရန် ပေါင် သန်း ၅၀ သုံးမည်

Aston-Villa-new-boss-Xia-Jiantong-Reuters

အင်္ဂလန် ပရီးမီးယားလိဂ်က တန်းဆင်းသွားရတဲ့ အက်စ်တွန်ဗီလာအသင်းကို ၀ယ်ယူတဲ့ တရုတ်သူဋ္ဌေး ဒေါက်တာ တိုနီဇီက မန်နေဂျာသစ်အနေနဲ့ ကစားသမားတွေ ၀ယ်ယူဖို့ ပေါင်သန်း ၅၀ ပေးသွားမယ်လို့ ဆိုပါတယ်။

ကလပ်အသင်းအတွက် ပေါင်သန်း ၂၀ ကနေ ၃၀၊ ၃၀ ကနေ သန်း ၄၀၊ ၄၀ ကနေ သန်း ၅၀ အထိ အသုံးစာရင်း ရှိသလို နည်းပြသစ်ရောက်လာမှ ဒါကို အတည်ပြုမယ်လို့ ဇီက ပြောပါတယ်။

Read more

လူမည်းအမျိုးသမီးကို ရဲက ပစ်သတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

_89636043_gregsuhrap

မေ ၂၀

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက လူမည်းများ ရဲများ၏ ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်စဉ်များကြောင့် လူမျိုးရေးပြဿနာရပ်များရှိထားခဲ့ရာ ယခုအခါတွင်လည်း လူမည်းအမျိုးသမီးတစ်ဦးကို ရဲအရာရှိတစ်ဦးက ပစ်ခတ် ဖမ်းဆီးခဲ့မှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါလူမည်းအမျိုးသမီးမှာ ကားတစ်စီးကို ခိုးယူမောင်းနှင်လာသည်ဟု ယူဆရသောကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ဖမ်းဆီးခဲ့စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Read more

ထိုင်ဝမ် သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင် ထိုင်ဝမ်နှင့်တရုတ် ပေါင်းစည်းရေး မူဝါဒကို ချန်လှပ်ခဲ့

12832441_10153222230106065_5237681737822793689_n

သမ္မတအဖြစ် ပထမဆုံး ပြောဆိုသည့် မိန့်ခွန်းတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က တရုတ်က လိုလားသည့် တစ်ပေါင်း တစ်စည်းတည်း မူဝါဒကို ချန်လှပ် သွားခဲ့ကြောင်း သိရသည်။

ဆိုင်သည် ထိုင်ဝမ်ကို တရုတ်က နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမည်ကို မလိုအပ်သူ တစ်ဦးအဖြစ် လူသိများသည်။ ဇန်နဝါရီ ရွေးကောက်ပွဲတွင် သူမ၏ပါတီ အနိုင်ရကတည်းက တရုတ်အစိုးရက ဆိုင်ကို သံသယကြီးကြီး စောင့်ကြည့်နေခဲ့သည်။

Read more

ရုရှား၏ရန်ကို ကာကွယ်မည့် NATO၏ ကာကွယ်ရေးကွန်ရက် စီမံကိန်း အပြီးသတ်နိုင်လုနီးပါး ဖြစ်လာ

nato-group-photo

NATO အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ စုပေါင်း ဓာတ်ပုံအရိုက်ခံစဉ်။

 

ရုရှား၏ ရန်လို ခြိမ်းခြောက်မှုများကို ကာကွယ်ရန် NATO စစ်မဟာမိတ်တပ်ဖွဲ့က ဥရောပ အရှေ့ပိုင်း၌ စစ်ဘက် ကာကွယ်ရေး ကွန်ရက်တစ်ခု ချိတ်ဆက် တည်ဆောက်နေမှုမှာ အပြီးသတ်လုနီးပါး ရှိနေပြီဟု သိရသည်။

Read more

ပျောက်ဆုံး အီဂျစ်လေယာဉ်ကို နိုင်ငံပေါင်းစုံ ပူးပေါင်း ရှာဖွေနေ

HT_Egyptian_Military_search_jrl_160519_12x5_1600

ရှာဖွေရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် အီဂျစ် စစ်သင်္ဘောတစ်စီး။

 

ပျောက်ဆုံးနေသည့် အီဂျစ်လေကြောင်းပိုင် လေယာဉ်ကို နိုင်ငံစုံမှ ပူးပေါင်းကာ ဧရိယာ ကျယ်ပြန့်စွာ ဖြန့်ကျက် ရှာဖွေနေကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန် သည် စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး Dr. Vivian Balakrishnan အား လက်ခံတွေ့ဆုံ

_DSC6106

_DSC6113 _DSC6114

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီး ဦးသိန်းစိန်က စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးရာ ၀န်ကြီး Dr. Vivian Balakrishnan အား ယနေ့ (မေလ ၁၉ ရက်) နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

????????????????????????????????????

 

Read more