မိတ္ထီလာပြည်ခိုင်ဖြိုးပါတီဝင်များရဲ့ သန့်ရှင်းရေးလုပ်အားဒါန

MTL2

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ မေလ (၂၆) ရက် နံနက်ပိုင်းက ကမ်းးနားအရှေ့ကျောင်းတိုက်အတွင်း ကုဋီဆေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အောင်ဇေယျာရပ်ကွက် နယ်မြေ(၂) အတွင်းရှိ ရေဆိုးကန်နှင့် အမှိုက်ကျင်းများအား ခြင်၊ ယင် ပေါက်ပွားမှုလျော့နည်းစေရန် ဆေးဖြန်းခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။

ဓူဝံ

Read more

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chan-o-Cha အား ဂါရ၀ပြုတွေ့ဆုံ

13305259_980739998713532_2163112648467207006_o

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ (၂၆) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော်အစိုးရရုံးသို့ သွားရောက်ပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ် General Prayuth Chan-o-Cha အား ဂါရ၀ပြုတွေ့ဆုံသည်။

Read more

မန္တလေး တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ သင်တန်းအား လျှောက်ထားနိုင်

၂၀၁၆-၂၀၁၇ ခုနှစ် မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်မည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း (အမ်ပီအေ) ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး တက်ရောက်လိုသူများ အနေဖြင့် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။

Read more

ဗြိတိသျှကောင်စီမှ General English နှင့် IELTS Preparation အင်္ဂလိပ်စာ သင်တန်းသစ်များအတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်မည်

ဗြိတိသျှကောင်စီမှ General English နှင့် IELTS Preparation အင်္ဂလိပ်စာ သင်တန်းသစ်များအတွက် ဝင်ခွင့် စာမေးပွဲများကို ဇူလိုင်လ (၁၈) ရက်မှစတင်၍ အပတ်စဉ် ကျင်းပသွားမည်ဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် မည်သူမဆို သင်တန်းတက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read more

လုပ်သက်ပင်စင်ယူခွင့်အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ ခွင့်ခံစားခွင့်များ ပြင်ဆင်ဖြေလျှော့ရေး ပြည်ထောင်စုရာထူးဝန် အဖွဲ့စီစဉ်

လုပ်သက်နှစ် ၃၀ ပြည့်သော်လည်း နှစ်ပြည့်ပင်စင်ယူခွင့်မရသည့် ကန့်သတ်ချက်ပယ်ဖျက်မည့်အချက် အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏ ခွင့်ခံစားခွင့်နှင့် လုပ်သက် ပင်စင်သတ်မှတ်ချက်များ ပြောင်းလဲခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သတင်းရရှိသည်။

အစိုးရသစ်၏ ရက်ပေါင်း တစ်ရာအစီအစဉ်တွင် ပြည်ထောင်စုရာထူးဝန်ရုံးက ခွင့်ခံစားခွင့်များ၊ လုပ်သက်ပင်စင်များနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် မည်ဖြစ်ပြီး ပြောင်းလဲသည့်ခံစားခွင့်များကို ပြည်ထောင်စုအစိုးရ အသိ အမှတ်ပြုပြီးပါက ယခုနှစ်အတွင်း စတင်ကျင့်သုံးမည် ဖြစ်သည်။

Read more

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ဖွဲ့စည်းခြင်းလုပ်ငန်းများနှင့် အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီိလိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်ဝိုးလှိုင်း၊ စည်းရုံးရေးမှူး ဦးဘိုဘိုမောင်တို့နှင့်အတူ ကျေးရွာ/အုပ်စုပါတီများ စနစ်တကျ ဖွဲ့စည်း ရန် မေလ (၂၅) ရက် နံနက်ပိုင်းက ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

Read more

ဂျာမနီနိုင်ငံရောက်ဒုက္ခသည်များ ဂျာမန်ဘာသာသင်ယူရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းမည်

Thomas De Maziere

ဂျာမနီနိုင်ငံတွင် ရောက်ရှိနေကြသော စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့် နိုင်ငံအတွင်း အလုပ် အကိုင်ရှာဖွေရာတွင် လွယ်ကူစေရန်နှင့် ဂျာမနီလူမှုအဖွဲ့အစည်း များနှင့် ဝင်ဆံ့နိုင်စေရန် ရည်ရွယ်သည့်အနေဖြင့် ဂျာမနီအစိုးရက ၎င်းတို့အား ဂျာမန်ဘာသာစကား သင်ယူနိုင်ရေး ဥပဒေတစ်ရပ် ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဂျာမန်အစိုးရအဖွဲ့က အဆိုပါဥပဒေတစ်ရပ်ကို မေလ (၂၅) ရက်တွင် အတည်ပြုခဲ့သည်။

Read more

လျှပ်စစ်ဓာတ်အား တစ်ဆင့်ခံ ဖြန့်ဖြူးပေးသော ပုဂ္ဂလိက ကုမ္ပဏီများကို စိစစ်အရေးယူမည်

လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှု ဖြစ်ပွားလျက်ရှိသော ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားများ တစ်ဆင့်ခံ ပြန်လည်ဖြန့်ဖြူးရေး လုပ်ဆောင်နေသော ပုဂ္ဂလိက ကုမ္ပဏီများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) နှင့် ပုဂ္ဂလိက ကုမ္ပဏီများအကြား အကျိုးတူ ပူးပေါင်းရေး စာချုပ်များဖြင့် ချုပ်ဆိုဆောင်ရွက်နေသော်လည်း ကုမ္ပဏီအချို့သည် စာချုပ်ပါ အချက်အလက်များကို လိုက်နာမှု အားနည်းမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

Read more

အောင်မြေသာစံပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့် ပြင်ဆင်ရွေးချယ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်မူများကို မေလ (၂၆) ရက် ညနေ (၅) နာရီအချိန်က -အာင်မြေသာစံမြို့နယ် ညောင်ကွဲ ရပ်ကွက်ကြီးတွင် ရပ်ကွက်စိပ်(၁၃)ကွက်၌ စတင်ရွေးချယ်ခဲ့သည်။

ထိုသို့ရွေးချယ်ရာတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုသင်း၊ ခရိုင်နယ်မြေတာဝန်ခံ ဦးကျော်စန်း မြို့နယ်ပါတီအတွင်ရေးမှူး ဦးဌေး၊ ရပ်ကွက်ပါတီအဖွဲ့များ ပြင်ဆင် ရွေးချယ်ရေးအဖွဲ့များ။ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ဟင်္သာတမြို့နယ် တာကလေးမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်

13267753_264725900546267_98669402551249596_n

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တာကလေးမြို့ ကွက်သစ် အမှတ်(၄၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့်ကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ (၂၅) ရက် နံနက် (၈) နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဟင်္သာတခရိုင် အုပ်ချုပ် ရေးမှူး ဦးစန်းဌေး၊ ပညာရေးဝန်ကြီး ဌာနဟင်္သာတခရိုင် လ/ထ ညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူ၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်း အုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

Read more