“လက်ရှိတာဝန်ယူထားကြသူများအားအခြေခံပြီး မျိုးဆက်သစ်များကို အတွေ့အကြုံရှိသူများက လက်တွဲဆောင်ရွက် သွားရန်” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ (၂၆) ရက် နံနက် (၉) နာရီက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံး ရေးမှူးများ နှင့် မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။

















