မအူပင်ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ

13332817_185477061852355_3114418229596484789_n

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်နွယ်နွယ်ဦး၊ မအူပင်ခရိုင်ပါတီနာယက ဦးသန်းထွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးသက်လင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကို မေလ (၂၉) ရက် ညနေ (၃) နာရီအချိန်က မအူပင်ခရိုင် ပြည်ခိုင်ဖြိုးအစည်းဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


Read more

နွားထိုးကြီး ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောက်ခြေ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်အဆင့် ညီလာခံ ကိုယ်စားလှယ်ရွေးပွဲကို မေလ (၃၀) ရက်နေ့မှ စ၍ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်များ၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read more

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအတွက် ငွေလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး (ပါတီ ဗဟိုကော်မတီဝင်) ဦးအောင်တင်မြင့် သည် တိုင်းဒေသကြီး ပါတီကော် မတီဝင်များ၊ ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ် ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ (၃) နာရီက ကန်ကြီးထောင့်မြို့နယ် ဆပ်ကွင်းရွာရှိ ဣစ္ဆာသယ ဆပ်ကွင်းကျောင်းတိုက်သို့ သွားရောက်ခဲ့ကြသည်။

Read more

ကျွန်ုပ်တို့ကိုယ်တိုင် ပြောင်းရမည် (အယ်ဒီတာ့အာဘော် ကောက်နှုတ်ချက်)

လူတို့သည် အမြဲတစေလောက် အစိုးရကို အပြစ်တင်ဝေဖန် ရှုတ်ချနေကြသော်လည်း ကိုယ်တိုင် သို့မဟုတ် မိသားစုတစ်ဦးဦး အစိုးရအဖွဲ့ဝင်ဖြစ်လာသောအခါ ကိုယ်တိုင်သီလပျက်ပြီး ကိုယ်မကြိုက် ဘူးဆိုတဲ့ အရာတွေကို ကိုယ်တိုင်ကျူးလွန်၊ ဥပဒေဘောင်ကျော် လုပ်ကိုင်ကုန်ကြတာကို တွေ့ရသည်။

Read more

မြန်မာနှင့် တောင်ကိုရီးယား အမျိုးသမီးအသင်း ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

Myanmar-South-Korea-Women-Team-MFF

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီး အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ဇွန်လ ၃ ရက်နေ့ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ဇူလိုင်လအတွင်း မန္တလေးမြို့မှာ ကျင်းပမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့  ကမ္ဘာ့အဆင့်ရှိတဲ့ တောင်ကိုရီးယား အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ စီစဉ်ထားပါတယ်။

Read more

ဘာစီလိုနာခံစစ်မှူး အဲလ်ဗက်စ် ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့ရန် နီးစပ်လာ

13344663_1022308681197286_8958997401203399631_n

ဘာစီလိုနာ နောက်ခံလူ ဒန်နီအဲလ်ဗက်စ်သည် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်သို့ အတည်ပြု ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သိရှိရသည်။

Read more

ဘရာဇီး ဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ၏ အမှတ်တရပစ္စည်းများ ရောင်းချတော့မည်

2304442-full-lnd

လန်ဒန်- ဘောလုံးလောကတွင် နှစ်ပေါင်း (၆၀) ကြာမြင့်ပြီးနောက်ဘရာဇီးဂန္ထ၀င်ဘောလုံးသမားကြီး ပီလီသည် ဘောလုံးသမား ဘ၀တစ်လျှောက် စုဆောင်းခဲ့သော အမှတ်တရပစ္စည်းများကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။

ပီလီ၏ ဘောလုံးသမားဘ၀အမှတ်တရပစ္စည်းများကို လန်ဒန်မြို့တွင် လာမည့်လအတွင်း ရောင်းချမည်ဖြစ်ပြီး ဘရာဇီး တိုက်စစ်မှူးကြီး၏ (၁၅) နှစ်သားအရွယ်က ဆန်းတို့စ်အသင်းနှင့် ပထမဆုံး စာချုပ် ချုပ်ဆိုခဲ့ချိန်က စ၍ ဘောလုံး လောကမှ အနားယူချိန်အထိ စုဆောင်းခဲ့သော အမှတ်တရပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

Read more

လာမည့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို ဘာစီလိုနာ မိတ်ဆက်

Barselonar

ဘာစီလိုနာအသင်းသည် ဥရောပဖလားကို ပထမဆုံးအကြိမ်ရရှိခဲ့စဉ်က ဝတ်ဆင်ခဲ့သောဝတ်စုံကို အမှတ်တရ အထိမ်းအမှတ် အဖြစ် လာမည့်ရာသီတွင် အိမ်ကွင်း ဝတ်စုံအဖြစ် ဝတ်ဆင်မည်ဖြစ်သည်။

၁၉၉၂ က ဥရောပဖလားရရှိခဲ့သော ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘာစီလိုနာနှင့် Nike တို့ပူးပေါင်းကာ အိမ်ကွင်းဝတ်စုံ ဖန်တီးလိုက်ခြင်းဖြစ်သည်။

စပိန်ထိပ်သီဘာစီလိုနာအသင်းသည် ထိုစဉ်က လက်ရှိဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်း၏ အချိန်ပိုအနိုင်ဂိုး ဖြင့် ဝင်ဘာလေကွင်းတွင် ဖလားရရှိခဲ့ခြင်း ဖြစ်သည်။

Read more

ဟာရီကိန်းမုန်တိုင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အိုဘားမား သတိပေး

Obama-reuters

အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း ရာသီမရောက်ခင် ကြိုတင် ပြင်ဆင်ကြဖို့ သမ္မတ ဘားရတ် အိုဘားမားက ပြည်သူတွေကို မေ ၃၁ ရက်နေ့က သတိပေး လိုက်ပါတယ်။

ဟာရီကိန်းမုန်တိုင်းတွေနဲ့ တခြား သဘာဝကပ်ဘေးတွေရဲ့ ခြိမ်းခြောက်မှုကို အရေးတယူ လုပ်ကြဖို့နဲ့ အဆင်သင့် ယူနိုင်တဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်း ကိရိယာတွေ ပြင်ဆင်ထားဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေကို ဒေသခံ အာဏာပိုင်တွေက ဂရုစိုက်ကြဖို့လည်း အိုဘားမားက သတိပေးပါတယ်။

Read more

အိန္ဒိယဆေးရုံများ၌ အိတ်ခ်ျအိုင်ဗီပိုးရှိ သွေးသွင်းခံရ၍ လူပေါင်း ၂၀၀၀ ရောဂါကူးစက်

H-I-V

အိန္ဒိယနိုင်ငံက ဆေးရုံများမှ အိတ်ခ်ျအိုင်ဗီပိုးရှိသည့် သွေးသွင်းခံရကာ ရောဂါကူးစက်ခြင်းခံရသူပေါင်းသည် ၁၇ လ အတွင်း လူပေါင်း ၂၂၃၄ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါအချက်အလက်ထုတ်ပြန်ချက်ကို တက်ကြွလှုပ်ရှားသူ ချီတန်ကော့သာရီ၏ မေတ္တာရပ်ခံချက်အရ နိုင်ငံ၏ အမျိုးသားအိတ်ခ်ျအိုင်ဗီထိန်းချုပ်ရေး အဖွဲ့အစည်းက ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းအချက်အလက်အား မြင်တွေ့ရ၍ တုန်လှုပ်သွားရကြောင်း ကော့သာရီက ဘီဘီစီသို့ ပြောသည်။

Read more