မင်းပြားမြို့နယ်တောင်ပိုင်း ကျေးရွာအချို့ရေလျှံသဖြင့် စာသင်ကျောင်းအချို့ ဇူလိုင် (၄) ရက်က ယာယီပိတ်ထား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများပြီး ကျေးရွာတချို့၌ ရေလျှံမှုနှင့် ရင်ဆိုင်နေရသဖြင့် စာသင်ကျောင်းတချို့အား ဇူလိုင် (၄) ရက်က ယာယီပိတ် ထားကြောင်း သိရသည်။

13533351_1222101974475980_411530641039496088_n

(more…)


Read more

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့်ရက် မသတ်မှတ်နိုင်သေး

13606850_996213890499296_5945818905573724614_n

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ တွေ့ဆုံရန် နေ့ရက်ကို အတိအကျ မသတ်မှတ် နိုင်သေးကြောင်း သတင်းရရှိသည်။

ဇူလိုင် ၄  ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးဆပ် ကော်မတီ အစည်းအဝေး အပြီးတွင်‘‘ကျွန်တော်တို့ ဒီနေ့အထိတော့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွဲ့နဲ့ UNFC ခေါင်းဆောင်ပိုင်းတွေနဲ့က ခန့်မှန်းခြေအားဖြင့်တော့ ဒီလ ၁၈ ရက် လောက်မှာ တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ တွေ့ဖို့ကတော့ ရန်ကုန်မှာပဲ ဖြစ်ဖို့များပါတယ်’’ဟု ကော်မတီဝင် ဦးခက်ထိန်နန်က ပြောသည်။

Read more

သတ်မှတ်ရက်အတွင်းမပြီးသည့် ဆင်ဆာမီးပွိုင့်များတပ်နေသောကုမ္ပဏီကို တစ်ရက်လျှင် တစ်သိန်း ဒဏ်ရိုက်မည်

ရန်ကုန်မြို့တွင်း ဆင်ဆာစနစ်သုံး မီးပွိုင့်များတပ်ဆင်ရန် သတ်မှတ်ထားသည့် ဩဂုတ်လ (၁) ရက်တွင် မပြီးပါက လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည့် ကုမ္ပဏီကို နေ့စဉ် တစ်ရက်လျှင် ကျပ် တစ်သိန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(more…)


Read more

ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာ ထွန်းလွင် သတိပေး

တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်းနိုင်သည့်အလားအလာများ မြင့်မားနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။ (more…)


Read more

ကမ်းလှမ်းမှု အများအပြား ရရှိထားဟု ဝေးလ်စ်ကြယ်ပွင့် ရော့ဘ်ဆင်ကနူး ပြောကြား

Football Soccer - Wales v Northern Ireland - EURO 2016 - Round of 16 - Parc des Princes, Paris, France - 25/6/16 Wales' Hal Robson-Kanu celebrates after Northern Ireland's Gareth McAuley scores a own goal and the first for Wales REUTERS/Stephane Mahe Livepic

ဝေးလ်စ်ကြယ်ပွင့် ဟဲရော့ဘ်ဆင်ကနူးသည် မည်သည့်အသင်းနှင့်မျှ စာချုပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း ယူရိုပြိုင်ပွဲတွင် ထင်ရှားလာခဲ့ပြီးနောက် ကမ်းလှမ်းမှု အများအပြားရှိလာသည်ဟုပြောသည်။

ရော့ဘ်ဆင်ကနူး (၂၇) နှစ် သည် ရီဒင်းအသင်းတွင် (၁၂) နှစ်ကြာ ကစားခဲ့ပြီးနောက် ယူရို ပြိုင်ပွဲမတိုင်မီ စာချုပ်ကို သက်တမ်းကုန်ဆုံးခွင့်ပြုခဲ့သည်။ ယူရိုပြိုင်ပွဲတွင် ၎င်း၏ခြေစွမ်းမှာ အကောင်းဆုံးဖြစ်ခဲ့ပြီးနောက် ရီဒင်းနှင့် စာချုပ် အဆုံးသတ်လိုက်ခြင်းမှာ ကောင်းမွန်သော လုပ်ရပ် ဖြစ်နိုင်သည်။

Read more

ယူရိုအကြိုဗိုလ်လုပွဲတွင် ပွဲပယ်ခံထားရသူ လေးဦးရှိ

41694968496849

ယူရို ၂၀၁၆ ဆီမီးဖိုင် နယ်ပွဲများကို ပေါ်တူဂီမှ ၀ီလီယမ် ကာဗယ်ဟို၊ ဝေးလ်စ်မှ ဘန်ဒေးဗစ်နှင့် ရမ်ဆေး၊ ဂျာမနီမှ ဟမ်းမဲလ်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည် ဖြစ်သည်။ ဂျာမနီ တိုက်စစ်မှူးဂိုမက်ဇ်မှာ ဒဏ်ရာကြောင့် ပြိုင်ပွဲတွင် ပြန်လည်  ကစားနိုင်တော့မည် မဟုတ်ပေ။

Read more

ဂရင်းဆလမ်နိုင်ပွဲ ၃၀၀ ဖြင့် ဆရီနာဝီလီယံ ၀င်ဘယ်ဒန်(၁၆) ဦးအဆင့်သို့ တက်ရောက်

57278327

အမေရိကန်တင်းနစ် မယ် ဆရီနာဝီလီယံသည် ၎င်း၏  ဂရင်းဆလမ်နိုင်ပွဲ ၃၀၀ မြောက်ရရှိရန် ၅၁ မိနစ်သာ ကြာမြင့်ခဲ့ ပြီး ၀င်ဘယ်ဒန်ပြိုင်ပွဲ၏ နောက်ဆုံး (၁၆) ဦးအဆင့်သို့ တက်ရောက်သွားသည်။

လက်ရှိဝင်ဘယ်ဒန်ချန်ပီယံ သည် ဂျာမနီမှ ကမ္ဘာ့အဆင့် (၄၃)အန်နီက ဘက်ကို ၆-၃၊ ၆-၀ ဖြင့်နှစ်ပွဲပြတ် အနိုင်ယူပြီး (၁၆) ဦး အဆင့်တွင် ဂရင်းဆလမ်ချန်ပီယံ နှစ်ကြိမ်ဖြစ်ဖူးသူ ကုဇနက်ဆိုဗာ နှင့် တွေ့ဆုံမည်ဖြစ်သည်။

Read more

လုပ်ပွဲကစားမှုကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း

ဧရာဝတီယူနိုက်တက် အသင်းမှ ကစားသမားအချို့ လုပ်ပွဲကစားခဲ့သည်ဟု တိုင်ကြားစာ လက်ခံရှိထားမှုအပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ ဝင်ငါးဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အသင်းတာဝန်ရှိသူတစ်ဦး ပါဝင်ပတ်သက်မှုဖြင့် ဧရာဝတီအသင်းမှ ကစားသမားအချို့သည် ၂၀၁၆ အူရီးဒူး မြန်မာလိဂ် ပွဲစဉ်အချို့နှင့် ၂၀၁၆ အေအက်ဖ် စီဖလား အုပ်စုပွဲစဉ်တစ်ပွဲ၌ လုပ် ပွဲကစားခဲ့သည်ဟု အသင်းနှင့် နီးစပ်သူ တစ်ဦးက သတင်းပေးတိုင်ကြားမှုအပေါ် ဘောလုံးအဖွဲ့ချုပ်ထံသို့ ဧရာဝတီအသင်းက တိုင်ကြားစာ ပေးပို့ထားသည်။

Read more

ဆော်ဒီတွင် ၂၄ နာရီအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု သုံးကြိမ်ထိဖြစ်ပွားခဲ့ပြီး အနည်းဆုံး ခုနှစ်ဦးသေဆုံး

saudi-blast-data

ဇူလိုင် ၅ ။            ။ ဆော်ဒီ အာရေဗျနိုင်ငံတွင် ဇူလိုင်လ ၄ ရက်က အသေခံဗုံးဖောက်ခွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ဗုံးခွဲတိုက်ခိုက်သူ သုံးဦးအပါအ၀င် အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၂၄ နာရီ အတွင်း နိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် ဗုံးခွဲတိုက်ခိုက်မှုသုံးခု ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

Read more

ဥရောပဒေသတစ်ဝန်း ကျောက်မီးသွေးမှုန်များကြောင့် တစ်နှစ်ကို လူပေါင်း ၂၃,၀၀၀ ခန့် သေကျေနေရဟု ဆို

Coal-dust

ဥရောပ သမဂ္ဂ (အီးယူ) ဒေသတွင်း ရှိနေသည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိနေသော ဖုန်မှုန့်များကြောင့် တစ်နှစ်ကို လူ့အသက်ပေါင်း ၂၃,၀၀၀ ခန့် ဆုံးရှုံးနေရလျက်ရှိသည်ဟု NGO အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူ့အဆုတ်တွင်းသို့ ၀င်ရောက်တတ်သော အဆိုပါ ဖုန်မှုန့်များ ကြောင့် ဒေသအတွင်းရှိ ကျန်းမာရေး ကဏ္ဍတွင်လည်း ယူရို ဘီလီယံပေါင်းများစွာကိုလည်း ကုန်ကျစေလျက် ရှိသည်။

Read more