ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ဗိုလ်စွဲ

Andy-Murray-Reuters

ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဗြိတိန်က အန်ဒီမာရေးက ကနေဒါက မီလော့စ်ရိုးနစ်ကို အနိုင်ရပြီး ဒုတိယမြောက် ၀င်ဘယ်ဒန်ဖလားကို ရရှိသွားပါတယ်။

ဇူလိုင် ၁၀ ရက် ယှဉ်ပြိုင်တဲ့ပွဲမှာ မာရေးရဲ့ပြိုင်ဘက် ရိုးနစ်က ကမ္ဘာ့အဆင့် ၆ ဖြစ်ပြီး ၆-၄၊ ၇-၆၊ ၇-၆ နဲ့ မာရေးကို ရှုံးသွားတာပါ။

Read more

ဆရီနာဝီလီယံ ၀င်ဘယ်ဒန်ချန်ပီယံဆု ခုနစ်ကြိမ်မြောက် ဆွတ်ခူး၊ စတက်ဖီဂရပ်၏ စံချိန်လိုက်မီ

William

ကမ္ဘာ့အဆင့် (၁) တင်း နစ်မယ် ဆရီနာဝီလီယံသည် ဂျာ မနီမှ နိုင်ခြေအဆင့် (၄) အန်ဂျ လစ်ကာဗာကို အနိုင်ရပြီး ၎င်း၏ခုနစ်ကြိမ်မြောက် ၀င်ဘယ်ဒန် ဖလားနှင့် (၂၂) ကြိမ်မြောက် ဂရင်းဆလမ်ချန်ပီယံဆု ရယူသွား သည်။

Read more

ဒေသ ရှစ်ခုတွင် နေရာကွက်ပြီး မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် ဆက်လက်သတိပြုရန်လိုအပ်

13582104_1772976686175730_5498063694286499084_o

ဒေသရှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင် ပြီး မြစ်ချောင်းများလည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာသောကြောင့် ရေဘေးအန္တရာယ် ဆက်လက်သတိပြုရန် မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။ ရေဘေး ရင်ဆိုင်နေရဆဲဖြစ်သော ရခိုင်၊ မွန်၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

Read more

အပြောင်းအရွှေ့ပထမပတ်မှာပင် ပရီးမီးယားလိဂ်ကလပ်များ၏အသုံးစရိတ် ပေါင်သန်း ၃၀၀ ခန့်ရှိ

Primese

နွေရာသီအပြောင်းအရွှေ့ကာလ ပထမပတ်မှာပင် ပရီးမီးယားလိဂ်ကလပ်များ၏ ခန့်မှန်းအသုံးစရိတ်မှာ ပေါင်သန်း ၃၀၀ ခန့် ရှိသွားပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အသုံးစရိတ်နှင့်နှိုင်းယှဉ်မည်ဆိုပါက ပြီးခဲ့သည့်နှစ်အသုံးစရိတ်မှာ ကိုးပတ်တာအတွင်း ပေါင်သန်း ၈၇၀ ရှိသည်။

စီးပွားရေးသုံးသပ်သည့် ဒီလွိုက်၏ခန့်မှန်းချက်အရ ယခုနှစ်တွင် အပြောင်းအရွှေ့ဈေးကွက်ပိတ်မည့် သြဂုတ် ၃၁ မတိုင်မီ ပေါင် တစ်ဘီလီယံ ကျော်သွားနိုင်ချေ ရှိနေသည်။

Read more

သြစတြေးလျ ရွေးကောက်ပွဲတွင် အာဏာရ ညွန့်ပေါင်းပါတီ ကပ်ပြီး အနိုင်ရ

Australian Prime Minister Malcolm Turnbull speaks during a news conference in Sydney, Australia, July 10, 2016. AAP/Paul Miller//via REUTERS

ပြီးခဲ့တဲ့တပတ်က သြစတြေးလျနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ရဲ့ အာဏာရ ညွန့်ပေါင်းပါတီကပဲ ကပ်ပြီး အနိုင်ရရှိသွားပါတယ်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင်က သူတို့ပါတီ ရှုံးနိမ့်တယ်လို့ ကြေညာအပြီးမှာ ၀န်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာပါ။

မဲတွေကိုတော့ ဆက်လက်ရေတွက်ဆဲဖြစ်ပေမယ့် ညွန့်ပေါင်းပါတီက အစိုးရဖွဲ့ရေး လိုအပ်တဲ့ မဲအရေအတွက် ရမယ်လို့ ဆိုပါတယ်။

Read more

ထိုင်းရေတပ်က ခိုးဝင်ငါးဖမ်းသော ဗီယက်နမ်တံငါသည် ၂၉ ဦးကို ဖမ်းဆီး

Thai-Sea-worker

ဘန်ကောက်၊ ဇူလိုင် ၁၁

ထိုင်းပင်လယ်ကွေ့အတွင်း ခိုးဝင်ကာ ငါးဖမ်းသည့် ဗီယက်နမ်ရွက်သင်္ဘောသုံးစင်းမှ တံငါသည် ၂၉ ဦးကို ထိုင်းရေတပ်က ဇူလိုင် ၁၀ ရက်၌ ဖမ်းဆီးရမိသည်။

ထိုင်းရေတပ်သင်္ဘော HTMS Thai Muang ကင်းလှည့်စဉ် အထူးစီးပွားရေးဇုန် သဘာဝဓာတ်ငွေ့လုပ်ကွက် Muda A ၏ ရေမိုင် ၁၂ မိုင်ခန့်တွင် ဖမ်းဆီးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read more

တောင်ဆူဒန် အရေး ဘန်ကီမွန်း သတိပေး

4527272

မြို့တော် ဂျူးဘား နေရာ အနှံ့ တိုက်ပွဲတွေ ပြင်းထန်။

တောင်ဆူဒန် နိုင်ငံမှာ လတ်တလော ပြန်လည် ဖြစ်ပေါ် လာပြန်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေဟာ အဓိပ္ပာယ် ကင်းမဲ့ သလို၊ လက်သင့် ခံဖွယ်ရာလည်း မရှိဘူး ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြစ်တင် ပြောဆို လိုက်ပါတယ်။

Read more

ဥရောပ၏ လုံခြုံရေး အမေရိကန် ရေရှည်ပါဝင်မည်ဟု အိုဘားမားကတိပြု

13654201_1728469817393519_9167676800625325594_n

ဝါဆော ဇူလိုင် ၁ဝ

အမေရိကန်သမ္မတအိုဘားမားသည် ၄င်း၏ သမ္မတသက်တမ်းမကုန်ဆုံးမီ နောက်ဆုံး တက်ရောက်သည့် နေတိုး ထိပ်သီး အစည်းအဝေးတွင် ဥရောပ၏ လုံခြုံရေးအတွက် အမေရိကန်၏ စစ်ရေးအရ ရေရှည်ပါဝင်ပတ်သက်မှုများနှင့် အမေရိကန်၏ မဟာမိတ် များကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။

စစ်အေးကာလကစပြီး ကာကွယ်ရေးအတွက် တပ်ကူများထားရှိရန် အနောက် ကာကွယ်ရေးမဟာမိတ်များက သဘောတူခဲ့သည်ဟု ပြောသည်။

Read more

ရဲ ပစ်ခတ်၍ လူမည်းနှစ်ဦး သေဆုံးမှုကြောင့် အမေရိကန်မြို့များတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

US-police

အမေရိကန်နိုင်ငံ မင်နီဆိုးတားနှင့် လူစီယားနားပြည်နယ်တို့၌ ရဲပစ်ခတ်၍ လူမည်းနှစ်ဦး သေဆုံးခဲ့ရခြင်းကြောင့် ဆန္ဒပြမှုများက မြို့တော်တော်များများတွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

လူစီယားနားရှိ ဘတ်တွန်လမ်းပေါ်တွင် လက်နက်ကိုင် New Black Panther Party အဖွဲ့ဝင်များနှင့် ရဲတို့ထိပ်တိုက်တွေ့ကြသလို မင်နီဆိုးတားပြည်နယ်တွင် လမ်းများပိတ်ဆို့ထားခြင်း၊ လက်နက်များဖြင့် ပစ်ခတ်ခြင်းများ ရှိသည်။

လူဒါဇင်များစွာ ဖမ်းဆီးမှုများ ရှိသော်လည်း လူစုလူဝေးအများစုက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

Read more

ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ၌ ပြည်သူများ မဲပေးကြပြီ

13615480_1052183164874570_4794217250668181324_n

တိုကျို ဇူလိုင် ၁ဝ

ဂျပန်နိုင်ငံ၌ အထက်လွှတ်တော်အမတ်များကို ရွေးချယ်နိုင်ရန် ဇူလိုင် ၁ဝ ရက်တွင် ပြည်သူများ မဲပေးလျက် ရှိကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်း ထုတ်ပြန်သည်။

Read more