Author: USDP 2016
အမရပူရပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းအား ခြင်ဆေးဖျန်းပေးရန်အတွက် ကျေးရွာတာဝန်ရှိသူများမှ အကူအညီတောင်းခံလာသဖြင့် အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၉) ရက် နေ့လည် (၂) နာရီအချိန်က သွားရောက်၍ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Credit – Zaw Aung Htet
မိုးကောင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေး ကျင်းပပြီးစီး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၉) ရက် နံနက် (၉) နာရီ (၃၀) မိနစ်အချိန်မှ ညနေ (၅) နာရီအချိန်အထိ မြို့နယ်ပါတီရုံးတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

Read more
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အလုံမြို့နယ် ပါတီမျက်နှာစုံညီပွဲနှင့် မြို့နယ်ကော်မတီအသစ် ရွေးချယ်ပွဲသို့ တက်ရောက် အားပေး
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် အလုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင်လ (၁၀) ရက် မွန်းလွဲ (၁) နာရီက ကျင်းပြုပုလုပ်သော အလုံမြို့နယ် ပါတီမျက်နှာစုံညီတွေ့ဆုံပွဲနှင့် မြို့နယ်ကော်မတီအသစ်များ ရွေးချယ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်သည်။

Read more
ကျေးသီးမြို့နယ်တွင် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် (၈) ရက် နံနက် (၁ဝ) နာရီတွင်ကျေးသီးမြို့ နယ် ပါတီရုံးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ပြည်နယ် ကော်မတီဝင် ဦးခွန်သိန်းမောင်၊ လွိုင်လင်ခရိုင်တာဝန်ခံ ပြည်နယ် ကော်မတီဝင်ဦးစိုင်းဇော်ဇော်၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးထွန်းငြိမ်း နှင့်ခရိုင်ကော်မတီဝင်များ၊ကျေးသီး မြို့နယ် မြို့မိမြို့ဖများ၊ ကျေးသီး မြို့နယ်ပါတီကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအမာခံပါတီအဖွဲ့ ဝင်များ စုစုပေါင်း အင်အား ၁ဝဝ ခန့်တက်ရောက်ခဲ့သည်။

Read more
လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်/ကျေးပါတီ တွေ့ဆုံပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက်၊ကျေးရွာအုပ်စု (၆၇) အုပ်စု ပါတီကေဒါ ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များ တွေ့ဆုံပွဲကို ယခုလ (၈) ရက် နံနက် (၁ဝ) နာရီက လယ်ဝေးမြို့ အမှတ်(၇)ရပ်ကွက် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးခင်မောင်ဌေး တက်ရောက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

Read more
ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်မျက်နှာစုံညီအစည်း အဝေးကို ဇူလိုင်လ (၉) ရက် နံနက် (၈) နာရီခွဲက ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးခန်းမ၌ကျင်းပရာ သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး ပါတီကော် မတီဝင်များဖြစ်ကြသော ဦးဟန်မောင်၊ ဦးဆန်းညွန့်အောင်၊ ဦးစောဝင်းမောင်တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Read more

















