ပခုက္ကူခရိုင် မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ မကွေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ နှင့်အတူ အတွင်းရေးမှူး ဦးကြည်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ခရိုင်နာယက ဦးသိန်းထွန်း၊ လွှတ်တော်ကိုယ် စားလှယ်ဟောင်းများ၊ ခရိုင်ကော်မတီဝင်များ၊ ခရိုင်ပြန်လည်ပြင် ဆင်ရွေးချယ်ရေးကော်မတီဝင်များ၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်တို့မှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။

76996389-11072016

(more…)


Read more

မရမ်းကုန်းပြည်ခိုင်ဖြိုးပါတီ ခြင်အန္တရာယ်ကင်းဝေးရေး ခြင်းဆေးဖြန်းခြင်း ဆောင်ရွက်

13649573_1643811379279023_858414412_n

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် ခြင်အန္တရာယ်ကာကွယ်ရေးအတွက် အမှတ် (၉)ရပ်ကွက်၊ မြစပါယ်လမ်းတွင်းရှိ အိမ်များ၊ လမ်းသွယ်များ၊ ရေမြောင်းများတွင် ခြင်ဆေး မှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၀) ရက် နံနက် (၈) နာရီအချိန်မှ စ၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်မင်းဦး၊ ရပ်ကွက် တာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဦးလွင်မောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးသီဟ၊ ရပ်ကွက် စည်းရုံးရေးမှူး ဦးညွှန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ပါတီဝင်များ၊ လမ်းသူလမ်းသားများနှင့် အတူ ကူညီဆောင်ရွက်ခဲ့ကြသည်။

Read more

လွိုင်လင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်း အနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင်လ (၁၁) ရက် နံနက်ပိုင်းက လွိုင်လင်မြို့နယ် မျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည်ရွေးချယ် ရေးအခမ်းအနားကျင်းပရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်တာဝန်ခံ ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော်နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်နန်းဝါဝါထွေး၊ လွိုင်လင်ခရိုင် ပါတီအတွင်းရေးမှူး ဦးထွန်းငြိမ်း နှင့် ခရိုင်ကော်မတီဝင်များ၊ လွိုင်လင်မြို့နယ် ပါတီအတွင်းရေးမှူး ဦးထွန်းရွှေနှင့် ပါတီ ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၁၅ဝ) ခန့် တက်ရောက်ကြသည်။

13619827_404830826358717_2159280190459328909_n

(more…)


Read more

နမ့်ဆန်မြို့တွင် စုံညီအစည်းအဝေးနှင့် မြို့နယ်ကော်မတီဝင်များ ပြန်လည်ရွေးချယ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်ဆန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင်လ (၁၀) ရက် မွန်းလွဲ (၂) နာရီခွဲက မြို့နယ်မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ရေး အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် တာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်နှင့် ပြည်နယ်ကော် မတီဝင်များဖြစ်ကြသည့် ဒေါ်နန်းစံနွမ်း၊ ဒေါ်နန်းဝါဝါထွေး၊ လွိုင်လင်ခရိုင်ပါတီ အတွင်းရေးမှူး ဦးထွန်းငြိမ်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ နမ့်ဆန်မြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းအောင် နှင့် ပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် ကျေးရွာပါတီကော်မတီ ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း အင်အား (၇၅) ဦးခန့် တက်ရောက်ကြသည်။

Read more

တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူး တက်ရောက်ချီးမြှင့်

၂ဝ၁၄-၂ဝ၁၅ခုနှစ်နှင့် ၂ဝ၁၅- ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ ကြသော ကျောင်းသားကျောင်းသူ များအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်း အနားကို ယခုလ ၉ ရက် နံနက် ၉ နာရီက ရေနံချောင်းမြို့ မြို့တော် ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနား တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေး မှူး ဒေါ်ဝင်းမော်ထွန်း၊ အရုဏ်ဦး ကုမ္ပဏီမှဒါရိုက်တာဦးအေးသောင်း နှင့် အရုဏ်ဦးကုမ္ပဏီ၏ အကြံ ပေး ဦးအုန်းမြင့်တို့က ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၂၇၈ဦးတို့ အတွက်ဆုချီးမြှင့်ငွေကျပ်၅၅၈သိန်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆုချီးမြှင့် ခြင်းခံရသောကျောင်းသားကျောင်း သူများမှာ ရေနံချောင်းစာစစ်ဌာန၊ ပြင်ပစာစစ်ဌာနများမှ ထူးချွန် ကျောင်းသားများဖြစ်ကြောင်း သိ ရသည်။

13606462_618490938320421_7155094646169428752_n

(more…)


Read more

အခွံမာတဲ့ အစေ့အဆန်တို့ရဲ့ အဟာရတန်ဖိုး

အခွံမာတဲ့ အစေ့အဆန်တွေမှာ စွမ်းအင်၊ ပရိုတင်း၊ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်တို့ အများအပြား ပါဝင်ပါတယ်။ အရသာကောင်းမွန်ပြီး သယ်ဆောင်ရ လွယ်ကူတဲ့ အခွံမာ အစေ့အဆန်တွေကို အကြာကြီး သိမ်းထားလို့လည်း ရပါတယ်။ အခွံမာတဲ့ အစေ့အဆန်တွေမှာ စွမ်းအင်နဲ့ အာဟာရဓာတ် အများအပြား ပါဝင်ပါတယ်။

Seed

(more…)


Read more

ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေအား မဲဆန္ဒရှင် ၄၄ ရာခိုင်နှုန်းခန့် ထောက်ခံမည်

ထိုင်းနိုင်ငံမှ မဲဆန္ဒရှင် ၄၃ ဒသမ ၆ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ထောက်ခံနိုင်သည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မကျင်းပမီ တစ်လအလို၌ ကောက်ယူသည့် လူထုသဘောထား စစ်တမ်းတွင် ဖော်ပြ ထားကြောင်း Bangkok Post သတင်းဌာနက ဇူလိုင် (၁ဝ) ရက်တွင် ဖော်ပြထားသည်။

13620744_892274977550753_1850352451597567547_n

(more…)


Read more

မြစ်ကြီးနားမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြု

13600012_134715330291214_8089427215014490324_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင် အင်အား (၅၀)ဦး တို့သည် ဇူလိုင်လ (၉) ရက် နံနက်(၇)နာရီ မှ(၁၀) နာရီအချိန်ထိ ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြု ပါဝင်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

Read more

Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 Acoustic Album ထွက်

Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 အဆိုရှင်များ၏ Myanmar Idol Top 11 Acoustic Album သီချင်းခွေကို ဇူလိုင်၈ရက်ကစတင် ဖြန့်ချိခဲ့ပြီးတာမွေမြို့နယ်အရှေ့မြင်း ပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်း တွင်ဝယ်ယူနိုင်ကြောင်းသိရသည်။
အဆိုပါအခွေတွင် စောလား ထော်ဝါးက ‘ချိန်းတဲ့ည’၊ M Zaw Rain က ‘အရမ်းလွမ်းနေပြီ’၊ နင်ဇီ မေက ‘အချစ်ကအမှား’၊ ဆိုဖီယာ အဲဗရက်(စ်)က ‘မိုင်ပေါင်းကုဋေ’၊ ဇော်မင်းဦးက ‘သီးသန့်သီချင်း’၊ စောထက်နိုင်စိုးက ‘သေလောက် အောင်ချစ်တော့လည်း’၊အောင်ပြည့် ထွန်းက’နေနဲ့လအရှေ့နဲ့အနောက်’၊ အောင်တေဇကျော်က’စမ်းချောင်း ထဲကမျက်ရည်’၊ မေကြည်က ‘သတိရရင် ပြီးတာပဲ’၊ ရီယိုက ‘တကယ်ကိုများ’၊ခိုင်သဇင်သင်းက ‘နာရီပေါ်မှမျက်ရည်စက်များ’သီချင်း များဖြင့်သီဆိုထားကြသည်။
Myanmar Idol Acoustic Album အခွေကို City Mart များတွင်ရောင်းချရန် အစီအစဉ်ရှိ ပြီး နယ်မှမှာယူလိုသူများအတွက် အခွေ ၁ဝခွေနှင့်အထက် ဝယ်ယူ လျှင် သက်ဆိုင်ရာမြို့ရှိဘဏ်များမှ KBZ Bank Account သို့ ငွေလွှဲ ဝယ်ယူနိုင်ကြောင်း သိရသည်။

Read more

ဒူးခေါင်းမဲလို့ စိတ်မညစ်နဲ့

ဒူး၊ တံတောင်စတဲ့နေရာတွေဟာ ပုံမှန်အားဖြင့်ကို မဲတတ်တယ်။ အကွေးအဆန့်နေရာဖြစ်တဲ့အပြင် အရေပြားက ထူနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒူးခေါင်းမဲတာ အတို၊အပြတ်ဝတ်ချင်တဲ့ မိန်းကလေးတွေအတွက် အတော် ဒုက္ခရောက်စေတယ်။

Read more