နယ်သာလန်ထိပ်တန်းဂိုးသွင်းရှင်ကို စပါးအသင်းခေါ်ယူ

Vecent

နယ်သာလန်ထိပ်တန်း လိဂ် Eredivisie ၏ ထိပ်တန်းဂိုး သွင်းရှင် ဗင်းဆင့်ဂျန်ဆန်ကို စပါးအသင်းက လေးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

Eredivisie လိဂ်မှ အေဇက် အသင်းတိုက်စစ်မှူး ဂျန်ဆန် (၂၂)နှစ်ကို စပါးက ပေါင် ၁၈ ဒသမ ၈ သန်းဖြင့် ခေါ်ယူခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

Read more

ယူရိုပြိုင်ပွဲ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ဂါရတ်ဘေးလ်မပါဝင်

Bales

ယူရို ၂၀၁၆ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားအဖြစ် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း ကို ယူအီးအက်ဖ်အေက ရွေးချယ်ပြီးနောက် နေရာအလိုက်အကောင်းဆုံး ကစားသမား ၁၁ ဦး စာရင်း ထုတ်ပြန်ရာတွင် ဂါရတ်ဘေးလ် ပါဝင်လာခြင်း မရှိပေ။

‘‘ဂရစ်ဇ်မန်းဟာ သူကစား ခဲ့တဲ့ပွဲတိုင်းမှာ အန္တရာယ်ပေးနိုင် ခဲ့ပါတယ်။ သူ့အသင်းအတွက် ကြိုးစားပြီး ဘောလုံးပိုင်ဆိုင်မှုရဖို့ ဖန်တီးမှုအမြင်နဲ့ အဆုံးသတ်စွမ်း ရည်ကောင်းပါတယ်’’ဟု ယူအီး အက်ဖ်အေနည်းစနစ်ပိုင်း အကြီး အကဲ လူပီစကူက ပြောသည်။

Read more

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ယူရိုငွေဖိနပ်ဆုကို အသင်းဖော် နာနီအား လက်ဆောင်ပေး

cr7 vs nani

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ရရှိခဲ့သည့် ငွေဖိနပ်ဆုကို အသင်းဖော် နာနီအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စီရော် နယ်လ်ဒိုသည် ဂိုးသွင်းဘုရင်(ရွှေဖိနပ်)ဆုရရှိခဲ့သည့် ဂရစ်ဇ်မန်း၏နောက်တွင် ငွေဖိနပ်ဆု ရရှိ ခဲ့ခြင်းဖြစ်သည်။

သို့သော် စီရော်နယ်လ်ဒိုက ပြင်သစ်နိုင်ငံတွင် ရှိနေစဉ်မှာပင် အဆုပါဆုတံဆိပ် အား နာနီကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး နာနီက Instagram တွင် တင်ကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Read more

မူဆယ်ခရိုင်ပါတီ မျက်နှာစုံညီနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနား ကျင်းပပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ဇူလိုင်လ (၁၀) ရက် နံနက် (၁၀) နာရီ အချိန်က မူဆယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပပြီးစီးခဲ့ပြီး အခမ်းအနားတွင် ခရိုင်ပါတီ ကော်မတီ အား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးစိုင်းမောင်လှိုင်၊ ခရိုင်ပါတီ အတွင်းရေးမှူးအဖြစ် ဦးမိုင်းမြတ်အောင်နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းအိုက်ပေါင်းတို့အား ရွေးချယ် ခဲ့ကြောင်း သိရသည်။

Read more

သမ္မတ ရှီကျင့်ဖျင် တရုတ်စစ်တပ်ကို အသင့်ပြင်ထားရန် အမိန့်ပေး

xi-jinping-china-759

နိုင်ငံတကာ တရားရုံးက တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် တရုတ်ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပြီးနောက် သမ္မ ရှီကျင့်ဖျင်က နိုင်ငံပိုင်နက်ကို ကာကွယ်ဖို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) အား အသင့်ပြင်ထားရန် အမိန့်ပေးလိုက်တယ်လို့ အမေရိကန်အခြေစိုက် Boxun ရုပ်သံသတင်းပြောဆိုချက်ကို ကိုးကားပြီး ကိုရီးယား သတင်း Arirang က ဆိုပါတယ်။ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အသုံးချပြီး အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ တောင်တရုတ် ပင်လယ်မှာ ကျူးကျော်ရန်စမှုတွေ ပြုလုပ်လာနိုင်တဲ့ အတွက် ဖြစ်တယ်လို့ လည်း သူက ပြောဆိုတယ်လို့ သိရပါတယ်။

Read more

ရက်တစ်ရာ ဘယ်ကလာ ဘယ်ကိုသွား

နိုင်ငံတော်တည်ဆောက်ရေး၊ ဒီမိုကရေစီတည်ဆောက်ရေးတွင် ငြိမ်းချမ်းရေး တစ်ခုတည်းကသာ အရေးကြီးနေသည် မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့်အချိန်တွေ ကုန်/လင့်သွားမှာလည်း စိုးပါသည်။

အလုပ်အကိုင် ပြဿနာများ၊ ဈေးနှုန်းမြင့်မားနေခြင်းများ၊ လူသုံးကုန်ပစ္စည်း ကိစ္စများ၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များ ကိစ္စမြားမြောင် လူတို့ဘောင်၊ ဘယ်သွားထားမည်လဲ။

Read more

ဖိလစ်ပိုင်ကို အနိုင်ပေးသည့် အပြည်ပြည်ဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

South-China-Sea_1

ပေကျင်း၊ ဇူလိုင် ၁၃

တောင်တရုတ်ပင်လယ်အား တရုတ်က မပိုင်ဆိုင်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်က တရားဥပဒေနှင့် မညီကြောင်း တရုတ်နိုင်ငံက   ပြင်းပြင်းထန်ထန် ပယ်ချလိုက်သည်။

တရားရုံး၏ စီရင်ထုံးကြောင့် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်အချုပ်အခြာပိုင်နှင့် ရေကြောင်းပိုင်ဆိုင်ခွင့်အပေါ် မည်သည့်နည်းနှင့်မျှ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

Read more

သြစီ အရှေ့တောင်ပိုင်းမှာ အအေးဒဏ်ခံနေရ

11616196

ACT, Black Mountain မှာ နှင်းတွေဖုံးလွှမ်းနေ (Credit: ABC)

သြစတြေးလျနိုင်ငံ ​အရှေ့တောင်ပိုင်းမှာ ​အအေးဓာတ်တွေ ​ဖြတ်သန်းနေတဲ့အတွက် ​နှင်းကျတာတွေအပြင် ​လေပြင်းတွေလည်း ​တိုက်ခိုက်နေပါတယ်။

ဗစ်တိုးရီးယား ​ပြည်နယ်၊ ​တက်စမေးနီးယား၊ ​နယူးဆောက်သ်ဝေးလ်၊ ​မြို့တော် ​ကင်ဘာရာရှိရာ ​အထူးဒေသနဲ့ ​တောင်သြစတြေးလျ ​ပြည်နယ်တွေမှာ ​လေပြင်းတိုက်ခတ်မယ်လို့ ​မိုးလေဝသဌာနက ​သတိပေးထားပါတယ်။

Read more

ထိုင်ဝမ်ရှိ ATM ငွေထုတ်စက်များမှ ဒေါ်လာ (၂) သန်းကျော် ဟက်ကာများ ခိုးယူ

ATM

ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေရှိ First Bank ဘဏ်ခွဲတစ်ခုမှာ ATM စက်တွေ ပိတ်ထားတာကို ဇူလိုင် ၁၂ ရက်နေ့က တွေ့ရပါတယ်။ (ဓာတ်ပုံ – အီးပီအေ)

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်ဝမ်နိုင်ငံမှာ ATM ငွေထုတ်စက်တွေကနေ ထိုင်ဝမ်ဒေါ်လာ (၇၀) သန်း (ဒေါ်လာ ၂.၁၈ သန်း) ခိုးခံလိုက်ရတာကြောင့် အင်္ဂါနေ့မှာ နိုင်ငံတလွှားရှိ ATM ငွေထုတ်စက် ရာပေါင်းများစွာကို ဘဏ်များက ပိတ်ချခဲ့ပါတယ်။

Read more

ဓနုဖြူပြည်ခိုင်ဖြိုး ဒေသဖွံ့ဖြိုးရေး ၀ိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်

13645335_136696710093076_1125989730149741610_n

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် (၁၅) ရပ်ကွက်တွင် သွားလာရန် ခက်ခဲသော လမ်းသွယ် ပြုပြင်နေမှုအား ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ဇူလိုင် (၁၂) ရက်နေ့က သွားရောက်ကြည့်ရှု၍ အလှူငွေများ လှူဒါန်းပေးခဲ့ပြီး ရပ်ကွက်စည်းမှူးများမှ လမ်းခင်းနေမှုတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျှက်ရှိကြောင်း သတင်းရရှိသည်။

Read more