ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

လက်ဖက်ရည်

လူ့ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက်ဓာတုပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်တွေ တိုးပွား လာတာကို ရပ်ဆိုင်းအောင်လုပ်ဖို့ပါ။ ဒီလို လုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်းသွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ်ပေးနိုင်ပါတယ်။ လက်ဖက် ခြောက် အမည်း၊ အဖြူနဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။

images

(more…)


Read more

မျှော်လင့်မထားတဲ့ အမှတ်တရတွေနဲ့ (၇၀) နှစ်ပြည့်မွေးနေ့ ကျင်းပတဲ့ စတားလုံး

အမေရိကန်သရုပ် ဆောင်မင်းသားကြီး ဆီလ်ဗက် စတာ စတားလုံးသည် အသက် (၇၀)နှစ်ပြည့် မွေးနေ့ကို မျှော်လင့်မထားသော အမှတ်တရများဖြင့် ကျင်းပခဲ့သည်။

star

(more…)


Read more

(၆၉) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ တိုင်ဝက်လွှင့်ထူရန် နှင့် ဥသြဆွဲရန်

Rzarni

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (အင်္ဂါနေ့)၊ ၆၉ နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက် လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားက ဥသြဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေး တို့အတွက် အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားရန် နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

Read more

အခွန်လုပ်ငန်းတွင် စာရွက်စာတမ်းစနစ်မှ အိုင်တီစနစ်သို့ပြောင်းလဲမည်

အခွန်ကောက်ခံမည့် ရုံးလုပ်ငန်းများလုပ်ဆောင်ရာတွင် မြန်ဆန်သွက်လက်စေရန် ရေရှည်စီမံကိန်းဖြင့် စာရွက်စာတမ်းစနစ်(Paper Base)ဖြင့် လုပ်ဆောင်ခြင်းမှ အိုင်တီနည်းပညာစနစ်သို့ ငါးနှစ်အတွင်း ပြောင်းလဲနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ (more…)


Read more

သီပေါမြို့နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝေဟင်ဓာတုဓမ္မ စေတီတော်မြတ်ကြီးတွင် (၈) ကြိမ်မြောက် သီပေါမြို့လုံးကျွတ် သီလရှင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ဇူလိုင်လ (၁၂) ရက် မွန်းလွဲ (၂) နာရီအချိန်က ကျင်းပရာ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်အောင် ဦးစီးသော မြို့နယ်ပါတီကော်မတီများ၊ စည်းရုံးရေးမှူးနှင့် ပါတီဝင်များ၊ ပါတီရုံးဝန်ထမ် များမှ သိီလရှင် (၄၁၅) ပါးအတွက် ဆွမ်းဆန် (၅ )အိတ် လောင်းလှူခဲ့ကြသည်။

THiBaw3

(more…)


Read more

ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ (၄) ခရိုင်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၆) ခရိုင်ရှိရာတွင် ကျောက်မဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၄) ရက်တွင်လည်းကောင်း၊ မိုးမိတ် ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၆) ရက်တွင်လည်းကောင်း၊ လားရှိုးခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၈) ရက်တွင် လည်းကောင်း၊ မူဆယ်ခရိုင်ပါတီ မျက်နှာစုံညီ အစည်းအဝေးများကို ဇူလိုင် (၁၀) ရက်တွင်လည်းကောင်း အောင်မြင်စွာ ကျင်းပပြီးစီးပြီး ခဲ့ကြောင်း သိရသည်။

SKK5

(more…)


Read more

အောက်တိုဘာလမှာ ချစ်သူနှင့် ရွှေလက်တွဲမယ့် မိုးယုစံ မင်္ဂလာအခမ်းအနား လေးကြိမ်ပြုလုပ်မည်

သရုပ်ဆောင် မိုးယုစံတစ်ယောက် ယခု လ ၁၁ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် သူမ အသက် ၂၅နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့သည်။ အဆိုပါ မွေးနေ့ပွဲသို့ နိုင်ငံကျော်အနုပညာရှင်များ၊ မိတ်ကပ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
သူမအနေဖြင့် ချစ်သူသက်တမ်း နှစ်နှစ်ကျော်ရှိပြီဖြစ်သည့် သူမ၏ချစ်သူ ကိုစွမ်းသူမိုးနှင့် လာမည့် အောက်တိုဘာ ၁၈ ရက်တွင် မင်္ဂလာဆွမ်းကျွေးပွဲပြုလုပ် သွားရန်ရှိပြီး ချစ်သူဖြစ်သူကိုစွမ်းသူမိုးက သူမ အသက်၂၅နှစ်ပြည့် မွေးနေ့ပွဲတွင် လက်ထပ်ခွင့်တောင်းဆိုမှုကို မီဒီယာများ နှင့် မိတ်ဆွေအပေါင်း အသင်းများရှေ့တွင် တရားဝင်တောင်းဆိုခဲ့ကြောင်း သိရသည်။
မင်္ဂလာပွဲအခမ်းအနားများကိုလည်း အောက်တိုဘာ ၁၈ရက်တွင် ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာဆွမ်းကျွေးခြင်း ကိုလည်းကောင်း၊ အောက်တိုဘာ ၂ဝ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ရိပ်သာတွင် လည်းကောင်း၊စုလျား ရစ်ပတ်ထိမ်းမြားခြင်းကို အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ Melia Hotel နှင့် အောက်တိုဘာ ၃၁ ရက်တွင် ညစာ စားပွဲကို Novotal Hotel တွင် ကျင်းပသွား မည်ဟု သိရသည်။

Read more

လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ဖွယ်ရှိကြောင်း ပက်ကွီအို အရိပ်အမြွက်ဆို

LAS VEGAS, NEVADA - APRIL 09:  Manny Pacquiao looks to strike Timothy Bradley Jr. during their welterweight championship fight on April 9, 2016 at MGM Grand Garden Arena in Las Vegas, Nevada. Pacquiao won by unanimous decision.  (Photo by Christian Petersen/Getty Images)

လက်ဝှေ့ကြိုးဝိုင်းများထဲ တစ်ကျော့ပြန် ခြေချလာနိုင်ကြောင်း မန်နီ ပက်ကွီအိုက အရိပ်အမြွက် မတင်မကျ ပြောကြားလိုက်သည်။

ဖိလစ်ပိုင် နိုင်ငံသား ကမ္ဘာ့ချန်ပီယံဟောင်းသည် ယခုအခါ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူပြီး ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်ထဲတွင် နေရာတစ်ခု အခိုင်အမာ ရယူထားပြီ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် တစ်နေရာအတွက် ရွေးချယ်ခံခဲ့ရသည်။

Read more

ဘရာဇီးလ်ကွင်းလယ်ကစားသမား ၀ီလီယံကို ချယ်လ်ဆီးအသင်း (၂၀၂၀)ခုနှစ်အထိ သက်တမ်းတိုး

13654310_1738218803097670_2834462557150935876_n

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက အသင်း၏ အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြခဲ့သော ဘရာဇီးလ် ကွင်းလယ် ကစားသမား ၀ီလီယံကို (၂၀၂၀)ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

အသက်(၂၇)နှစ်ရှိပြီဖြစ်သည့် ၀ီလီယံသည် လက်ရှိစာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးသော်လည်း သက်တမ်း တိုးမြှင့် ခံခဲ့ရခြင်းဖြစ်သည်။

ဝီလီယံသည် ၂၀၁၃ ခုနှစ်က ရုရှားကလပ်အန်ဇီအသင်းမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၁၄၀)ကစားပြီး (၁၉)ဂိုး သွင်းယူပေးထားသည်။

Read more

ဘုရားပရ၀ုဏ် စိမ်းလန်းစိုပြေရေး တံတားဦးပြည်ခိုင်ဖြိုးက သစ်ပင်များစိုက်ပျိုးပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမြန်လမ်းဘေး စကားအင်း တိုးဂိတ်အနီးရှိ တည်ထားကိုးကွယ်သော သမ္ဗုဒ္ဒေဘုရားပရဝုဏ်တွင် စိမ်းလန်းစိုပြေရန် အတွက် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ (ဇူလိုင် ၁၃ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ ခရိုင်/မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဝင်များမှ စုပေါင်း၍ သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

Read more