အိုလံပစ်အခမ်းအနားသို့ ရာထူးမှဆိုင်းငံ့ထားသည့် သမ္မတဒီမာရိုဆက်ဖ် တက်ရောက်မည်မဟုတ်

ရီယိုဒီဂျနေရိုး ဇူလိုင် ၂၇
ရာထူးမှ ခေတ္တဆိုင်းငံ့ထားသည့် ဘရာဇီးသမ္မတ ဒီမာရိုဆက်ဖ်သည် ရီယိုအိုလံပစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ဟု ပြောခဲ့သည်။
အကြောင်းမှာ ၎င်းသည် မာရာကာနာ အားကစားရုံ၌ ကျင်းပမည့်ဖွင့်ပွဲအခမ်းအနား၌ ဒုတိယနေရာမှနေ၍ တက်ရောက်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ယာယီသမ္မတ မိုက်ကယ်တမ်မာ၏ ပြောရေးဆိုခွင့်ရှိသူက ဒီမာရိုဆက်ဖ် သည် ဖွင့်ပွဲအခမ်းအနား၌ ယာယီသမ္မတ၏ ဘေးတွင် နေရာယူရမည် မဟုတ်ဘဲ ၄င်းထက် တစ်ဆင့် နိမ့်သော နေရာတွင် တက်ရောက်ရမည်ဖြစ်သည်ဟု ပြောခဲ့သည်။
Read more












