ဗန်းမော်ပြည်ခိုင်ဖြိုး မြစ်ရေကြီးမှုမှ ဘေးလွတ်ရာခေတ္တခိုလှုံနေကြသော ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင် ခိုလှုံေ နကြသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက် ပညာ့ ရိပ်သာအုပ်စုမှ ပြည်သူများထံသို့ ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် ခေါက်ဆွဲခြောက် အထုပ် ၃၀ ပါ ခေါက်ဆွဲဖာ (၂၆) ဖာကို ဇူလိုင်လ (၂၆) ရက်နေ့က မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်စုမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ပြုလုပ်ခွင့် ဆိုင်းငံ့သည့်အပေါ် ကန့်ကွက်ကြောင်း အမျိုးသားလူငယ်ကွန်ဂရက် ထုတ်ပြန်

ရှမ်းပြည်နယ် ပင်လုံမြို့ ကျောက်တိုင်ကွင်း၌ပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ပြုလုပ်ခွင့်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆိုင်းငံ့ရန် အကြောင်းကြားထားသည့်အပေါ် ကန့်ကွက်ကြောင်း အမျိုးသားလူငယ်ကွန်ဂရက်က  ဇူလိုင် (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။ (more…)


Read more

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ တွင် ဇူလိုင်လ (၂၆) ရက် နေ့လည် (၁) နာရီ အချိန်က မြို့နယ်ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ အတွင်းရေးမှူး ဦးလာပေါ်ထူး၊ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးသက်ဦး၊ ဦးလန်းဘောမ်၊ ဦးသန်းလွင်ဦး၊ ဒေါ်နွဲ့နွဲ့အေး၊ ဒေါ်ဂျာမိုင်အောင်၊ ဒေါ်လွမ်းနန်း၊ ဒေါ်ကေသွယ်ဦးတို့ တက်ရောက်ခဲ့ကြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read more

မြစ်ဆုံ တည်ဆောက်ရေးလုပ်ငန်းခွင် ဧရိယာ ပုဒ်မ၁၄၄ ဆက်ထုတ်

မြစ်ဆုံရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်းခွင် နယ်မြေဧရိယာအား ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်ထားရန် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဇူလိုင်လ(၂၆)ရက်နေ့တွင် အမိန့်စာထုတ်ပြန်လိုက်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။ (more…)


Read more

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ရွှေးချယ်တင်မြှောက်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက်တွင် တောင်ကြီးမြို့ ပြည်ခိုင်းဖြိုးပါတီ ခန်းမတွင်ကျင်းပပြုလုပ်ရာရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့ နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များမှတက်ရောက်ခဲ့ကြောင်း
သိရှိရပါသည် ။


Read more

အင်တာနက်လိုင်း ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်မည့် 2600 MHz လှိုင်းစဉ်နှုန်းကို ဆက်သွယ်ရေးက လေလံတင် ရောင်းချမည်

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် 2600 MHz လှိုင်းစဉ်နှုန်းကို အောက်တိုဘာ ၁၇ ရက်တွင် လေလံတင် ရောင်းချမည်ဖြစ်ပြီး ဆက်သွယ်ရေး ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့် NFS (I) လိုင်စင်ရရှိထားသည့် ကုမ္ပဏီ ၃၅ ခု ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


Read more

ရပ်နားထားသော မဏိပူရ်ဆည် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ မဏိပူရ်မြစ်ပေါ်တွင်လုပ်ဆောင်နေသော မဏိပူရ်ဆည်စီမံကိန်း ရပ်နားထားခဲ့ရာမှ တရုတ်ကုမ္ပဏီတစ်ခု၏ ဖြစ်မြောက်နိုင် ကြောင်း အစီရင်ခံစာကြောင့် ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။ (more…)


Read more

ဒီဘက်ခေတ်ဘောလုံးသမားတွေက သစ္စာတရားဆိုတာကို နားမလည်ဘူး၊ ရေကြည်ရာမြက်နုရာပဲ ရှာနေကြတယ် (တော့တီ)

13669140_1057350997693054_942260896425490386_n

နာပိုလီတိုက်စစ်မှုး ဟီဂူအင်သည် ဂျုဗင်တပ်စ်အသင်းသို့ ပြောင်းရွေ့ကြေး ယူရို သန်း(၉၀)ဖြင့် ပြောင်းရွေ့သွားခဲ့ ပြီးနောက် ရိုးမား ဂန္တာဝင် တော့တီက ယနေ့ခေတ် ဘောလုံးလောကသည် ကပ်ဆိုက်သကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။

Read more

၂၀၁၅-၁၆ ရာသီတွင် ဘာစီလိုနာအသင်း အမြတ်ငွေ ယူရို ၂၉ သန်းရရှိ

barcelona_0

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ၀င်ငွေ ယူရို ၆၇၉ သန်း ရရှိခဲ့ကြောင်း အသင်း၏ဘဏ္ဍာရေးအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။

လာလီဂါချန်ပီယံဘာစီလိုနာအသင်း၏ ၀င်ငွေမှာ တိုးတက်လာခဲ့ပြီး အခွန်ဆောင်အပြီးတွင် အမြတ်ငွေ ယူရို ၂၉ သန်း ရရှိကြောင်းလည်း တနင်္လာနေ့က ထုတ်ပြန်သော ထိုကြေညာချက်တွင် ပါရှိသည်။

Read more

ရော်ဂျာဖက်ဒရာ ဒဏ်ရာကြောင့် အိုလံပစ်နဲ့ လက်ကျန် ပြိုင်ပွဲများကို လွဲချော်

90524244-roger-federer-pa

နာမည်ကြီး ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒရာဟာ ဒဏ်ရာကြောင့် ရီယိုအိုလံပစ်ပြိုင်ပွဲ အပါအဝင် ယခုနှစ် လက်ကျန် တင်းနစ်ပြိုင်ပွဲ အားလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။ ဂရင်းဆလင်း ဆုဖလား ၁၇ ကြိမ် ရရှိထားတဲ့ ဖက်ဒရာဟာ ဒူးဒဏ်ရာကြောင့် တင်းနစ်ကစားနိုင်မှာ မဟုတ်ဘဲ အနားယူရမယ်လို့ ဆိုပါတယ်။

Read more