ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ဇူလိုင်လ (၂၈) ရက် နံနက် ၁ဝနာရီကကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

Read more

ပြည်ကြီးတံခွန်မြို့နယ် လူငယ်ဖွံ့ဖြိုးရေးစင်တာသို့ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက်စက်လှူဒါန်း

ပြည်ကြီးတံခွန်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်ထားသည့် လူငယ်ဖွံ့ ဖြိုးရေးစင်တာသို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက် လေ့ကျင့်ရေးစက်တစ်လုံးကို ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီက ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များက ပေးအပ်လှူဒါန်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူခဲ့သည်။

Read more

သတ်မှတ်ထားသော အထူးကတ်ပြားများရှိမှသာ ဂရိပရိသတ်များ ဘောလုံးကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့်ရမည်

13880338_1743871372532413_1681011533617670505_n

ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများကို ကွင်းအတွင်းဝင်ရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် သတ်မှတ်ထားသော အထူးကတ်ပြားများရှိမှသာ ကြည့်ခွင့်ရမည် ဖြစ်ကြောင်း ဂရိအားကစားဒုတိယ၀န်ကြီး ကွန်တိုနစ်က ကြေညာခဲ့သည်။

ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများ၏ ပရိသတ်အကြမ်းဖက်တိုက်ခိုက်မှု ပုံရိပ်ဆိုးများလျော့ပါးစေရန် ရည်ရွယ်၍ ဂရိအားကစား တာဝန်ရှိသူများက ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုမည့် ပရိသတ်များ အနေဖြင့် နာမည်၊ ဓာတ်ပုံ၊ ရဲတပ်ဖွဲ့ထောက်ခံနံပါတ်၊ ကျန်းမာရေးအာမခံချက်နှင့် နေရပ်လိပ်စာများ ဖော်ပြပါရှိသော ကတ်ပြားများကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

Read more

ချယ်လ်ဆီးနည်းပြသစ် ကွန်တီထံမှ ကမ်းလှမ်းမှုရရှိခဲ့သည်ဟု တီဗက်ဇ် ဖွင့်ဟ

13645245_1743892022530348_4422024925892449464_n

ဘိုကာဂျူနီယာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ဂျူဗင်တပ်စ်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြဟောင်း ကွန်တီထံမှ ချယ်လ်ဆီးအသင်းတွင် လာရောက်ကစားရန် ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း
ထုတ်ဖော် ပြောကြားခဲ့သည်။

” မိသားစုနဲ့ အပြင်ထွက်ပြီး ကားမောင်းနေတဲ့အချိန်မှာ ကွန်တီထံက ဖုန်းဝင်လာပါတယ်။ သူတိုက်စစ်မှူးးတစ်ဦး အလိုရှိနေကြောင်းနဲ့  ချယ်လ်ဆီးမှာကစားဖို့ စိတ်ဝင်စားသလားလို့ လှမ်းမေးပါတယ်” ဟု ၃၂ နှစ်အရွယ်ရှိ တီဗက်ဇ်က Radio La Red သို့ ပြောကြားခဲ့သည်။

Read more

လူမုန်းအများဆုံးအသင်းအဖြစ် မန်ယူကို ချယ်လ်ဆီးကျော်တက်

12045245

ပရီးမီးယားလိဂ်တွင် လူ မုန်းအများဆုံးအသင်းအဖြစ် ချယ်လ်ဆီးက မန်ယူကို ကျော်တက်သွားသည်ဟု ဒေးလ်လီးမေရာ သတင်းစာက ပြုလုပ်သော စစ်တမ်းတွင် တွေ့ရှိခဲ့သည်။

၂၀၁၆-၁၇ ဘောလုံးရာသီတွင် ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ် အသင်း ၂၀ မှ ပရိသတ် တစ်သောင်းအား သတင်းစာက နှစ်စဉ်ပြုလုပ်သော စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး မန်ယူ သည် ပထမဆုံးအကြိမ် ထိပ်ဆုံးနေရာမှ ဖယ်ပေး လိုက်ရသည်။

Read more

ရွှေရောင်ဆံပင် ဒီဇိုင်းအသစ်ဖြင့် မက်ဆီ

Lionel-Messi-blonde-hair

နာမည်ကြီး တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ဆံပင်ပုံကို ရွှေရောင်ဆံပင်အဖြစ် ဒီဇိုင်းပြောင်းလဲ လိုက်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်အဖြစ်နဲ့ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပါတယ်။

မက်ဆီဟာ အသင်းဖော် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်နဲ့အတူ  လေ့ကျင့်ရေး ဆင်းနေပါတယ်။

Read more

ကမ္ဘာစစ်ဖြစ်နေပြီဟု ပုပ်ရဟန်းမင်းကြီး သတိပေး

Europe-attacks(2)

ဗာတီကန်၊ ဇူလိုင် ၂၈

ဥရောပတွင် ဂျီဟတ်ဝါဒီများ တိုက်ခိုက်မှုများ ဆင့်ကဲဖြစ်လာခြင်းအတွက် ပုပ်ရဟန်းမင်းကြီးက ကမ္ဘာစစ်ဖြစ်နေပြီ ဆိုခြင်းအား သက်သေပြမှုများဖြစ်ကြောင်း သတိပေးလိုက်သည်။

သို့သော် ပုပ်ရဟန်းမင်းကြီးက ဘာသာရေးစစ်ပွဲအဖြစ် သတ်မှတ်ညွန်းဆိုခြင်းမဟုတ်ဘဲ အကျိုးစီးပွား၊ ငွေကြေးနှင့် သဘာဝရင်းမြစ်များနှင့် ပတ်သက်၍ ပဋိပက္ခတစ်ရပ်အဖြစ် ပြောဆိုသည်။

Read more

အမေရိကန် သမ္မတလောင်း နှစ်ဦးကြား အပြန်အလှန် ဝေဖန်မှုတွေ အရှိန်မြင့်

4532414535

မစ္စစ် ကလင်တန်ရဲ့ အီးမေးလ်ကို ရုရှားက ထွင်းဖောက်ပြီး အရေးကြီး စာရွက်စာတမ်းတွေ ရသွား စေချင်လိုက်တာ ဆိုပြီး မစ္စတာ ထရမ့်က ပြောခဲ့တာပါ။

Read more

တူရကီအစိုးရ သတင်းထောက်တွေ ထပ်ဖမ်းဖို့ အမိန့်ထုတ်

erdogan

ဒီလ အစောပိုင်း တူရကီနိုင်ငံက စစ်အာဏာသိမ်း ကြိုးပမ်းမှုကို အဓိက စီစဉ်သူလို့ အစိုးရက ပြောဆိုနေတဲ့ အမေရိကန် အခြေစိုက် မူဆလင် ဘာသာရေးဆရာနဲ့ အဆက်အစပ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတင်းထောက် တွေကို ဖမ်းမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

Read more

အငြင်းပွားဖွယ် ကလေးလုပ်သားဥပဒေကို အိန္ဒိယလွှတ်တော်တွင် အတည်ပြု

child-labour-law

အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား အလုပ်လုပ်ခွင့်ပေးထားသည့် ဥပဒေတစ်ရပ်ကို ဇူလိုင်လ ၂၆ ရက် က ကျင်းပသည့် အိန္ဒိယ ပါလီမန်က အတည်ပြု ပေးလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခု ဥပဒေအရ အရွယ်မရောက်သေးသည့် ကလေးများကို ၎င်းတို့၏ မိသားစုအတွက် တစ်ဘက်တစ်လမ်းမှ ၀င်ငွေ ရှာနိုင်ရန် သတ်မှတ်လုပ်ငန်းတစ်ချို့တွင် ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ဥပဒေကြောင့် ကလေးသူငယ်များ၏ တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်သွားစေနိုင်သည်ဟု တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့သည်။

Read more