အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။

လိုအပ်သောပစ္စည်းများ
ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။
ပျားရည် (၄၀၀) ဂရမ်
ရေ (၄)လီတာမျှ
ရေကောင်းကောင်းဆန့်သည့်
အိုးကြီး (၁)အိုး

ပြုလုပ်နည်း

Read more

အလှမယ်ခြောက်ဦး ရွေးချယ်ပေးမယ့် Miss Golden Land Myanmar ပြိုင်ပွဲ

တတိယအကြိမ်မြောက် Miss Golden Land Myanmar ပြိုင်ပွဲကို ဩဂုတ် ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ ခြောက်ပွဲအ တွက် အလှမယ်ခြောက်ဦး ရွေး ချယ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Read more

ကျောက်ဖြူခရိုင် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ (ဇူလိုင်လ ၂၈ရက်) နံနက် (၉) နာရီအချိန်တွင် ကျောက်ဖြူခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ပြည်နယ်တာဝန်ခံ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဇေယျကျော်ထင် ဦးမောင်မောင်အုန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခင်သောင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးထွေးလှ နှင့် ဆရာကြီး ဦးညီလှိုင် တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ ဇေယျကျော်ထင် ဦးမောင်မောင်အုန်းမှ အမှာစကားပြောကြားခဲ့သည်။

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီဝင်များရဲ့ မွန်မြတ်သောလုပ်အားဒါန

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မျက်နှာစုံညီ အစည်း အဝေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ (ဇူလိုင် ၂၈ရက်) နံနက် (၇း၃၀) မှ (၁၀း၃၀) အထိ ပုညရှင်တောင်ပေါ်ကျောင်း အတက်အဆင်းလမ်းနှင့် ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်း များအတွက် မိုးညှင်းပြည်ခိုင်ဖြိုးပါတီဝင်များက အုတ်များသယ်ခြင်းကို လုပ်အားဒါနပေးခဲ့ကြသည်။

အဆိုပါကျောင်းဆောင်အမိုး သွပ်မိုးခြင်းကိုလည်း ပြည်ခိုင်ဖြိုးမှ တာဝန်ယူ လှူဒါန်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

Read more

ဗန်းမော်ပြည်ခိုင်ဖြိုးပါတီ ရေကြီးဒေသ ပြည်သူများအတွက် အစားအသောက်များ ထောက်ပံ့လှူဒါန်း

မြစ်ရေကြီးမှုကြောင့် နေအိမ်များအတွင်းရေများဝင်ရောက်၍ ရေဘေးဒုက္ခ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများအတွက် ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီအချိန်က အစားအသောက်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးအခြေခံသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခမ်းမ၌ ဇူလိုင်လ (၂၅) ရက် နံနက် (၈) နာရီခွဲအချိန်က စည်းရုံးရေးအခြေခံသင်တန်း (၁/ ၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြများမှ စည်းရုံးရေး ဆိုင်ရာများ သင်ကြားပို့ချခဲ့ကြသည်။

Read more

မြင်းခြံပြည်ခိုင်ဖြိုး အရိပ်ရပင်များ စိုက်ပျိုးပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဂေါင်းကွဲကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ဒေသခံ ကျေးရွာပြည်ခိုင်ဖြိုးပါတီနှင့် ပူးပေါင်း၍ ကျောင်းအုပ်ဆရာကြီး ခွင့်ပြုချက်ဖြင့် ယနေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းတွင် အရိပ်ရအပင် တစ်ရာအား ကျောင်းပတ်ပတ်လယ်တွင် အင်အား(၃၆)ဦးနှင့် စိုက်ပျိုးပေးခဲ့ကြသည်။

ထိုသို့စိုက်ပျိုးရာတွင် မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီမှလည်း ပူးပေါင်းပါဝင် စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

Read more

မိုးကောင်းပြည်ခိုင်ဖြိုး သဘာဝဘေးဒဏ်သင့် မိသားစုများအတွက် အစားအစာများ သွားရောက်လှူဒါန်း

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ တံတားဦးရပ်ကွက်နေ မိသားစု အချို့၏ နေအိမ်များ ရေနစ်မြုပ်နေသည်မှာ (၃ ပေမှ ၅ ပေ ကျော်ထိ) ၁၀ ရက်ခန့်ကြာနေပြီဖြစ်၍ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေအိမ်များရေနစ်မြုပ်နေသော မိသားစုများ စားသောက်ရေး အဆင်ပြေစေရန် အိမ်ထောင်စု (၁၈) စုအား ဇူလိုင်လ (၂၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က ခေါက်ဆွဲခြောက် (၁၈)ဖာနှင့် ကြက်ဥ (၁၀၀) လုံး သွားရောက် ထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။

Read more

တနိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ပြန်လည်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီကော်မတီဝင်များ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က စတင်ဆောင်ရွက်ခဲ့ရာ ခရိုင်ကော်မတီဝင် ဦးကေဆန်အောင်မှ မြို့နယ်ကော်မတီဝင်များအား ကြိုဆိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်နှင့် ပါတီစည်းမျဉ်းစည်းကမ်း အတိုင်း တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

Read more

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ၂နာရီခွဲက မြို့ပေါ်ရှိဘုရားအမှူးရှိသောသံဃာတော်များအား ပင့်ဆောင်၍ မြို့နယ် ပါတီကော်မတီဝင်များက(၁၃)ကြိမ် မြောက်ဝါဆိုသင်္ကန်းကပ်လှူပူဇော် ပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲတွင် အခမ်းအနားသို့ တက် ရောက်လာသော မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဦး၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များသည် ကြွရောက်လာ သော ပင့်သံဃာတော်အရှင်သူမြတ်တို့ထံ သီလခံယူဆောက်တည်ကြ ပြီးဆရာတော်ကြီးများက အန္တရာယ် ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ကြသည်။

Read more