အင်္ဂလန်နှင့် အီတလီမှ ကမ်းလှမ်းမှုများကို စိတ်ဝင်စားခဲ့ဖူးသည်ဟု ဆီမြွန်နီ ၀န်ခံ

13879423_1744204015832482_1136960811909887424_n

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အင်္ဂလန်ပရီးမီးယားလိဂ်နှင့် အီတလီစီးရီးအေမှ ကမ်းလှမ်းမှုများကို စိတ်ဝင်စားခဲ့ဖူးသည်ဟု ၀န်ခံပြောကြားခဲ့သည်။

ဆီမြွန်နီသည် အက်သလက်တီကိုအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိသည်အထိ ဦးဆောင်မှုပေးနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်တန်းအသင်းများစွာ၏ ပစ်မှတ် နည်းပြ တစ်ဦး ဖြစ်ခဲ့သည့်အပြင် အာဂျင်တီးနားလက်ရွေးစင် အသင်း၏ နည်းပြရာထူးအတွက်လည်း လျာထားခံခဲ့ရသည်။

Read more

ချယ်လ်ဆီးတွင်အကယ်ဒမီကောင်း ရှိသော်လည်း လူငယ်များနေရာမရခြင်းကို ကွန်တီနားမလည်နိုင်

conte

ချယ်လ်ဆီးအသင်းတွင် အကယ်ဒမီကောင်းရှိသော်လည်း အသင်းကြီးတွင် ကစားသမားအနည်းငယ်သာ အခွင့်အရေး ရခြင်းကို နည်းပြကွန်တီက နားမလည်နိုင် ဖြစ်နေပြီး လူငယ်များကိုနေရာပေးသွားမည်ဟု ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းတွင် ၁၉၉၈ မှစတင်ကာ တယ်ရီ တစ်ဦးတည်းသာ ပုံမှန်နေရာရ အကယ်ဒမီကစားသမားအဖြစ် ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် လို့တက်ချိခ်နှင့် ဒိုမီနစ် ဆိုလန်ကီတို့သည် အသင်းကြီးတွင် နေရာရလာသည့် နောက်ဆုံး လူငယ်သွေးသစ်များအဖြစ် ထွက်ပေါ်ထားသည်။

Read more

အားကစား သတင်းတိုများ

စည်းကမ်းများကို လေးစားလိုက်နာမှုအားနည်း၍ ဆာခိုအား အမေရိကန်ခရီးစဉ်မှ ပြန်လွှတ်လိုက်သော်လည်း ၎င်း၏ လုပ်ရပ်များ သည် ထပ်မံအပြစ်ပေး လောက်အောင် မပြင်းထန်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောသည်။
————————————————————————————————–

စပါးနှင့် အက်သလက်တီကိုမက်ဒရစ်တို့၏ ICC ပွဲမတိုင်မီ စပါးနည်းပြ ပိုချက်တီနိုက အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနည်းပြတစ်ဦးဟု ချီးကျူးပြောကြားသည်။ နှစ်ဦးစလုံးသည် အာဂျင်တီးနား သားများဖြစ်ပြီး လက်ရွေးစင်အသင်းတွင် အတူ ကစားခဲ့ကြသည်။

Read more

တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ် မန်ယူအသင်းသားများနှင့်အတူ လေ့ကျင့်ခန်းဆင်း

Spots

ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် မန်ယူအသင်းသားများနှင့်အတူ ကြာသပတေးနေ့က ပထမဆုံး လေ့ကျင့် ခန်းဆင်းခဲ့ပြီး စနေနေ့တွင် ကစားမည့် ဂါလာတာစာရေးနှင့် ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည်။

ယခုလအစောပိုင်းက ပီအက်စ်ဂျီမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် မန်ယူသို့ ရောက်လာသည့် အီဗရာဟီမိုဗစ် (၃၄) နှစ်က မန်ယူသို့ ပြောင်းရွှေ့လိုသောကြောင့် အမေရိကန်မေဂျာလိဂ် ဒေးဗစ်ဘက်ခမ်း၏ အသင်းက ခေါ်ယူရန် ကြိုးပမ်းမှုကို ပယ်ချခဲ့သည်ဟု ပြောသည်။

Read more

တောင်တရုတ်ပင်လယ်တွင် ရုရှားနှင့်ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မည်ဟု တရုတ်ကြေညာ

frew

ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ မြင့်တက်နေသည့်တိုင် တောင်တရုတ် ပင်လယ်ထဲတွင် ရုရှားနှင့် ပူးပေါင်းပြီး စစ်ရေး လေ့ကျင့်သွားမည်ဟု တရုတ်က ကြေညာခဲ့သည်။

ယခုလ အစောပိုင်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ သမာဓိ ခုံရုံးက တောင်တရုတ် ပင်လယ်၏ ဧရိယာ အားလုံးနီးပါးကို ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် တရုတ်၏ အဆိုပြုချက်ကို ပယ်ချခဲ့ပြီး နောက်ဆက်တွဲ အခြေအနေအဖြစ် တရုတ်က ယခုစစ်ရေးလေ့ကျင့်မှုကို စီစဉ်ခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရက အဆိုပါ စီရင်ချက်ကို မျက်ကွယ်ပြုထားမည်ဟု အခိုင်အမာ ပြောကြားထားသည်။

Read more

လူ့အခွင့်အရေးအုပ်စုများက ကန့်ကွက်နေခဲ့သော်လည်း အင်ဒိုနီးရှားက မူးယစ်တရားခံများကို ကွပ်မျက်

Indonesia_1

နိုင်ငံတွင် မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော တရားခံလေးဦးအား အင်ဒိုနီးရှားအစိုးရက ဇူလိုင်လ ၂၈ ရက်က ကွပ်မျက်လိုက်ရာ နိုင်ငံတကာမှ လူ့အခွင့်အရေး အုပ်စုများဘက်မှ ဝေဖန်ပြစ်တင်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ဇူလိုင်လ ၂၈ ရက်က ပြည်ပနိုင်ငံသား သုံးဦးအပါအ၀င် မူးယစ်တရားခံလေးဦးကို ကွပ်မျက် လိုက်ပြီဖြစ်ကြောင်း အင်ဒိုအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more

ဟီရိုရှီးမားမြို့က အမှတ်တရ အဆောက်အအုံမှာ ပေါ့ကီမွန်တွေ ဖယ်ရှားပေးဖို့ မြို့တော်ဝန် တောင်းဆို

Japan

ဂျပန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က အနုမြူဗုံးကျရောက်ရာ ဟီရိုရှီးမားမြို့က အမှတ်တရ အဆောက်အအုံမှာ ပေါ့ကီမွန်အကောင်များ ထားရှိခြင်း မပြုရန် မြို့တော်ဝန်က တောင်းဆိုလိုက်ပါတယ်။

ပေါ့ကီမွန်ဂိုးဂိမ်းမှာပါတဲ့ ငြိမ်းချမ်းရေး အောက်မေ့ဖွယ်ရာ ပန်းခြံထဲက Pokestops နှင့် gyms များကို ဖျက်ပေးဖို့ မြို့တော်ဝန်က နင်တန်းဒိုးကုမ္ပဏီရဲ့ ဂိမ်းရေးဆွဲသူကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Read more

ဘင်္ဂလားဒေ့ရှ်တွင် ပစ်သတ်ခံရသော အစွန်းရောက်များ၌ အမေရိကန်နိုင်ငံသား တစ်ဦးပါဝင်

ဒါကာမြို့တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သေဆုံးသွား သည့် အစ္စလာမ်မစ် အစွန်းရောက်ဟု သံသယရှိသူ ကိုးဦးအနက် တစ်ဦးသည် ဘင်္ဂလားဒေ့ရှ်ဇာတိ အမေရိကန်နိုင်ငံသားဖြစ်ပြီး ယင်းပစ်ခတ်မှုဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသူတစ်ဦးကို ရဲတပ်ဖွဲ့ က ရှာဖွေနေသည်။

စစ်သွေးကြွများ ပုန်းခိုနေသည့် နေရာတစ်ခုကို အင်္ဂါနံနက်က စီးနင်းရာတွင် သေဆုံးသွားသော လူငယ်စစ်သွေးကြွ ကိုးဦး၌ ရှဟာဇက်ရုဖ်ဆိုသူလည်း တစ်ဦး ပါဝင်ကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဆူဒါရာမန်က အေအက်ဖ်ပီသတင်းဌာနအား ပြောကြားသည်။

Read more

ဆီးရီးယား၌ သုံးလအတွင်း လက်နက်ချသည့်သူပုန်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်

13620964_1063726620386891_5402289096241911082_n

ဒမတ်စကတ် ဇူလိုင် ၂၈

သုံးလတာကာလအတွင်း အစိုးရထံ လက်နက်ချသော လက်နက်ကိုင်သူပုန်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေး မည်ဟု ဆီးရီးယား သမ္မတ ဘာရှားအယ်လ်အာဆတ်က ဇူလိုင် ၂၈ ရက်တွင် ကမ်းလှမ်းလိုက်ကြောင်း နိုင်ငံပိုင် ဆာနား သတင်းဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၈ ရက်မှအစပြု၍ သုံးလတာကာလအတွင်း အစိုးရထံလက်နက်ချကာ အလင်းဝင်ရောက်သော သူပုန်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း အဆိုပါ အမိန့်တွင် ဖော်ပြထားသည်။

Read more

အမေရိကန်ရွေးကောက်ပွဲ၌ ဟီလာရီအောင်မြင်ရမည်ဟု အိုဘားမား ပြော

13876708_1735160586724442_6310161746559538657_n

နယူးယောက် ဇူလိုင် ၂၈

အမေရိကန်သမ္မတအိုဘားမားသည် နိုဝင်ဘာလ၌ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဟီလာရီအနိုင်ရရှိရေး ကူညီကြရန် မဲဆန္ဒရှင်များကို အလေးအနက်ပန်ကြားခဲ့သည်။ ဒီမိုကရက်တစ်ညီလာခံ၌ အိုဘားမားက ဟီလာရီကို ချီးမွမ်း ပြောဆိုခဲ့ပြီး အိမ်ဖြူတော်ကိုအရည်အချင်းအရှိဆုံးပုဂ္ဂိုလ်ကသာ ဦးဆောင်သွားရမည်ဟုလည်း ပြောခဲ့သည်။

Read more