ရှမ်းပြည်နယ် (မြောက်ပိုင်း) ပါတီမျက်နှာစုံညီ အစည်းအဝေးအကြို ညှိနှိုင်း စည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၈) ရက် နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်မြေ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

Read more

ဆောင်းဂျုံကီနှင့်ပတ်သက်သည့် အချစ်ရေးသတင်းအား မဟုတ်မှန်ကြောင်းငြင်းဆိုလိုက်သည့်ဆောင်းဟေဂျို


အာရှတစ်လွှား အလွန်လွှမ်း မိုး ကျော်ကြားခဲ့သည့် Descendants of The Sun ဇာတ်ကားမှ အဓိကဇာတ်ဆောင်များဖြစ်သည့် မင်းသားဆောင်းဂျုံကီနှင့် မင်း သမီးဆောင်းဟေဂျိုတို့၏ အချစ် ဇာတ်လမ်းကို ပရိသတ်များက အထူးစိတ်ဝင်စားနေလျက်ရှိပြီး ၄င်းတို့နှစ်ဦးအား ချစ်သူများအဖြစ် မျှော်လင့်နေသည်မှာ အားလုံး သိရှိပြီးဖြစ်သည်။ တကယ့် လက် တွေ့ဘဝတွင်လည်း မင်းသမီး ဆောင်းဟေဂျိုသည် သူမအတွက် အမျိုးသားတစ်ဦးကို ရှာဖွေကောင်း ရှာဖွေနေမည်ဟုလည်း မျှော်လင့်ရ သည်။ သို့သော်လည်း မင်းသမီး ဆောင်းဟေဂျိုသည် မင်းသားဆောင်း ဂျုံကီနှင့်အချစ်ရေးအကြောင်း ထွက်ပေါ်နေသည့်သတင်းများကို မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက် သည်ဟု သိရသည်။
ချစ်စရာကောင်းသူအဖြစ် ကျော်ကြားနေသည့် မင်းသား ဆောင်းဂျုံကီအား ဆောင်းဟေဂျို ကလည်းလူချောတစ်ယောက်ဖြစ် သည်ဟု ဝန်ခံခဲ့သည့်စကားက တစ်ကိုယ်တည်းရပ်တည်နေသည့် သူမအတွက် သို့လောသို့လောထင် စရာများ ဖြစ်လာခဲ့ရခြင်းဖြစ် သည်။ သို့သော် သူမကငယ်စဉ်က တည်းက သူမ၏ချစ်သူဖြစ်မည့်သူ ကိုယောက်ျားပီသခန့်ညားသည့်သူ ဖြစ်ရမည်ဟု စိတ်ကူးယဉ်ထား ကြောင်းပြောကြားခဲ့သည့်အတွက် သူမသည်ဟောလိဝုဒ်တွင်ပါနာမည် ကျော်ကြားသည့် တောင်ကိုရီးယား နာမည်ကျော်ယောက်ျားပီသခန့်ညား သည့်မင်းသားလီဗြောင်ဟွန်းနှင့် ချစ်သူဖြစ်ဖူးသည်က သာဓကဖြစ် နေသည်။ သူမသည်အချစ်ရေး ထက် အလုပ်ပေါ်တွင် အလွန်အာရုံ စိုက်သူဖြစ်သည်ဟူသောစွပ်စွဲချက် ဖြင့် လီဗြောင်ဟွန်းကလမ်းခွဲခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သူမကယခုအချိန်တွင် သူမ၏ သဘောထားအမြင်များ သည်များစွာပြောင်းလဲလာပြီဖြစ် သော်လည်း အလုပ်တာဝန်များ ဖိစီး လွန်းသည့်သူမအတွက် ဖိစီးမှုများ ခံစားရတိုင်း ရင်ဖွင့်တိုင်ပင်နိုင်မည့် အားကိုးနိုင်မည့် ချစ်သူမျိုးကိုသာ မျှော်လင့်ကြောင်း ဖွင့်ဟပြောခဲ့သည် အတွက် ကလေးတစ်ဦးကဲ့သို့ ချစ် စရာကောင်းလွန်းသည့် မင်းသား ဆောင်းဂျုံကီကို သူမအနေဖြင့် ချစ်သူအဖြစ် ရွေးချယ်လိမ့်မည် မဟုတ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း၌လည်း ဆောင်းဟေဂျို အနေဖြင့် အမေရိကန်နိုင်ငံ နယူး ယောက်မြို့၌ အမေရိကန်ဒေါ်လာ ၈၆၇ဝ၅ဝ တန်ဖိုးရှိ ဇိမ်ခံကွန်ဒို တစ်ခန်း ဝယ်ယူခဲ့သည့်အတွက် လည်း လက်ထပ်တော့မည်ဟူသည့် သတင်းများထွက်ပေါ်ခဲ့သေးသည်။ လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားသစ် များ ရိုက်ကူးခြင်းမရှိသေးဘဲ ဆောင်းဂျုံကီကမူ ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာကို လက်ခံရိုက်ကူး လျက်ရှိကြောင်းသိရသည်။

Read more

မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုး မျက်နှာစုံညီအစည်းအဝေးကို ယနေ့ ဇူလိုင်(၂၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီချိန် စတင်ကျင်းပရာ သဘာပတိအဖြစ် ပထမပိုင်းတွင် Dr အောင်ကျော်ထွန်း နှင့် ဒုတိယပိုင်းတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေးတို့မှ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ပြည်နယ်ပါတီကော်မတီဝင်များ၊ ကြီးကြပ်ရေးကော်မတီများ၊ မော်လမြိုင်ခရိုင်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မြို့နယ်(၆)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌ၊အတွင်းရေးမှူး၊မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း( ၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

Read more

တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/မြို့နယ် မျက်နှာစုံညီလုပ်ငန်းညှိနိုင်းစည်းဝေးကို ယနေ့ (ဇူလိုင်လ ၂၉ ရက်) နံနက် (၉)နာရီအချိန်က တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီ အလုပ်အမှုဆောင် ဒေါ်တင်မေထွန်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

Read more

တောင်ဥက္ကလာပမြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများ ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌနှင့် ဘဏ္ဌာရေးမှူး ရွေးချယ်ပွဲကို ယနေ့ (ဇူလိုင်လ ၂၉) ရက် နံနက်ပိုင်းက မြို့နယ်ပါတီ ယာယီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးဌေးလွင်၊ အတွင်းရေးမှူး အဖြစ် ဦးကျော်စိုးဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စုလှမြတ်တို့ကို တာဝန်ပေးရွေးချယ်နိုင်ခဲ့ကြကြောင်း သိရှိရသည်။

Read more

သံတွဲခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံအစည်းအဝေးကို သံတွဲမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၈) ရက် နံနက် (၉း၄၀) အချိန်တွင်ကျင်းပခဲ့ရာ သဘာပတိအဖြစ် ဗဟိုကော်မတီဝင် ရခိုင်ပြည်နယ်ပါတီ နာယက ဦးထိန်လင်း၊ ဗဟိုကော် မတီဝင် ဦးရဲထွန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးတင်မောင်သန်း၊ ဦးထွန်းဝေတို့မှဆောင်ရွက်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီမျက်နှာစုံညီအစည်းအဝေး (၂၀၁၆) အခမ်းအနား ကျင်းပ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြည်ထောင်စု နယ်မြေ ပါတီမျက်နှာစုံညီအစည်းအဝေးပွဲကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ ပါတီရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ ပြည်ထောင်စုနယ်မြေပါတီနာယက ဦးမျိုးညွန့်၊ ဖိတ်ကြားထားသော ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ စုံညီစွာ တက်ရောက်ကြသည်။

Read more

မိုးညှင်းခရိုင်ပါတီ စုံညီအစည်းအဝေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြဇေယျာ ပရိယတ္တိ စာသင်တိုက်ကြီး အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်

(၃၀-၇-၂၀၁၆) နေ့တွင်ကျင်းပမည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုရေးပါတီ ခရိုင်မျက်နာစုံညီအစည်းအဝေးနှင့် ရွေးခြယ်တင်မြောက်ပွဲကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရပ်မိရပ်ဖ ဦးညီလေး၊ မိုးညှင်းမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ ဟိုပင်တာဝန်ခံ ဦးဇော်ထွန်းမြင့်၊ ဦးမြဝင်း၊ ဒေါ်သန္တာဝင်းမောင်၊ ဦးဖုန်းမြင့် ရပ်ကျေးစည်းမှူးများ လူငယ်ကေဒါ ဦးအောင်ကိုဝင်း၊ ဦးရန်အောင်ဝင်း၊ ဒေါ်မြမြဌေး၊ ဒေါ်နန်းအိဖြူ၊ ဒေါ်မေဇွန်ဦး၊ ဟိုပင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ လူငယ်ရေးရာအဖွဲ့များသည် ဇူလိုင် (၂၉) ရက် နံနက် (၇) နာရီ (၄၀) မိနစ်အချိန်က ဟိုပင်မြို့ မြဇေယျာ ပရိယတ္တိ စာသင်တိုက်ကြီး အတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်အားဒါနပြု
ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

“မတူညီသောစွမ်းရည်ရှိသူများကို ပါတီဝင်အင်အားစုကြီးဖြစ်လာအောင် ယုံကြည်မှုက စုစည်းထား ကြောင်း” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို (၂၈-၇-၂၀၁၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြီး အဆိုပါအခမ်းအနားတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ တက်ရောက် လာကြသည့် ပါတီဝင်များ၊ လုပ်ဖော်ကိုင်ဖက်များအား “မတူညီသော စွမ်းရည် ရှိသူများကို ပါတီအင်အားစုကြီးဖြစ်လာအောင် ယုံကြည်မှုက စုစည်းထား ကြောင်း” ပြောကြားခဲ့သည်။

Read more

ရှဝိန်းစတိုင်ဂါအပါအ၀င် ကစားသမားကိုးဦးကို အသင်းမှ ထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်း မော်ရင်ဟို ပြော

Jose-Mourinho

ဇူလိုင် ၂၉၊ မန်ချက်စတာ

မန်ယူနည်းပြ မော်ရင်ဟိုက ဂျာမနီကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါနှင့် ကစားသမားကိုးဦးမှာ ၎င်း၏ အနာဂတ် အစီအစဉ်တွင် မပါဝင်သည့်အတွက် အသင်းက ထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်း ပြောဆိုလိုက်သည်။

ရှဝိန်းစတိုင်ဂါသည် ဂျာမနီအသင်းနှင့်အတူ ယူရိုပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း မော်ရင်ဟို၏ အသင်းတွင် ပါဝင်ခွင့် မရခဲ့ပေ။ မော်ရင်ဟိုက သူ၏အသင်းကို ကစားသမား ၂၄ ဦးဖြင့်သာ ဖွဲ့စည်းမည်ဟု ဆိုခဲ့ပြီး ကစားသမား ကိုးဦး လျှော့ချလိုက်ခြင်းဖြစ်သည်။

Read more