“ဒီမိုကရေစီပြောင်းလဲမှုအခန်းကဏ္ဍ” ဆွေးနွေးပွဲ ပြုလုပ်

တာချီလိတ်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ ဖိတ်ကြားချက်ဖြင့် တာချီလိတ် မြို့သို့ရောက်ရှိနေသော Legal Clinic Myanmar မှ ရှေ့နေ ဦးနေ၀င်းနိုင် အား တာချီလိတ်ခရိုင်/ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ထပ်ဆင့်ဖိတ်ကြားခဲ့ပြီး (၁.၈.၂၀၁၆) နေ့ နံနက် (၉)နာရီအချိန်တွင် ဒီမိုကရေစီပြောင်းလဲမှု အခန်း ကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးမှုများအား တာချီလိတ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

13923445_1209545965751884_692889387754898336_o

(more…)


Read more

ပေါ့ဂ်ဘာကို ခေါ်ယူခြင်းကြောင့် မန်ယူ ပေါင် ၂၁၆ သန်းကုန်ကျမည်

ဂျူဗင်တပ်မှ ပြင်သစ် ကွင်းလယ်လူ ပေါ့ဂ်ဘာသည် မန်ယူအသင်းသို့ ပြောင်းရွှေ့တော့ မည့်အချိန်တွင် ၎င်းအတွက် ကုန်ကျစရိတ် စုစုပေါင်း ပေါင် ၂၁၆ သန်း ရှိလာမည်ဖြစ်ကြောင်း Goal သတင်းဝက်ဘ်ဆိုက်က တွက်ချက်ဖော်ပြသည်။

Pogba

(more…)


Read more

ရော်ဂျာဖလားမှာ ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲ

16565146498

တိုရွန်တိုမှာ ပြုလုပ်ခဲ့တဲ့ ရော်ဂျာဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က ပြိုင်ဘက် နီရှီကိုရီကို အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ ၆-၃၊ ၇-၅ ပွဲငယ်တွေနဲ့ ဂျိုကိုဗစ်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုကိုဗစ်အတွက် ဒီနှစ်အတွင်း ခုနှစ်ခုမြောက် ဖလားလည်း ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်က လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ဝင်ဘယ်ဒန်ပြိင်ပွဲမှာ ဆမ်ကွာရေးကို ရှုံးပြီး ပြိုင်ပွဲက စောစောစီးစီး ထွက်ခဲ့ရ ပေမယ့် ဒီတစ်ခေါက်မှာတော့ အောင်မြင်မှု ပြန်ယူနိုင်ခဲ့ပါတယ်။

Read more

ကျင်းပပြုလုပ်မည့် ရခိုင်ပြည်နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် လောကာ နန္ဒာစေတီတော်ရင်ပြင်တွင် သန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်

သြဂုတ်လ (၆)ရက်နေတွင်ကျင်းပပြုလုပ်မည့် ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဂုဏ်ပြုကြိုဆို သောအားဖြင့် သန့်ရှင်းရေးလုပ်အား ဒါနပေးလှူပွဲ အခမ်းအနားကို စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ ယနေ့ သြဂုတ် (၂) ရက်နေ့ နံနက် (၇) အချိန်တွင် ကျင်းပရာ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဒေါ်ချိုချိုသန်း ဦးစီးသော ပြည်နယ်ပါတီရုံးဝန်ထမ်းများ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုး၊ အတွင်းရေးမှူး ဒေါ်မြမြအေး ဦးဆောင်သော ခရိုင်ကော်မတီဝင်များ၊ စစ်တွေမြို့နယ် အတွင်းရေးမှူး ဒေါ်အေးမာခင် ဦးဆောင်သော ပါတီဝင်များ စုစုပေါင်း အင်အား (၇၂) မှ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

LawKa5 LawKa4

(more…)


Read more

ဘရားဇီး အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကစားသမား ၇ ဦး ပါဝင်ယှဉ်ပြိုင်မည်

13882530_10154440639054216_8382588425960362824_n

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ဒီလကျင်းပမယ့် ၂၀၁၆ ကမ္ဘာ့ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက သေနတ်ပစ်၊ မြားပစ်၊ ဂျူဒို၊ ရေကူးနဲ့ ပြေးခုန်ပစ် အားကစားနည်း ၅ မျိုးမှာ အားကစားသမား ၇ ဦး ပါဝင် ယှဉ်ပြိုင်မယ်လို့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

Read more

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ဇူလိုင်လ (၃၁) ရက် နံနက် (၉) နာရီအချိန်က ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံး အပေါ်ထပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိကြီးအဖြစ် ဗဟို ကော်မတီဝင် ဦးစိုင်းလုံးဆိုင်မှ ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် လားဟူတိုင်းရင်းသား ဦးရှည်လှ၊ အာခါတိုင်းရင်သား ဦးဝင်းမြတ်တို့မှ ဆောင်ရွက်၍ သဘာပတိကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

13754505_1208800425826438_7215433910556975195_n

(more…)


Read more

တိုင်ဖုန်းမုန်တိုင်းနီဒါကြောင့် ဟောင်ကောင်တွင် လေကြောင်းခရီးစဉ် ၁၅၀ ကျော် ဖျက်သိမ်းခဲ့ရ

ဟောင်ကောင် သြဂုတ် ၂

တိုင်ဖုန်းမုန်တိုင်းနီဒါကြောင့် စီးပွားရေးမြို့တော်ဟောင်ကောင်တွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး မြေနိမ့်ပိုင်း ဒေသများတွင် ရေကြီးမှု သတိပေးချက်များ ထွက်ပေါ် လာသည့်အတွက် လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။

Tropical-storm

(more…)


Read more

ရသေ့တောင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ သြဂုတ်လ (၁) ရက် နေ့လည် (၁၂) နာရီ (၂၀) မိနစ်အချိန်က မြို့နယ်ကော်မတီဝင်များ၊ အရံမြို့နယ်ကော်မတီဝင်များ တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

Read more

လစ်ဗျားတွင် အိုင်အက်စ်များအား အမေရိကန်လေကြောင်းထိုးစစ်ဆင်

579f6a91c3618808418b457f

ဆာတီ၊ သြဂုတ် ၂

အမေရိကန်က ကုလသမဂ္ဂကျော်ထောက်နောက်ခံပြု လစ်ဗျားအစိုးရ၏ တောင်းဆိုချက်အရ လစ်ဗျားနိုင်ငံတွင်းက အိုင်အက်စ်များကို လေကြောင်းထိုးစစ်ဆင်သည်။

အိုင်အက်စ်အမာခံနယ်မြေ ဆာတီဆိပ်ကမ်းမြို့ရှိ ပစ်မှတ်များကို လေကြောင်းထိုးစစ်ဖွင့်ခြင်းဖြစ်သည်။

လေကြောင်းထိုးစစ်များကြောင့် အကြီးအကျယ်ဆုံးရှုံးမှုများ ရှိကြောင်း လစ်ဗျားဝန်ကြီးချုပ် ဖာယက်စ်ဆာရက်က ရုပ်သံမိန့်ခွန်းတွင် ပြောသည်။

လစ်ဗျားတွင် အိုင်အက်စများ ကြီးထွားလာခြင်းကို အနောက်ပါဝါနိုင်ငံများက စိုးရိမ်မှုများ မြင့်တက်လာရသည်။

Read more

ဆီးရီးယားတွင် ရုရှားစစ်ရဟတ်ယာဉ်တစ်စီး ဒုံးကျည်ထိမှန်ပြီး ပျက်ကျ

fdsfwe

ဆီးရီးယားတွင် ရုရှား ရဟတ်ယာဉ်တစ်စီး ဒုံးကျည်ဖြင့် ပစ်ချခံရပြီး လူ ၅ ဦး သေဆုံးသွားကြောင်း ရုရှားအစိုးရက ကြေညာခဲ့သည်။

ဆီးရီးယားတွင် ၂၀၁၅၊ စက်တင်ဘာမှစ၍ လေကြောင်းထိုးစစ်များ စတင်ခဲ့သည့်နောက်ပိုင်း ယခုဖြစ်ရပ်သည် ရုရှားအတွက် အကြီးမားဆုံး ထိခိုက်မှုလည်း ဖြစ်ခဲ့သည်။ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် Mi-8 ရဟတ်ယာဉ်တစ်စီးသည် အစ်ဒ်လစ်ဘ်ခရိုင်ရှိ အခြေစိုက် စခန်းသို့ ပြန်လာနေစဉ် ပစ်ချခံခဲ့ရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။ အဆိုပါ ရဟတ်ယာဉ်သည် အေလက်ပိုမြို့သို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

Read more