အစိုးရအပေါ် ဆန့်ကျင်သူများအား အရေးယူဖမ်းဆီးနိုင်ခွင့်ရှိမည့် အမျိုးသားလုံခြုံရေး အက်ဥပဒေသစ် မလေးရှားတွင် ပြဌာန်း

Malay

မလေးရှားနိုင်ငံတွင် အစိုးရအတိုက်အခံများအား ပြင်းပြင်းထန်ထိန် ဖိနှိပ်အရေးယူနိုင်မည့် အမျိုးသား လုံခြုံရေး ကောင်စီ အက်ဥပဒေသစ်တစ်ခု  သြဂုတ်လ ၁ ရက်က စတင်အသက် ၀င်လာခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခြစားမှုပြဿနာများဖြင့် ရင်ဆိုင်နေရသော ၀န်ကြီးချုပ်နာဂျစ်၏ အစိုးရအပေါ် ဝေဖန်တိုက်ခိုက်နေသူများအား ဖိနှိပ်ရန် ရည်ရွယ်ချက် သက်သက်ဖြင့် ယခုဥပဒေကို ပြဌာန်းခြင်းဖြစ်ကြောင်းနှင့် ယင်းမှာ ဒီမိုကရေစီ၏ အနှစ်သာရကို တိုက်စားသွားနိုင်ဖွယ်ရှိကြောင်း ဝေဖန်သူများက ပြောကြားနေကြသည်။

Read more

အမရပူရမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာရှစ်ရွာမှ အိမ်ထောင်စု ၈၂ဝ အား ပြည်ခိုင်ဖြိုး ပါတီမှ ခေါက်ဆွဲခြောက်နှင့် ရေသန့်များ လှူဒါန်း

ဧရာဝတီမြစ်ရေတက်လာမှု ကြောင့် ရေဝင်ရောက်ကာ ရေဘေး ဒဏ်ခံစားခဲ့ရသည့် အမရပူရမြို့ နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာ ရှစ်ရွာမှ အိမ်ထောင်စု ၈၂ဝ အား အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သြဂုတ် (၁) ရက် မွန်းလွဲ ၃ နာရီတွင် ရွာများ အရောက်ပေးအပ်လှူဒါန်းခဲ့သည်။

Read more

နေတိုးအဖွဲ့လေတပ်အခြေစိုက်စခန်းကို တူရကီရဲတပ်ဖွဲ့ ခေတ္တပိတ်ခဲ့

13920375_1066381640121389_5651004808792241653_o

အန်ကာရာ သြဂုတ် ၁

အာဏာသိမ်းယူရန် ကြိုးပမ်းမှုအသစ်တစ်ရပ် ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရေးအတွက် ကာကွယ်တားဆီးသည့် အနေဖြင့် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ အင်ဆာလစ်လေတပ် အခြေစိုက်စခန်းကို ဇူလိုင် ၃၁ ရက် တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ဝင်များက ခေတ္တပိတ်ထားလိုက်ကြောင်း ဟာရီယက် နေ့စဉ်သတင်းစာက ရေးသားဖော်ပြသည်။

Read more

ဧရာဝတီမြစ်ရေဝင်ရောက်သည့် စဥ့်ကူးမြို့နယ်အတွင်းမှ ကျေးရွာ ၇၂ ရွာသို့ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက် ၇၂ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင် ရောက်ရှိသည့် စဥ့်ကူးမြို့နယ် အတွင်းမှ ကျေးရွာ ၇၂ ရွာနေ ပြည်သူများ သန့်ရှင်းသောသောက် သုံးရေရှိအတွက် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပါတီမှ ငွေကျပ်သိန်း ၂ဝခန့်တန်ဖိုး ရှိ သြစတြေးလျနိုင်ငံထုတ်ရေသန့် စက် ၇၂လုံးကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲနှင့် မွန်းတည့် ၁၂ နာရီတို့တွင် ရွှေလှေကျေးရွာနှင့် ထုံးကြီးကျေးရွာတို့မှ ရွာဦးဘုန်း တော်ကြီးကျောင်းများတွင် ပေးအပ် လှူဒါန်းခဲ့သည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် (၃၀)ရက် နံနက် အချိန်က ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့မှ တက်ရောက်ချီးမြှင့် အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

Kayah(2-8A_

(more…)


Read more

တရုတ်တေးဂီတဆုပေးပွဲမှာ ဆုတွေရရှိခဲ့တဲ့ Psy၊ ရိန်း နဲ့ WINNER အဖွဲ့

 တရုတ်နိုင်ငံတွင် ဇူလိုင် ၂၈ရက်က ကျင်းပပြုလုပ်သော “ 2016 MTV Asia Music Gala” တေးဂီတဆုပေးပွဲတွင် တောင်ကိုရီးယားအဆိုတော်များဖြစ်သည့် WINNER အဖွဲ့၊ ရိန်း နှင့်  PSY တို့သည် ဆုများရရှိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

13866551_1064278603620009_1149098375_n

(more…)


Read more

အိပ်ယာပေါ်မှ သိန်းပေါင်းများစွာသော ပိုမွှားများကို ဖယ်ရှားနည်း

ကျန်းမာရေးအကြောင်းများကို ဖော်ပြပေးနေတဲ့ တရုတ်ပြည်မှ China Health Care ဆိုတဲ့ စာမျက်နှာတစ်ခုပေါ်မှာ တင်ထားတဲ့ အိပ်ယာပေါ်မှ ပိုးမွှားများကို အလွယ်တကူ ရှင်းလင်းနည်းကို ပြန်လည်ရေးသား မျှဝေပေးလိုက် ပါတယ်။

13886977_1072837519435984_4609377623345753642_n

(more…)


Read more

Update လုပ်မယ့် App ရဲ့ဖိုင်ဆိုက်ကို တစ်ဝက်အထိလျှော့ချပေးသွားမယ့် Google Play Store

ကျွန်မတို့အနေနဲ့ Google Play Store မှာ အက်ပလီကေးရှင်းတစ်ခုခုကို Update ပြုလုပ်မယ်ဆိုတိုင်း ဖိုင်ဆိုက်တွေ ကြီးလွန်းနေတာကြောင့် ဖုန်းဘေလ် အကုန်အကျအရမ်းများပါတယ်။ အခုအချိန်မှာတော့ ဒီလို မဖြစ်ရအောင် Google Play Store က ပြင်ဆင်ပေးလိုက်ပြီဖြစ်ပြီး အယ်လ်ဂိုရီသမ်နည်းပညာနဲ့ အခုလိုမျိုး Update ပြုလုပ်မယ့် ပမာဏလောက်ကိုသာ ဒေါင်းလုဒ်ပြုလုပ်စေမှာဖြစ်ပါတယ်။

Google+Play+store

(more…)


Read more

မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် အထူးဒေသ(၄) မိုင်းလားအဖွဲ့တို့ သြဂုတ် ၂ ရက်တွင် ရန်ကုန်၌ တွေ့ဆုံ မည်

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် အထူးဒေသ(၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်းဦးဆောင်သည့် အဖွဲ့တို့ ရန်ကုန်တွင် သြဂုတ် (၂) ရက်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြား လိုက်သည်။ (more…)


Read more

တန်းတူရေးနှင့် ဖက်ဒရယ်ကိုလက်ခံသည်ဆိုပါက ဗမာအားလုံးအား ကိုယ်စားပြုနိုင်မည့်ပြည်နယ် မလိုအပ်ဘူးလား ဆိုသည်ကို ဗမာတိုင်းရင်းသားများအနေဖြင့် စဉ်းစားသင့်ဟု မိုင်ဂျာယန် အစည်းအဝေး၏ UNA ကိုယ်စားလှယ် ပြောကြား

တန်းတူရေးနှင့် ဖက်ဒရယ်ကိုလက်ခံသည်ဆိုပါက ဗမာအားလုံးကို ကိုယ်စားပြုနိုင်မည့်ပြည်နယ် မလိုအပ်ဘူးလား ဆိုသည်မှာ ဗမာတိုင်းရင်းသားများ အနေဖြင့်စဉ်းစားသင့်ဟု  မိုင်ဂျာယန်အစည်းအဝေး၏ UNA ကိုယ်စားလှယ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောကြားသည်။

(more…)


Read more