စပါးနောက်ခံလူဖာဇီယို ရိုးမားအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

36D831E300000578-0-image-a-2_1470248379357

သြဂုတ် ၄၊ အီတလီ

စပါးအသင်းမှ အာဂျင်တီးနားနောက်ခံကစားသမား ဖက်ဒရီကိုဖာဇီယိုသည် ရိုးမားအသင်းသို့ တစ်ရာသီအငှားစာချုပ် ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဖာဇီယိုသည် စပါးနည်းပြ ပိုချက်တီနို၏ ဦးစားပေးကစားသမားမဟုတ်ဘဲ ပြီးခဲ့သည့် ရာသီကလည်း ရာသီဝက်ကို ဆီဗီလာအသင်းတွင် အငှားသွားရောက်ကစားခဲ့ရသည်။ ဖာဇီယို၏ အငှားစာချုပ် အတွက် ရိုးမားအသင်းသည် စပါးအသင်းကို ပေါင်တစ်သန်းပေးချေရမည် ဖြစ်သည်။ ရာသီအကုန်တွင် ဖာဇီယို၏ ခြေစွမ်းကို နှစ်သက်ပါက ပေါင် ၂.၆၈ သန်းဖြင့် အပြီးသတ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read more

ရီယိုအိုလံပစ်တွင် နာဒယ်ပါဝင်မည်ဖြစ်သော်လည်း ဝေါ်ရင်ကာလွဲချော်

Spain's Rafael Nadal gestures during a training session at the Olympic Tennis Centre in Rio de Janeiro on August 2, 2016, ahead of the Rio 2016 Olympic Games. / AFP PHOTO / LUIS ACOSTA

ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဟု စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က အတည်ပြုပြောသော်လည်း ဆွစ်ဇာလန်မှ စတန်ဝေါ်ရင်ကာကမူ ကျောဒဏ်ရာကြောင့် အိုလံပစ်ပြိုင်ပွဲကို လွဲချော်တော့မည်ဖြစ်သည်။

၂၀၀၈ အိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နာဒယ်သည် လက်ကောက်ဝတ်ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းမှ နုတ်ထွက်ခဲ့ပြီး ၀င်ဘယ်ဒန်ပြိုင်ပွဲနှင့် လွဲချော်ခဲ့ကာ အိုလံပစ်ပွဲအမီ ပြန်ကောင်းမည် လားဆိုခြင်းကို သံသယ ရှိခဲ့ကြသည်။

Read more

မြောက်ကိုရီးယားစမ်းသပ်သည့် ဒုံးကျည် ဂျပန်ရေပိုင်နက်ထဲ ကျရောက်

mediaitem

ပြုံယမ်း၊ သြဂုတ် ၎

မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်သည့် ဂျပန်နိုင်ငံ၏ ရေပြင်အတွင်း ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ပြောသည်။

မြောက်ကိုရီးယားအရှေ့ဖက်ကမ်းခြေမှ သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် ပစ်လွှတ်လိုက်သည့် ဒုံးကျည်သည် အကွာအဝေး မိုင် ၆၂၀ အထိ ရောက်ရှိပြီး မြောက်ကိုရီးယား ပစ်လွှတ်သမျှတွင် အရှည်ဆုံးရောက်ရှိသည့် ဒုံးကျည် ဖြစ်သည်။

Read more

Emirates လေယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းအားလုံး ဘေးကင်းခဲ့သော်လည်း မီးသတ်သမားတစ်ဦး သေဆုံးခဲ့

&NCS_modified=20160803212135&MaxW=640&imageVersion=default&AR-160809735

 သြဂုတ်လ ၃ ရက်က ဖြစ်ပွားခဲ့သည့် Emirates လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ဒူဘိုင်းလေဆိပ်သို့ အရေးပေါ်ဆင်းသက်ပြီး မီးလောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်တွင် မီးငြိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး အသက်စွန့်သွားခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ မတော်တဆမှုဖြစ်စဉ်ကြောင့် လေဆိပ်လုပ်ငန်းများ လေးနာရီနီးပါးကြာ ရပ်ဆိုင်းထားခဲ့ရပြီးနောက် ယခုအခါ ပုံမှန်ခရီးစဉ်ပြေးဆွဲမှုလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ယူအေအီးအစိုးရ အာဏာပိုင် များက တွစ်တာတွင် ရေးသားထားသည်။

Read more

အမေရိကန်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် တိုက်ဖျက်ရန် ရောဂါတိုက်ဖျက်ရေးစင်တာက ဒေါ်လာ ၁၆ သန်း ထောက်ပံ့မည်

Aedes aegypti

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ပြည်တွင်းခြင်မှ တစ်ဆင့် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ဟု ယူဆရသူ ၁၄ ဦး ရှိလာကြောင်း ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးက သြဂုတ် ၁ ရက်တွင် ပြောသည်။

Read more

ဒါကာ စားသောက်ဆိုင်တိုက်ခိုက်မှုနောက်ကွယ်ကကြိုးကိုင်သူအဖြစ် သံသယရှိသူနှစ်ဦးကိုဖမ်းဆီး

164984984

ဒါကာ သြဂုတ် ၃

ဘင်္ဂလားဒေ့ရှ်ရဲများသည် မြို့တော်ဒါကာ စားသောက်ဆိုင်တိုက်ခိုက်မှု၏ နောက် ကွယ်က ကြိုးကိုင်သူများအဖြစ် သံသယ ရှိသည့် လူနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်တွင် သြဂုတ် ၃ ရက်က ဖော်ပြခဲ့သည်။

Read more

အကြမ်းဖက်မှုကျုးလွန်လျှင် အသက် ၁၂ နှစ်မှစကာ ထောင်ချရန် အစ္စရေးအတည်ပြု

palestinian-children-play

ဂျေရုဆလင်၊ သြဂုတ် ၃

အစ္စရေးနိုင်ငံက လွှတ်တော်အမတ်များက အစွန်းရောက်အကြမ်းဖက်မှုများ ကျုးလွန်လျှင် အသက် ၁၂ နှစ်မှစကာ ထောင်ဒဏ်ချမှတ်ရန် အတည်ပြုလိုက်ကြသည်။ ငယ်ငယ်ရွယ်ရွယ်ပါလက်စတိုင်း လူငယ်လူရွယ်လေးများ၏ တိုက်ခိုက်မှုများ ထပ်ကာဖြစ်ပွားလာခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လွှတ်တော်က သြဂုတ် ၃ ရက် ၌ ပြောသည်။

Read more

ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်မည့် တရုတ် မိုးပျံအမြန်ဘတ်စ်ကား ပြေးဆွဲ

sky-bus

တရုတ်နိုင်ငံမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကနေ ရှောင်ရှားပြီး မောင်းနှင်နိုင်မယ့် မိုးပျံ အမြန်ဘတ်စ်ကားစနစ်ကို တီထွင်နိုင်ခဲ့ပြီးနောက် သြဂုတ် ၂ ရက်က စတင် စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။

တီအီးဘီ-၁ လို့ အမည်ပေးထားတဲ့ အဆိုပါယာဉ်ကို တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟဘေးခရိုင်၊ ကျင်ဟောင်ဒိုမြို့မှာ စမ်းသပ်မောင်းနှင် ပြေးဆွဲခဲ့တာပါ။

Read more

၂၁ ရာစုပင်လုံသည် ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သင့်

၂၁ ရာစုပင်လုံညီလာခံသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုဖြစ်သင့်ကြောင်း ဇူလိုင် (၂၇) ရက်မှ သြဂုတ် (၁) ရက်အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ခြောက်ရက်ကြာပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံမှ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

Read more

နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးအရ အမည်ပျက်စာရင်း သွင်းထားသူ ၃၁ ဦးကို ပယ်ဖျက်

နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးအရ အမည်ပျက်စာရင်း သွင်းထားသူ ၃၁ ဦးကို ပယ်ဖျက်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။ (more…)


Read more