Author: USDP 2016
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဟင်္သာတခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင် များနှင့်အတူ ဟင်္သာတမြို့၊ ညောင်ပင်ရပ်၊ အလယ်လမ်း ကွန်ကရစ်ခင်းသည့်နေရာသို့ ရောက်ရှိပြီး၊ ရပ်မိရပ်ဖ များ၊ ကွန်ကရစ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင် များ၊ တာဝန်ယူဆောင်ရွက်နေသည့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့များနှင့် တွေ့ဆုံသည်။

ဟင်္သာတမြို့၊ စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဒေါ်ခင်မြတ်မော်မှရှင်းလင်းပြောကြားစဉ်
Read more
ကျန်းမာရေးအခြေအနေကြောင့် ရိုက်ကူးရေး၂ လနားမယ့် ဟိန်းဝေယံ
ဟိန်းဝေယံက ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ ၂ လကြာနားထားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ရက်နေ့က နှလုံးအားနည်းပြီး ရုတ်တရက်သွေးပေါင်ကျလာတဲ့အတွက် သျှင်ပါကူဆေးရုံမှာ ၂ရက်ကြာ တက်ရောက်ဆေးကုသခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဟိန်းဝေယံက ဆိုပါတယ်။
Read moreရင်ကျပ်၊ ချွဲကျပ်ပျောက်ချင်လား ကြက်ဟင်းခါးသီးစား….
ခါးသက်သက်အရသာရှိပြီး ဆေး ဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကို အာရှနိုင်ငံတွေမှာဆိုရင် ဆီးချို ရောဂါပျောက်ကင်းဖို့အတွက်နဲ့ သဘာဝဆေးဝါးအဖြစ် စားသုံးမှု များပြားပါတယ်။ ဒါကြောင့်မို့ ကြက်ဟင်းခါးသီးက ကျန်းမာရေး အတွက် ဘာတွေကောင်းကျိုးပြု သလဲဆိုတာသိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။
ဒီကြက်ဟင်းခါးသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်သလို ဖျားနေတာ၊ ချောင်းဆိုး တာ၊ ရင်ကျပ်၊ ချွဲကျပ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့ အပြင် ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သဘာဝပိုးသတ် ဆေးလည်းဖြစ်တာကြောင့် အပူ လောင်နာ၊ ထိခိုက်ဒဏ်ရာ၊ ပြတ် ရှဒဏ်ရာနဲ့ ပွန်းပဲ့တာတွေကိုကုသ နိုင်ပါတယ်။
သပိတ်ကျင်းပြည်ခိုင်ဖြိုး ရေဘေးသင့် ရေလည်ကျွန်းကျေးရွာ မိသားစုများ အတွက် ဆန်နှင့် ရေသန့်စက် သွားရောက်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးထွန်းတင့်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ အုပ်စုစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များမှ ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက ရေလည်ကျွန်းကျေးရွာ ရေဘေးသင့်အိမ်ထောင်စု (၅၈) စုအတွက် ဆန်များ သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့သည်။

Read more
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်သင်ယူနေသည့် သင်တန်းသူများနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှု့ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အခြေခံ အိမ်တွင်းမှု့သင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက် သင်ယူနေသည့် သင်တန်းဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့က သင်တန်းနည်းပြဆရာမများနှင့်သင်တန်းသူများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်းနေစဉ်
Read more
စစ်ကိုင်းတိုင်းဒေသကြီးပါတီ မျက်နှာစုံညီအစည်းအဝေးအကြို ညှိနှိုင်းစည်းဝေး
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အကြိုညှိနှိုင်း အစည်းအဝေးကို သြဂုတ် (၂) ရက်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် မုံရွာမြို့ တိုင်းပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသာအေး က အမှာစကားပြောကြားသည်။
Read more








