မုန်တိုင်းငယ်အရှိန်ကြောင့် ဒေသအလိုက်မိုးကြီးပြီး ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှ ပြတ်ထွက်လာသည့် တိမ်တိုက်စုများ၏ အရှိန်ကြောင့် ဒေသအလိုက် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးပြောကြားသည်။  (more…)


Read more

တိုင်းရင်းသားလူငယ်များ ညီလာခံတွင် အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အချက်ခြောက်ချက် ဆောင်ရွက်ရန် သဘောတူ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ၌ အမျိုးသားတန်းတူညီမျှရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အချက်ခြောက်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။ (more…)


Read more

NLD ဦးဆောင်သည့်လွှတ်တော် USDP ဦးဆောင်သည့်လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိဟု ရခိုင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ဝေဖန်

NLD ဦးဆောင်သည့် လွှတ်တော်တွင် လေးလတာ ထိတွေ့ဆက်ဆံမှုအရ တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် USDP ဦးဆောင်သည့် လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကဝေဖန် ပြောကြားခဲ့သည်။ (more…)


Read more

ထိန်းသိမ်းခံ မလေးရှားရောက် မြန်မာလုပ်သား ၁၃၈ဦးကို တပ်မတော်စရိတ်ဖြင့် ပြန်လည်ခေါ်ယူ

မလေးရှားနိုင်ငံရှိ အကျဉ်းစခန်း ၁၁ခုတွင် ထိန်းသိမ်း ခံထားရသော မြန်မာနိုင်ငံသား ၄၀၀ ကျော်အား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုကစင်း လုံးငှားလေယာဉ်ဖြင့်ခေါ်ဆောင်ရာ ပထမဆုံးအသုတ်အဖြစ် လုပ်သား ၁၃၈ဦး ပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညှိနှိုင်းမှုအစီအစဉ်ဖြင့် အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနစသည့်ဝန်ကြီးဌာနသုံးခု နှင့် ကမ္ဘောဇအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) တို့ ပူးပေါင်း၍ မလေးရှားနိုင်ငံ အကျဉ်းစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံရပြီး နေရပ်ပြန်ရန် လေယာဉ်စရိတ် မတတ်နိုင် သူများအားလုံး ပြန်လည်ခေါ်ဆောင်ရေးအစီအစဉ်ကို သြဂုတ် ၈ ရက်တွင် စတင်ခြင်းဖြစ်သည်။

သြဂုတ် ၁၇ရက်တွင် ပြန် လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုက လေယာဉ်စရိတ်အကုန်အကျခံကာ ပြန်ခေါ်ခြင်းဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လိုင်း (MAI) ဈေးကွက် မန်နေဂျာဒေါ်အေးမရသာက ပြောသည်။ (more…)


Read more

ကြက်အသည်းအမြစ် စားသုံးခြင်း

အစားအစာများတွင် ကောင်းကျိုးနှင့်ဆိုးကျိုးနှစ်မျိုး ဒွန်တွဲရှိနေသည့် အလျောက် ယခုတစ်ပတ်တွင် ကြက်အသည်း အမြစ်၏ အာဟာရကို ဖော်ပြလိုက်ရပါသည်။

Chicken

(more…)


Read more

မေထုန်ရာသီဖွား တစ်ရက်စာရုံတင်ပြသငွေကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး ဟောလိဝုဒ်တွင် ပထမဆုံး ရုံတင်ပြသခွင့်ရသည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သော မေထုန်ရာသီဖွားဇာတ် ကား၏ တစ်ရက်စာ ရုံတင်ပြသရသည့် ၀င်ငွေအားလုံးကို မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

14011865_1076003542447515_838429567_n

(more…)


Read more

မြန်မာ့ဆေးဘက်ဝင် သစ်ကြံပိုးပင်

သစ်ကြံပိုးပင်သည် အမြဲစိမ်းလန်း၍ အနံ့ရှိသော အပင်ကြီးမျိုးဖြစ်သည်။ အပင်ရိုင်းသည် ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ အကိုင်းများ ဝေေ၀ဆာဆာ ထွက်လေ့ရှိပြီး နုသောအပိုင်းသည် ချောမွတ်၍ ပိုးသားကဲ့သို့ နူးညံ့သော အမွေးများဖြင့် ဖုံးလွှမ်းနေသည်။

Thit

(more…)


Read more

ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးနိုင်

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo ဟာ ၎င်းရဲ့ ဆင်းမ်ကတ်အသုံးပြုသူတွေကို ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းရှိ၊ မရှိ အလွယ်တကူစစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။

13912673_1385360494812808_7798117904076272394_n

(more…)


Read more

ဆီဗီလာကို အနိုင်ယူပြီး ဘာစီလိုနာ စူပါကိုပါဖလားဆွတ်ခူး

epa05494521 FC Barcelona's players celebrate with the trophy their victory against the Sevilla FC after the Spanish Super Cup second leg soccer match at Camp Nou Stadium in Barcelona, Spain, 17 August 2016. EPA/ANDREU DALMAU

နည်းပြ လူးဝစ်အင်း နရစ်၏ ဘာစီလိုနာအသင်းသည် အိမ်ကွင်းတွင် ဆီဗီလာကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ စူပါကိုပါ ဖလားဆွတ်ခူးသွားသည်။

ဘာစီလိုနာအတွက် တူရကီ လက်ရွေးစင်ကွင်းလယ်လူ အာဒါတူရန်က နှစ်ဂိုးသွင်းယူခဲ့ပြီး ၎င်းသည် အသင်းပထမ ကစားသမား ၁၁ ဦးနေရာအတွက် ခြေစွမ်းပြခဲ့သည်။

Read more

မူးယစ်နှိမ်နင်းမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုလနှင့် ဖိလစ်ပိုင်သမ္မတတို့အကြား စကားစစ်ထိုးပွဲ အရှိန်မြင့်လာ

philippine-president

သြဂုတ် ၁၉

လူပေါင်း ၁,၅၀၀ ကျော် သေဆုံးထားခဲ့ပြီဖြစ်သော ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် ကုလသမဂ္ဂတို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုမှုများ အရှိန်မြင့်လာ နေလျက်ရှိသည်။

Read more